လူတော့ မထိသွားပါဘူး။

နေခြည်ရွှန်းလက်တစ်ယောက် သာကေတအဝိုင်းနားမှာ ကားအက်ဆီးဒင့် ဖြစ်ခဲ့တာပါ။ကားအက်ဆီးဒင့် ဖြစ်ဖြစ်ချင်းမှာ ကြောက်လွန်းလို့ စကားတောင် မပြောနိုင်ဖြစ်ခဲ့ရတယ် လို့ ဆိုပါတယ်။

Photo : နေခြည်ရွှန်းလက်

သရုပ်ဆောင် နေခြည်ရွှန်းလက်တစ်ယောက် ရိုက်ကူးရေးတစ်ခုသွားရင်း သာကေတအဝိုင်းမှာ ကားအက်ဆီးဒင့် ဖြစ်ခဲ့ပါတယ်။ အဖေဖြစ်သူနဲ့ သူမက City FM မှာ အသံသွင်းဖို့ သွားရာက ယခုလို ဖြစ်ခဲ့တာ ဖြစ်ပြီး လူကတော့ ထိခိုက်ဒဏ်ရာမရခဲ့ပါဘူးလို့ နေခြည်ည်ရွှန်းလက်က ဆိုပါတယ်။

“အသံသွင်းဖို့ သွားရင်းနဲ့ သာကေတအဝိုင်းမှာ ဖြစ်တာ။ ညီမတို့က လမ်းမှန်တယ် အဝိုင်းပတ်တာ တစ်ဖက်ကကားက T ပုံစံလိုမျိုးလေ ဝင်တိုက်တာ ။တိုက်တဲ့ဘက်ကလည်း ညီမလေး ဘက်အခြမ်း ဖြစ်ဖြစ်ချင်း စကားတွေ ပြောတာ အသံတောင် တုန်တယ်။အရမ်းကြောက်သွားခဲ့တာ။ တော်သေးလို့ ဘာမှတော့ မဖြစ်ခဲ့ပါဘူး။ ကားကတော့ ပျက်စီးသွားတာပေ့ါ။ အဲ့ဒါနဲ့ ကားဆက်ငှားပြီး အလုပ်ကိစ္စ ဆက်သွားခဲ့တာ” လို့ Duwun Media က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာ ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က