အခုတော့ အရမ်းသတိရနေပြီ။

ဘန်ကောက်ကနေ ဇာတ်ကားရိုက်ကူးပြီးလို့ ပြန်လာတဲ့ ဖေဖေ ပြေတီဦးကို သားလး ပြေဓီရ တစ်ယောက် အလွမ်းသယ် လို့ နေပါတယ်။ ရုပ်ရှင် ဇာတ်ကားတွေ ဆက်တိုက် ရိုက်ကူးနေရတဲ့ ပြေတီဦးတစ်ယောက် သားလေးရဲ့ စကားတစ်ခွန်းကြောင့် အခုဆို အရမ်းတွေ လွမ်းနေပါပြီတဲ့။

Photo: Pyay Ti Oo Facebook



 

ဘန်ကောက်မှာ ဇာတ်ကားရိုက်ပြီးလို့ အိမ်ပြန်လာတဲ့ ပြေတီဦးတစ်ယောက် သားလေး ပြေဓီရ ရဲ့ စကားတစ်ခွန်းကြောင့် အရမ်းကို ကြည်နူး ခဲ့ရတယ်လို့ ဆိုပါတယ်။ ပြေတီဦးဟာ ထိုင်းနိုင်ငံ ဘန်ကောက်မှာ Lady Boy ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို စက်တင်ဘာလ ၅ ရက်နေ့ ကတည်းက စတင်ရိုက်ကူးခဲ့တာဖြစ်ပြီး စက်တင်ဘာလ ၁၅ ရက်နေ့က ပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။

'' ဘန်ကောက်မှာတစ်ပတ်လောက် ကားသွားရိုက်ပြီး မနေ့က အိမ်ကိုပြန်လာတော့ ဖိုးဓီက အဖေကိုမြင်တာနဲ့ ပြေးဖက်ပြီးပြောတယ်။ ''သား သား က ဖေဖေ့ကိုလွမ်းနေတာ" တဲ့။ နှလုံးပီတိ ဂွမ်းဆီထိ ပေါ့လေ။ သူ့အတွက်ဝယ်လာတဲ့ super hero အကျႌလေးတွေပေးလိုက်တော့ အရမ်း ဝမ်းသာပြီး ခုန်ပေါက်နေတာကိုကြည့်ပြီးကြည်နူးလိုက်ရတာ'' လို့ ဆိုပါတယ်။

Photo: Pyay Ti Oo Facebook

 

ပြေတီဦးဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေရသူတစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ ဘန်ကောက်မှာ ဇာတ်ကားရိုက်ပြီးလို့ မနားရသေးဘဲ အောင်ပန်းမှာရိုက်ကူးရေး ထပ်လုပ်ရဦးမှာဖြစ်လို့ မိသားစုနဲ့ ခဏပြန်ခွဲရဦးမယ်လို့ ဆိုပါတယ်။

''အဖေက အိမ်မှာကြာကြာမနေရပါဘူး။ ဒီနေ့အောင်ပန်းကို ပြန်ထွက်ရပြန်ပြီလေ။ မနက် အိမ်ကထွက်ခါနီး အဖေကိုမြင်တာနဲ့ ဖိုးဓီကမေးပြီ "ဖေဖေကဘယ်သွားဦးမလို့လဲ" တဲ့။ ဖေဖေ ရုပ်ရှင်ရိုက်ဖို့ ခရီးသွားရဦးမှာဆိုတော့ မသွားပါနဲ့ဆိုပြီး အဖေကို နမ်းလိုက်သေးတယ် ပြီးတော့ဖက်ထားတာမလွှတ်တော့ဘူး'' လို့ ပြေတီဦးက ပြောပြခဲ့ပါတယ်။

Photo: Pyay Ti Oo Facebook

ရိုက်ကူးရေးမအားတဲ့ကြားက ပရိသတ်တွေနဲ့ စကားပြောခဲ့တဲ့ ပြေတီဦး 

ဇာတ်ကားတွေ ဆက်တိုက်ရိုက်နေရတဲ့ ဖေဖေ ပြေတီဦးကို ပြောလိုက်တဲ့ သားလေး ပြေဓီရ ရဲ့ စကားက အရမ်းကို ခံစားသွားစေမှာပါ။ အနု ပာရှင်တစ်ယောက်ရဲ့ သားသမီးဖြစ်တဲ့အတွက် သာမန် မိသားစုတွေလို အမြဲတမ်း အတူတူ မနေဖြစ်တာကြောင့် ကလေး တစ် ယောက်ရဲ့ ခံစားချက်ကို ရင်ဖွင့်ခဲ့ပုံရပါတယ်။

''ပြောလိုက်သေးတယ်"သားသားက ဖေဖေ့ကိုချစ်လို့ မသွားစေချင်တာတဲ့"ဒီတခါတော့ နှလုံးသားတစ်ခုလုံး အရည်ပျော်သွားပါတယ်။ အခု ဖေဖေ သားကိုလွမ်းနေပြီသားရေ'' ဆိုပြီးတော့ စက်တင်ဘာလ ၁၆ ရက်နေ့ နေ့လည် ၁ နာရီက ပြေတီဦးရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့ တာဖြစ်ပါတယ်။

Photo: Pyay Ti Oo Facebook

 

ပြေတီဦးနဲ့အနေနဲ့ မိသားစုကို အားရင်အားသလို အချိန်ပေးဖြစ်ပြီး ညပိုင်းတွေမှာဆိုရင် ကလေးတွေနဲ့ နပန်းလုံး ကစားတာမျိုး တွေလည်း ရှိတယ်လို့ ဆိုပါတယ်။ သားနဲ့ သမီးပေါ်မှာလည်း ရင်းရင်းနှီးနှီး ဆက်ဆံတတ်သလို မျက်နှာထား တည်တည်နဲ့ ဆက်ဆံတာမျိုးတော့ မရှိဘူးလို့ Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က