ခိုင်နှင်းဝေကတော့ သား ၃ ယောက်ကို ပိုင်ဆိုင်ထားတဲ့ မိခင်တစ်ယောက်ဖြစ်လာပါပြီ။ သူမရဲ့ သားလေးတွေအတွက် ရည်မှန်းချက်ကိုလည်း အခုလို ပြောပြထားပါတယ်။ သူမဟာ ခိုကိုးရာမဲ့နေတဲ့ သားလေး ၃ ယောက်ကို မွေးစားလိုက်တာ ဖြစ်ပါတယ်။
Photo: Khine Hnin Wai
သရုပ်ဆောင် ခိုင်နှင်းဝေက ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာပဲ မိဘမဲ့ ကလေး ၃ ဦးကို တရားဝင် မွေးစားလိုက်ပြီဖြစ်ပါတယ်။ ဒီကလေးတွေအပေါ် ခိုင်နှင်းဝေရဲ့ ရင်ထဲက ဖြစ်ပေါ်လာတဲ့ မိခင်မေတ္တာ တွေကိုု အခုလို ရင်ဖွင့်ပြောပြထားတာ တွေ့ရပါတယ်။
‘’ကျွန်မ ထံသို့ ရောက်ရှိလာတဲ့ ပန်းရိုင်းလေး ၃ ပွင့် (သို့) သားလေးသုံးယောက်ခိုကိုးရာမဲ့ ကလေးတွေကို ကျွန်မ ရင်ခွင်ထဲမှာ ခေါ်ယူစောင့်ရှောက်လိုစိတ်ပြင်းပြလွန်းလို့ ဘုရား က လက်ဆောင် အနေနဲ့ ဒီနေ့ သားလေး သုံးယောက်ကို ကျွန်မရင်ခွင်ထဲအရောက် ပို့ပေးလိုက်တယ်လို့ ကျွန်မ ယုံကြည်ပါတယ်ရှင်။ ကျွန်မ ကလေး တွေကို နေစရာအိမ်လေးတလုံးနဲ့ သူတို့လေးတွေ ဘဝမှာ အားငယ်စိတ်တွေမဖြစ်ရအောင် ကျွန်မ အားအင်ပေးချင်စိတ်နဲ့ သူတို့လေးတွေ အတွက် နေစရာလေးဖြစ်ပေါ်လာအောင် ကြိုးစားနေချိန်မှာပဲ ကျွန်မမေတ္တာမှန်လို့ ကလေးလေး တွေ ကျွန်မလက်ထဲရောက်လာခဲ့ပြီ’’ လို့ သူကဆိုပါတယ်။
Photo: Khine Hnin Wai
ကလေးငယ်လေးတွေရဲ့ အသံက သူမအတွက် အင်အားတစ်ခု ဖြစ်စေခဲ့ပြီလို့ ခိုင်နှင်းဝေက ပြောပါတယ်။ ခိုင်နှင်းဝေရဲ့ စိတ်ဓာတ်ကို လေးစားကြတဲ့ ပရိသတ်တွေ၊ အနုပညာမောင်နှမ တွေကလည်း အများကြီးရှိခဲ့ပါတယ်။
‘’အူဝဲ .. အဲ့ဒီအသံလေးက ကျွန်မ နားထဲမှာတော့အမေ သားတို့တွက် ပိုကြိုးစားပေးပါလို့ ပြောနေသယောင် ကြားယောင်မိလို့ အမေ သားတို့အတွက် ကြိုးစားပါ့မယ်လို့ ကတိပေးခဲ့တယ်။ အဲ့ကတိအတိုင်း မေမေ့ သားလေးတွေ လူမှန်းသိတတ်စအရွယ်မှာ မိဘမဲ့ ဆိုတာထက် ငါတို့အမေက ခိုင်နှင်းဝေ ဆိုတာမျိုးဖြစ်လာအောင် အမေ အားတွေမွေးထားပါတယ်’’လို့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ည ၇ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
Photo: Khine Hnin Wai
အဲ့ဒီနောက် သူမ ပိုင်ဆိုင်ထားပြီဖြစ်တဲ့ သားလေး ၃ ယောက်အတွက် ရည်မှန်းချက်တွေကိုလည်း ဆက်လက်ပြောပြထားပါတယ်။ ကလေးတွေကိုလည်း ပညာတတ်ကြီးတွေ ဖြစ်အောင် စောင့်ရှောက်သွားမယ်လို့ ဆိုပါတယ်။
‘’သားလေးတွေ နေဖို့ အမေ အိမ်လေးတစ်လုံးဆောက်နိုင်အောင် သားလေးတို့ကို ပညာတက်ကြီးဖြစ်အောင် ကျောင်းထားနိုင်အောင် သားလေးတို့ ဆာလောင်မှုဒဏ်ကို မခံစားရခင် အမေ ကျွေးနိုင်အောင် ရှိတဲ့အားတွေနဲ့ အားတင်းပြီး ရှေ့ဆက်နေတယ်နော်။ အမေ့ မေတ္တာတွေကြောင့် သားလေးတို့ ဘဝတလျှောက်လုံး အေးချမ်းနေမှာ ယုံကြည်လျှက် သားလေးတို့ရဲ့Strong Mommy ခိုင်နှင်းဝေ’’ လို့ သူကပြောပြထားပါတယ်။
Photo: Khine Hnin Wai
ပရဟိတအလုပ်တွေ၊ ကုသိုလ်ရေးတွေမှာ လက်မနှေးတဲ့ မင်းသမီးချောလေး ခိုင်နှင်းဝေကတော့ ဆင်းရဲသားပြည်သူတွေကိုလည်း တစ်ဖက် တစ်လမ်းက ကူညီစောင့်ရှောက် တတ်သလို ဘုရား၊ တရားကိုလည်း မမေ့မလျှော့ ဆောင်ရွက်တတ်သူတစ်ဦးပါ။ ဘာသာရေး၊ သာသနာရေး တွေလည်း အဆက်မပြတ် ဆောင်ရွက်လေ့ရှိပါတယ်။