အာဇာနည်နဲ့ ဝမ်းတို့ကတော့ သူတို့ရဲ့ သား အငယ်လေးကို လင်းဘုန်းဇာနည်လို့ နာမည်ပေးလိုက်ပါပြီ။ အခုုဆိုရင်တော့ ၁ နှစ်ကျော်အရွယ်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။
Photo: Phit Phit Chit Chit
အဆိုတော် အာဇာနည် နဲ့ သရုပ်ဆောင် ဝမ်း တို့ရဲ့ သားငယ်လေးကိုတော့ အများစုက ချစ်ချစ်တုန်လေး လို့ ခေါ်ကြတာဖြစ်ပါတယ်။ အခုချိန်မှာတော့ သူ့အတွက် နာမည်အရင်းလေးကို လင်းဘုန်းဇာနည် လို့ နာမည်ပေးလိုက်ပြီလို့ သိရပါတယ်။
‘’သားက ပါပါး ဓါတ်ပုံရိုက်တော့မယ်ဆိုတာ သိတော့ ပဲများတာပေါ့။ စကားမစပ် သားကို ပါပါး၊ မာမား၊ ဖော်ဖော်ကောင်၊ ကောင်းကျော်ကျော်၊ ကေကေ၊ အာ့ရီ(ကျဲကျဲ)၊ အာ့ရီတုန်တုန်ဟကြီး၊ တိုတိုဖစ်တို့က လင်းဘုန်းဇာနည်လို့ passport ထဲမှာ နာမည် ပေးထားပါတယ်ခင်ဗျ’’ ဆိုပြီးတော့ ဖစ်ဖစ် ချစ်ချစ် Facebook Page မှာ မေလ ၅ ရက်နေ့ မနက် ၂ နာရီ ၅၆ မိနစ်က တင်ထားတာ တွေ့ရပါတယ်။
Photo: Phit Phit Chit Chit
ချစ်ချစ်တုန်(ခေါ်) လင်းဘုန်းဇာနည်ကိုတော့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့ က ရန်ကုန်မြို့ ပန်းလှိုင်ဆေးရုံကြီးမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ ချစ်ချစ်တုန်ဟာ ၁ နှစ်ကျော် အရွယ်ကို ရောက်ရှိလို့နေပါပြီ။ ချစ်စရာကောင်းလွန်းတဲ့ ချစ်ချစ်တုန်လေးကို ချစ်ကြတဲ့ ပရိသတ်တွေကလည်း အများကြီး ရှိပါတယ်။
Photo: Phit Phit Chit Chit
အာဇာနည်နဲ့ ဝမ်း တို့မှာ ပရိသတ်အခိုင်အမာ ရရှိထားတဲ့ သားကြီး ဖစ်ဖစ်တုန် (ခေါ်) ဉာဏ်ဘုန်းဇာနည် နဲ့ သားငယ် ချစ်ချစ်တုန်(ခေါ်) လင်းဘုန်းဇာနည် တို့ ကို ပိုင်ဆိုင်ထားပါတယ်။ အာဇာနည်ကတော့ လက်ရှိမှာ ဂီတအလုပ်တွေ ဆက်လက် လုပ်ကိုင်နေတာ ဖြစ်သလို နယ်ဖျော်ဖြေပွဲတွေလည်း သီဆိုနေရတာဖြစ်ပါတယ်။
Photo: Phit Phit Chit Chit
ဝမ်းကတော့ အိမ်ထောင်ပြုပြီးသွားတဲ့နောက် အနုပညာအလုပ်တွေ လုပ်ကိုင်တာကို မတွေ့ရတော့ပါဘူး။ လက်ရှိမှာလည်း ကိုယ်ပိုင် ပိုးထည်ဆိုင် ကို ဦးဆောင်နေရသူဖြစ်ပြီး သားလေး နှစ်ယောက် အတွက် အချိန်အပြည့်အဝ ပေးနေတာကို တွေ့ရပါတယ်။ ဝမ်းကိုတော့ ဆံပင်ရှည်ရှည် အရပ်မြင့်မြင့် ခန္ဓာကိုယ်လှလှ လေးနဲ့ Music Video တွေ ကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။