မိဘတိုင်း မိဘတိုင်းက သားသမီးတွေကို ကောင်းမွန်တဲ့ဆုံးမမှုရှိဖို့လိုတယ်။

မယ်လိုဒီဟာ ကျောင်းကပြန်လာတဲ့ သားလေး သိဒ္ဓိစစ်ရဲ့ ခြေထောက်မှာ ဒဏ်ရာ ရခဲ့တာကြောင့် မိခင်တစ်ယောက်ဖြစ်တဲ့ အတွက် ရင်ထဲမှာ နေလို့မရအောင်ကို စိတ်မကောင်းဖြစ်လို့နေပါတယ်။ သားလေးကိုလည်း အမြဲလိုလို လိမ္မာတဲ့သားလေး တစ်ယောက်ဖြစ်အောင် သွန်သင်ဆုံးမ ပေးတတ်သူ တစ်ယောက် ဖြစ်ပါတယ်။



Photo: Melody Facebook

 

မယ်လိုဒီဟာ ကျောင်းကပြန်လာတဲ့ သားလေး သိဒ္ဓိစစ်ရဲ့ ခြေထောက်မှာ ဒဏ်ရာ ရခဲ့တာကြောင့် မိခင်တစ်ယောက်ဖြစ်တဲ့အတွက် ရင်ထဲမှာ နေလို့မရအောင်ကို စိတ်မကောင်းဖြစ်လို့နေပါတယ်။ ခြေထောက်ဒဏ်ရာကလည်း ညိုမဲစွဲနေတဲ့ အမြောင်းလိုက်ဖြစ်ပြီး သူ့လက်နဲ့ တိုင်ရင် တစ်ထွာလောက်ရှိတယ်လို့ ဆိုပါတယ်။

'' အရင်က မျက်နှာဖြစ်ခဲ့တုန်းက မပြောခဲ့ဘူး။ ခြေထောက်ဒဏ်ရာပါလာတော့ ကျွန်မလည်း ရင်ထဲမှာနေလို့ မရတော့ဘူး။ ကျွန်မသား ဒဏ်ရာ ရလာတဲ့ အချိန် ကျွန်မ ရင်ထဲမှာ ဘယ်လို ခံစားရသလဲဆိုတော့ ကျွန်မတို့က ကိုယ်မွေးထားတဲ့ သားသမီးကို ကာကွယ်ပေးချင်တယ်။ လော ကဓံ ကရိုက်ပုတ် မှာကိုလည်း ကာကွယ်ပေးချင်တယ်။ သူတစ်ပါး အနိုင်ကျင့် စော်ကားမှာကိုလည်း ကာကွယ်ပေးချင်တယ်'' လို့ ဆိုပါတယ်။

Photo: Melody Facebook

 

မယ်လိုဒီဟာ သားလေးသိဒ္ဓိစစ်အပေါ် အမြဲလိုလို လိမ္မာတဲ့သားလေးတစ်ယောက်ဖြစ်အောင် သွန်သင်ဆုံးမပေးတတ်သူ တစ်ယောက် ဖြစ်ပါတယ်။ သူများသားသမီးတွေကိုလည်း အနိုင်ကျင့်တာမျိုးမရှိရလေအောင် သားလေးသိဒ္ဓိစစ်ကို ဆုံးမပေးတတ်တယ်ဆိုတာကို သြဂုတ်လ ၁၂ ရက်နေ့ညက သူ့ရဲ့ ဖေ့စ်ဘွတ် Live ကနေ တဆင့် ရင်ထဲက ခံစားချက်တွေကို ဖွင့်ဟခဲ့တာဖြစ်ပါတယ်

'' ကျွန်မသားသမီးက သူများသားသမီးကို နိုင်ထက်စီးနင်း မပြုလုပ်ဖို့၊ သူများသားသမီးကို အနိုင်မကျင့်ဖို့ ကိုယ်ချင်းစာတရားရှိဖို့လည်း ဆုံးမ ဖို့လိုတယ်။ ဒါ မိဘတိုင်းမှာ လိုအပ်ချက်လို့ ကျွန်မကတော့ မြင်တယ်။ ကျွန်မသား ထိခိုက်တာကို မြင်လိုက်ရတဲ့အချိန် ကျွန်မ ရင်ထဲမှာ မ ကောင်းသလို ကျွန်မသားကရော သူများကို လုပ်ရင် ဆိုတဲ့ ခံစားချက် ကျွန်မမှာရှိတယ်။ သူများကို ကျွန်မသားက သွားလုပ်ရင်လည်း ကျွန်မ မကြိုက်ဘူး'' လို့ မယ်လိုဒီကပြောပါတယ်။

Photo: Melody Facebook

 

သားလေးရဲ့ ဒဏ်ရာကြောင့် စိတ်ထိခိုက်နာကျင်နေရတဲ့ မယ်လိုဒီဟာ ကလေးငယ်တွေကို ဆုံးမသွန်သင်မှုလမ်းကြောင်း မှားယွင်း နေတဲ့ မိဘတွေကို ရှုံ့ချတယ်လို့ ဆိုခဲ့ပါတယ်။ မိဘတိုင်းက သားသမီးတွေအပေါ် ကောင်းမွန်တဲ့ ဆုံးမသွန်သင်မှုတွေ ရှိလာမယ်ဆိုရင်တော့ တစ် ယောက် နဲ့တစ်ယောက် ထိခိုက်နာကျင်ရတာမျိုးတွေရှိလာမှာ မဟုတ်ဘူးလို့လည်း ဆက်လက်ပြောပြထားပါသေးတယ်။

'' တချို့က ရှိတယ် ကိုယ့်သားက အလုပ်ခံလိုက်ရတယ်ဆိုရင် ဘာလို့ အဲ့ဒီလို ခံခဲ့ရတာလဲ။ ပြန်မလုပ်ခဲ့ဘူးလား၊ ယောကျ်ားမဟုတ်ဘူးလား၊ သူများလုပ်တာကို ခံစရာလား ဆိုပြီးတော့ ပြောတဲ့ မိဘတွေလည်းရှိပါတယ်။ ကျွန်မကတော့ အဲ့ဒီလိုဟာတွေကို အရမ်းရှုံ့ချပါတယ်။ များကို မလုပ်အောင်  ကိုယ်ချင်းစာတရားရှိတဲ့ ၊ မေတ္တာတရား ကြီးမားတဲ့ ကလေးတစ်ယောက်ဖြစ ်အောင်လည်း သွန်သင်တတ်ဖို့လိုပါတယ်'' လို့ ဆိုပါတယ်။

၃နှစ်အရွယ်မှာ မိဘကိုကူညီနေတဲ့ သားလေးအကြောင်းပြောလာတဲ့ မယ်လိုဒီ  

Photo: Melody Facebook

 

သရုပ်ဆောင်အကယ်ဒမီ မယ်လိုဒီရဲ့ သားလေးကတော့ အခုဆိုရင် ၃ နှစ်ကျော်အရွယ်ရောက်နေပါပြီ။ သားလေး သိဒ္ဓိစစ်ကတော့ ဇွန်လ ၄ ရက်နေ့ကတည်းက ကျောင်းစတတ်နေရပြီလို့ သိရပါတယ်။  မွေးကင်းစကလေးအရွယ်ကနေ ဒီနေ့ အချိန်ထိ အားပေးလာကြတဲ့ သိဒ္ဓိစစ် လေးရဲ့ ပရိသတ်တွေကလည်း တစ်နေ့ထက် တစ်နေ့ အချစ်ပိုလို့နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က