ဇန်နဝါရီလ ၂၆ ရက်နေ့ကတော့ သားလေးဉာဏ်သွေးဟန် အသက် ၁၈ နှစ်ပြည့်ဖြစ်ပါတယ်။

အေးအေးခိုင်ဟာ အသက်၁၈ နှစ်ပြည့်သွားပြီဖြစ်တဲ့ သားလေးအတွက် မွေးနေ့ဆုတောင်းစကားတွေပြောပြလာပါတယ်။ သူမဟာ ခင်ပွန်းဖြစ်သူကွယ်လွန်သွားပြီးတဲ့နောက်မှာတော့ Single Mother တစ်ယောက်အဖြစ် သားလေးကို စောင့်ရှောက်လာခဲ့တာဖြစ်ပါတယ်။

photo: aye aye khaing

ဟာသသရုပ်ဆောင် အေးအေးခိုင်က သူ့ရဲ့ တစ်ဦးတည်းသောသားလေး ဉာဏ်သွေးဟန် အတွက် ရင်ထဲက လာတဲ့ စကားတွေကို မွေးနေ့လက်ဆောင်အဖြစ် ပြောပြထားပါတယ်။ ဉာဏ်သွေးဟန်က ဇန်နဝါရီလ၂၆ ရက်နေ့မှာတော့ အသက် ၁၈ နှစ်ပြည့်ပြီဖြစ်ပါတယ်။

‘’မေမေ့အချစ်လေးရေ ဘဝဆိုတာတိုက်ပွဲပါကွာ။ ပွဲတိုင်းကိုအောင်မြင်အောင်တိုက်နိင်တဲ့ ရဲရင့်တဲ့သွေးတွေ အမေ့ မေတ္တာနဲ့ ပေးခဲ့တာ။ ထွေထွေထူးထူးအမေ ဆုတောင်းစရာ မလိုဘူးလို့ယူဆတယ်။ မေ့သားလေး တစ်နေ့ အောင်မြင်မှု ပန်းတိုင်ကို ရောက်မယ်ဆိုတာလည်း အမေ မျက်စိမှိတ် ယုံနေတယ်။ အမေ အမြင်ချင်ဆုံးက အောင်မြင်မှု စင်မြင့်ထက်က မေ့သားလေး အပြုံးတွေပဲလေ’’ ဆိုပြီးတော့ ဇန်နဝါရီလ ၂၆ ရက်နေ့ မနက်စောစော ၁၂ နာရီ ၄၅ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာရေးသားခဲ့ပါတယ်။

photo: aye aye khaing

ဇာတ်ပို့၊ ဇာတ်ရံ သရုပ်ဆောင် အေးအေးခိုင်ရဲ့ သားလေးဟာ အမေရိကမှာ ကျောင်းတက်နေတာဖြစ်ပြီး အဒေါ်ဖြစ်သူတွေနဲ့ နေထိုင်တယ်လို့ သိရပါတယ်။ မိခင်နဲ့ခွဲ နေရတာဖြစ်ပေမယ့် လွမ်းတဲ့အချိန်တွေရှိတယ်လို့ Duwun Media ကနေပြောပြခဲ့ဖူးပါတယ်။

'' အရမ်းအခက်အခဲကြီးတော့လည်း မရှိပါဘူး။ ဒါပေမယ့် အမေကို လွမ်းတာတို့တော့ ရှိတာပေါ့။ ငယ်ငယ်ကတည်းက မေမေက ခရီးတွေ ခဏ၊ ခဏ သားတို့လည်း အိမ်မှာနေခဲ့ရတာများတော့ နေသားတော့ ကျပါတယ်။ ဒါပေမယ့် ဖေ့စ်ဘွတ်တို့ကနေတဆင့် Video Call တွေလည်း ခေါ်လိုု့ရတယ်ဆိုတော့ အရင်တုန်းကထက် ပိုအဆင်ပြေပါတယ်'' လို့ သူကဆိုပါတယ်။

photo: aye aye khaing

အေးအေးခိုင်ကလည်း သူ့ရဲ့ တစ်ဦးတည်းသော သားလေး ဉာဏ်သွေးဟန်ကို အခုလက်ရှိမှာတော့ ပညာရေးကိုပဲ ဦးစားပေးစေချင်တယ်လို့ ဆိုပါလာပါတယ်။ အရွယ်ရောက်နေပြီဖြစ်တဲ့ သားအတွက် ချွေးမကိုလည်း ကိုယ်ပိုင်စိတ်ကြိုက်မရွေးချယ်ပါဘူးတဲ့။

'' ဘယ်လို ချွေးမလောင်းဆိုတာကိုတော့ အစ်မက သတ်မှတ်ထားတာ မရှိပါဘူး။ အစ်မသားကိုလည်း အစ်မက ချစ်တဲ့အတွက် သူ့ကို ချစ်တဲ့ ချွေးမလောင်းကို ပဲ လိုချင်တယ်။ တခြားအရာတွေ မက်ပြီး စိတ်ဝင်စားမှာလည်း မဟုတ်ဘူး။ သူတို့ချင်းပေါင်းရတာလေ နားလည်မှု အပြည့် ပေးထားတယ်။ ဒါပေမယ့် သူ့မိဘ၊ ကိုယ့်မိဘ သိတတ်ဖို့ဘဲ လိုတယ်'လို့ Duwun Media အင်တာဗျူးကနေ ဆက်လက်ဖြေဆိုခဲ့ဖူးပါတယ်။

 

photo: aye aye khaing

အေးအေးခိုင်ကတော့ ဟာသသရုပ်ဆောင်အဖြစ် ဇာတ်ကားတွေမှာပါဝင်ပြီး ပရိသတ်အားပေးမှု စတင်ရရှိလာခဲ့သူပါ။ သူ့မှာတော့ ဉာဏ်သွေးဟန် ဆိုတဲ့ သားလေးတစ်ယောက်ရှိပါတယ်။ သားလေး ၆ နှစ်အရွယ်ကတည်းက ခင်ပွန်းဖြစ်သူ ကွယ်လွန်ခဲ့တာကြောင့် မိခင်တစ်ယောက်တည်း အင်အားနဲ့ ကျွေးမွေးစောင့်ရှောက်ခဲ့တယ်လိ့ုလည်း သိရပါတယ်။ သားဖြစ်သူ ဉာဏ်သွေးဟန်ကလည်း ပညာရေးမှာ ထူးချွန်သူတစ်ယောက် ဖြစ်ပါတယ်။

Share

Loading Next Article...
က္က