သားလေးက လူချစ်လူခင်ပေါတယ်။

ဂျူနီယာမြင့်မြတ်လေး အကြောင်းကို ဖေဖေ မြင့်မြတ်က ပီတိတွေဖြာရင်း မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်. အဲ့ဒီနောက် ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီ ရင်ခုန်သံကိုလည်း ပြောပြခဲ့ပါတယ်.

Photo: မြတ်ဝေထွန်း



သရုပ်ဆောင် မြင့်မြတ်က ချစ်စရာကောင်းတဲ့ တစ်ဦးတည်းသော သားလေး ဂျူနီယာ မြင့်မြတ် အကြောင်းကို ပီတိတွေ ဝေဆာရင်း ပြောပြလာပါတယ်. အခုဆိုရင်တော့ ဂျူနီယာ မြင့်မြတ်လေးဟာ ၅ လသား အရွယ်သာရှိပါသေးတယ်. ဒါပေမယ့် ဖေဖေ နဲ့ မေမေ တို့ကိုတော့ စကားတွေ ပြောနေပြီလို့ မီဒီယာတွေကနေ တဆင့် ပြောပြလာပါတယ်.

'' တော်တော်တတ်နေပြီ ဟုတ်လား မဟုတ်လားတော့ မသိဘူး စကားတွေတော့ ပြောတယ်ပေါ့နော်. ဘာတွေပြောလဲ ကျွန်တော်လည်း နားမလည်ဘူး. ရယ်ပြတယ်. အထူးသဖြင့်က ကျွန်တော် နားမလည်တဲ့ စကားတွေပြောတာပေါ့နော်. သူ့အမေလည်း နားမလည်ဘူး စကားကတော့ ပြောတော့ပြောတယ်. ဘာတွေ ပြောတာလည်းပဲ နားမလည်တာ'' ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်.

Photo: မြတ်ဝေထွန်း

မြင့်မြတ်ဟာ ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေရသူဖြစ်ပါတယ်. သူ့အနေနဲ့ ဇာတ်ကားရိုက်တဲ့အခါမှာလည်း ရန်ကုန်မြို့တွင်းနဲ့ နယ်တွေမှာ သွားရောက် ရိုက်ကူးရတယ်လို့ ဆိုပါတယ်. ဒါပေမယ့် နယ်မှာ ရိုက်ကူးရေးရှိရင်တော့ ဇနီးနဲ့ သားကို ခေါ်သွားလေ့ရှိတယ်လို့ ဆိုပါတယ်.

'' ကျွန်တော်လည်း နယ်တွေဘာတွေ သွားရိုက်ရတဲ့အခါမျိုးတွေဆိုရင် သားကို ခေါ်သွားရတာပေါ့နော်. အဲ့ဒီလို အခါမျိုးဆိုရင်တော့ သွားတဲ့နေရာ. ရပ်ပြီးတော့ ထမင်းစားတဲ့နေရာတွေမှာဆိုရင်တော့ သူ့ကို တော်တော် ချစ်ကြတယ်'' လို့ ဇန်နဝါရီလ ၇ ရက်နေ့ညက ''ဟောက်စား'' ရုပ်ရှင် အထူးပြသပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ.

Photo: မြတ်ဝေထွန်း

တစ်ဦးတည်းသော သားလေး ဂျူနီယာမြင့်မြတ်အကြောင်းကို ရွှန်းရွှန်းဝေအောင် ပြောပြခဲ့ပြီးတဲ့ မြင့်မြတ်က မကြာခင် ကျင်းပပြုလုပ်သွားမယ့် ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီ ရင်ခုန်သံကိုလည်း ပြောပြလာပါတယ်. သူ့ကိုတော့ '' ငဒူ'' ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပရိသတ်တော့ ဇာတ်ဆောင် အကယ်ဒမီဆုကို ရစေချင်နေကြပါတယ်.

'' ရင်မခုန်တာ အကောင်းဆုံးပဲ ဘယ်သူ့ဖြစ်ဖြစ် ကျွန်တော်ကတော့ အဲ့ဒီလိုပဲ အကြံဉာဏ်ပေးချင်တယ်.ရင်ခုန်ပြီးတော့ ပရမ်းပတာဖြစ်ရင် ခံစားရမှာလေးတွေ ရှိတယ်. ကျွန်တော်ကတော့ ရင်မခုန်ဘူး. ဇာတ်ကားတွေတော့ရှိတာပေါ့ ဒီနှစ်ဆိုရင် ''ငဒူ'' ဇာတ်ကားတို့ရှိတယ်. ရင်တော့ မခုန်ပါဘူး အကဲဖြတ်ပေးတဲ့ လူကြီး တွေအပေါ်မှာပဲ မူတည်ပါတယ်. ပေးရင်တော့လည်း ယူတာပေါ့နော်'' လို့ ရယ်ရယ်မောမောနဲ့ ပြောပြလာပါတယ်.

Photo: မြတ်ဝေထွန်း

မြင့်မြတ်ဟာ ၂၀၁၇ ခုနှစ်အတွက် '' အမှောင်တွေ ရွာချတဲ့ မိုးတိမ်'' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသား ဇာတ်ပို့ဆုကို ရရှိခဲ့ပါတယ်. သရုပ်ဆောင် မြင့်မြတ်တစ်ယောက် သူ့ရဲ့ ဘဝထဲကို မွေးနေ့တူတဲ့ သားလေးတစ်ယောက် ရောက်ရှိလာပြီဖြစ်လို့ အရမ်းကို ပျော်လို့နေပါ တယ်။ မြင့်မြတ်ရဲ့ သားလေးကို ဒီနေ့ သြဂုတ်လ(၇) ရက်နေ့ မနက် (၉)နာရီ(၁၅)မိနစ်က ရန်ကုန်မြို့ ဝီတိုရိယ ဆေးရုံမှာ အောင်မြင်စွာ မွေးဖွားနိုင်ခဲ့တာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က