အဆိုတော်ဖော်ကာ ရဲ့ ဇနီးဟာ သြဂုတ်လ ၃ ရက်နေ့က သားလေးတစ်ဦး မွေးဖွားခဲ့ပါတယ်။ ပထမဆုံး သားဦးလေးဖြစ်လို့ ဖော်ကာ ကလည်း ပျော်ရွှင်နေတာကို တွေ့ရပါတယ်။ သားလေးရဲ့ စံပြဖခင်ကောင်းတစ်ယောက်ဖြစ်ဖို့အတွက်လည်း ကြိုးစား သွားမယ့်အကြောင်း ပြောပါတယ်။
အဆိုတော်ဖော်ကာ ရဲ့ ဇနီးဟာ သြဂုတ်လ ၃ ရက်နေ့က သားလေးတစ်ဦး မွေးဖွားခဲ့ပါတယ်။ ပထမဆုံး သားဦးလေးဖြစ်လို့ ဖော်ကာ ကလည်း ပျော်ရွှင်နေတာကို တွေ့ရပါတယ်။ သားဦးလေးကိုလည်း ဂျက်ရှည်ဆိုပြီးတော့ အိမ်ခေါ်နာမည်လေး ပေးခဲ့ပြီး သားလေးအတွက် မျှော်လင့်ချက် ကိုလည်း Duwun Media ကနေပြောပါတယ်။
'' ကျွန်တော့်အဖေက ကျွန်တော်သူရဲကောင်းဖြစ်လာအောင် ကျွန်တော့်အတွက် သူ့ဘာသာသူတော်ခဲ့တယ်။ ကျွန်တော်ကလည်း ကျွန်တော့် အဖေအတိုင်းလိုက်လုပ်တာမဟုတ်ဘူး ကျွန်တော့်နည်းနဲ့ ကျွန်တော်သွားတယ်။ ဒီအတွက် အဖေက ကျေနပ်တယ်။ သားလေးကိုလည်း သူ သွားချင်တဲ့ လမ်းကြောင်းသွား သူလည်းကျေနပ်မယ်၊ ကျွန်တော်လည်းကျေနပ်မယ်ဆိုရင် အဆင်ပြေပါပြီ''လို့ ဆိုပါတယ်။
ဖော်ကာဟာ ကိုယ်ဖြစ်ချင်တာကိုယ်လုပ်ခွင့်ရှိတဲ့ မိသားစု တစ်စုက မွေးဖွားလာတာဖြစ်တဲ့အတွက် သားလေး ဂျက်ရှည်ကိုလည်း သူဖြစ်ချင် တာ ဖြစ်အောင် လုပ်ခွင့်ပေးမယ်လို့ ပြောပါတယ်။ သားလေးရဲ့ စံပြဖခင်ကောင်းတစ်ယောက်ဖြစ်ဖို့အတွက်လည်း ကြိုးစားသွားမယ့်အကြောင်း ပြောပါတယ်။
'' ကျွန်တော့်အဖေကို ကျွန်တော်အရမ်းလေးစားတယ်၊ အဖေနဲ့ ကျွန်တော်နဲ့ သွားတဲ့ လမ်းကြောင်းခြင်းက မတူဘူး။ သူလည်း အဲ့ဒီလို ဖြစ်လာ အောင် ကျွန်တော်ကြိုးစားမယ်။ ကျွန်တော်လည်း ကိုယ်ကြိုက်တာ ကိုယ်လုပ်ခွင့်ရှိတဲ့ မိသားစုကနေ ကြီးပြင်းလာတာဆိုတော့ သူ့ကိုလည်း နောင်တရစေမယ့်အရာတွေမဖြစ်အောင်၊ လူပီသတဲ့ ယောကျ်ားကောင်းတစ်ယောက်ဖြစ်အောင် ပံ့ပိုးပေးသွားမှာပါ'' လို့ ဆိုပါတယ်။
Photo: Fokker Facebook
လိုချင်တဲ့ မိသားစုဘဝလေးရရှိလာတဲ့ ဖော်ကာရဲ့ ခံစားချက်
Rock ဂီတလောကမှာ အောင်မြင်မှုတွေရရှိပိုင်ဆိုင်ထားတဲ့ ဖော်ကာဟာ သူ့ရဲ့ ဘဝမှာ အလေးစားရဆုံး ပုဂ္ဂိုလ်တွေရှိတယ်လို့ ဖွင့်ပြောပြ လာပါတယ်။ သူလေးစားရသူတွေကလည်း အနည်းငယ်သာရှိတာကြောင့် လက်ချိုးရေတွက်လု့ိရတယ်လို့ ဆိုပါတယ်။
'' ကျွန်တော့်ဘဝမှာ လေးစားရဆုံးသူကို အဖေအပါအဝင် လက်ချိုးရေတွက်လို့ရတယ်။ ကျွန်တော့်ဘဝမှာ အလေးစားရဆုံး အဖေရှိတယ်။ ဂီတမှာဆိုရင် ကိုလေးဖြူရှိတယ်။ ဒါက ချက်ချင်းလက်ငင်းပြောနိုင်တဲ့ဟာ ကျန်တာတော့ များများစားစား သိပ်မရှိဘူး'' လို့ ဖော်ကာက ပြောပါတယ်။
Photo: Fokker Facebook
အဆိုတော် ဖော်ကာနဲ့ ဇနီးချောလေး ပွင့်ဖြူအောင်တို့ဘဝထဲကို သားဦးလေးဖြစ်တဲ့ ဂျက်ရှည်လေးဟာ သြဂုတ်လ ၃ ရက်နေ့၊ သောကြာနေ့ ကစတင် ဝင် ရောက် လာတာဖြစ်ပါတယ်။ သားလေးကိုတော့ Grand Hanther Hospital မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ အိမ်ထောင်သက်တမ်း ၁ နှစ်ကျော် အကြာမှာ သားဦးလေးကို မွေးဖွားခဲ့တာဖြစ်ပါတယ်။