သားသားလေးက အရမ်းတတ်နော်။

သားသားလေး Austin အဖော်ရအောင် နောက်ထပ် ရင်သွေးလေးတစ်ယောက်ယူဖို့ စဉ်းစားထားပါတယ်တဲ့.

သားဦးလေးတစ်ယောက် ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် မိုးယုစံက နောက်ထပ် ရင်သွေးလေးတစ်ယောက် ထပ်ယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ သားလေးနဲ့အတူ တိုင်တိုင်ပင်ပင် ဖေးဖေးမမရှိဖို့အတွက် နောက်ထပ်တစ်ယောက် ထပ်ယူမယ်လို့ Duwun Media မှာ ဖြေဆိုခဲ့တာပါ။

“သားသားကအခုအရမ်းတတ်တယ်။ သွက်လည်းသွက်တယ်။ ညီမတို့နဲ့မတူဘူး။ညီမတို့ဆို ငယ်ငယ်တုန်းက အရမ်းအေးတယ်။သားသားက အခုချိန်ထိ သွက်နေတာပဲ ကြီးလာရင်တော့မသိဘူး။ ကလေးက သားသားမှ မဟုတ်ဘူး သွက်ကြတယ်။သားသားအတွက် အဖော်ရအောင် နောက်ထပ် ကလေးက ယူဖို့ ရှိပါတယ်။ တစ်ယောက်တည်းဆိုတော့ မကောင်းဘူးထင်တယ်လေ။ မောင်နှစ်မနှစ်ယောက်ဆိုတော့ တိုင်တိုင်ပင်ပင် ဖေးဖေးမမရှိတယ်။ “ လို့ သူမက ဒီဇင်ဘာ(၁၄) ရက်နေ့က ပြုလုပ်ခဲ့တဲ့ Shwe FM (9) နှစ်ပြည့်ပွဲမှာ ပြောပြခဲ့တာပါ။


ကိုယ်ဝန်စရစဉ်က သမီးလေး လိုချင်ခဲ့ပေမယ့်လည်း သားဦးလေး ရလာတဲ့အပေါ် အရမ်းကို ကျေနပ်မိတယ်လို့ ဆိုပါတယ်။

“ပထမတော့ မိန်းကလေး ပိုလိုချင်တယ်။မိန်းကလေးကျတော့ ကိုယ်ဆင်ပေးချင်တာလေးတွေ ဆင်ပေးလို့ရတယ်ပေ့ါနော်။ အခုသားလေးကျတော့လည်း တစ်မျိုးကောင်းပါတယ်။ သားဦးလေးဆိုတော့ ပိုပြီးတော့ မြတ်တယ်။ ယောကျ်ာလေးဆိုတော့ ရှင်ပြုပေးလို့ရတယ်။ သာသနာပြုပေးလို့ရတယ်။ ဒါမြန်မာတွေရဲ့ ဓလေ့ထုံးစံအရ လုပ်ရမယ့်ဟာပေ့ါ။ အဲ့လိုလေးတွေ လုပ်ခွင့်ရတဲ့အတွက် သားတစ်ယောက်ရဲ့ မိခင်ဖြစ်ရတာ ဂုဏ်ယူပါတယ်။ “ လို့ သူမက ဆက်လက်ပြောပြခဲ့ပါတယ်။



Photo : မိုးယုစံ

မိသားစုဘဝကို အချိန်ပေးရင်း သူမချစ်တဲ့အနုပညာအလုပ်တွေနဲ့ နည်းနည်း အလှမ်းဝေးကွာနေပေမယ့်လည်း သူမရွေးချယ်ခဲ့တဲ့လမ်းဟာ အခုချိန်ထိ အဖုအထစ်မရှိတဲ့အတွက် သူမပျော်နေရတယ်လို့ ဆိုပါတယ်။

“အနုပညာအလုပ်ကို အိမ်ရှင်မအလုပ်နဲ့ လဲလိုက်ရတာ တန်တယ်လို့ ထင်လားဆိုတော့ တန်ပါတယ်။ ဘာလို့လည်း ဆိုတော့ ညီမရွေးချယ်လိုက်တဲ့လမ်းဟာ အခုချိန်ထိ ဘာအဖုအထစ်မှ မရှိဘူး။မရှိတဲ့အတွက် ညီမရွေးချယ်တဲ့လမ်းမှန်တယ်။ အဲ့အတွက် အခုချိန်ထိ စိတ်ချမ်းသာတယ်။ ပျော်တယ်။ တန်တယ်လို့ ထင်ပါတယ်။” ဆိုပြီး မိုးယုစံက ပြောပြခဲ့ပါတယ်။

Photo : မိုးယုစံ

ကိုစွမ်းသူမိုး နဲ့ မိုးယုစံတို့ရဲ့ စုလျားရစ်ပတ် လက်ထပ် ထိမ်းမြား မင်္ဂလာပွဲ ကိုလည်း အောက်တိုဘာ၂၉ရက်က Melia ဟိုတယ်မှာ ကျင်းပခဲ့တာဖြစ်ပြီး မင်္ဂလာညစာစားပွဲကိုတော့ အောက်တိုဘာ(၃၁)ရက်နေ့က နိုဗိုတယ်ဟိုတယ်မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ မိုးယုစံတို့ ဇနီးမောင်နံှရဲ့ မင်္ဂလာပွဲတွေက တော့ ပရိသတ်တွေအားကျခဲ့ရတဲ့ ပွဲတစ်ပွဲလည်း ဖြစ်ပါတယ်။

အဲ့ဒီနောက် မိုးယုစံက သူမတို့ရဲ့ သားဦးလေး Austin ကို ၂၀၁၇ ခုနှစ် သြဂုတ် ၂၁ ရက်မှာ အောင်မြင်စွာ မွေးဖွားခဲ့ပါတယ်။ သားလေး

Austin(ခ) ကောင်းသိင်္ခမိုးသူ ကလည်း ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားသူလေးပါ။

Share

Loading Next Article...
က္က