သားတွေက အားတစ်ခုဖြစ်စေပါတယ်တဲ့။

ခိုင်နှင်းဝေက သူမချစ်ရတဲ့ သားလေးတွေအကြောင်းကို ရင်ဖွင့်ပြောပြလာပါတယ်။ သားဆိုတာ အားဖြစ်လို့ သူမအတွက်တော့ အားတွေ အများကြီးဖြစ်စေတယ်လို့ ဆိုပါတယ်။

Photo: ခိုင်နှင်းဝေ



ပရဟိတမင်းသမီးချောလေး ခိုင်နှင်းဝေက လက်ရှိမှာ မိဘမဲ့ ကလေးငယ်တော်တော်များများကို ပြုစု စောင့်ရှောက်နေတာ တွေ့ရပါတယ်။ သူမကိုယ်တိုင်ကလည်း ဒီကလေးတွေအပေါ် သားသမီးအရင်းသဖွယ် ချစ်ခင်လှပါတယ်။ ဒါကြောင့် သား တို့ရဲ့ မေမေလည်း ဖြစ်တယ်ဆိုတဲ့ ခံစားချက်ကို အခုလို ပြောပြထားပါတယ်။

‘’သားဆိုတဲ့ #အား ကျွန်မတို့ မျိုးရိုးထဲ အမေ့ရဲ့ ညီအစ်မတွေအကုန်လုံးက သမီးတစ်ယောက်စီမွေးထားကြတာလေ။ ကျွန်မငယ်ငယ်ထဲက အကိုတွေ,မောင်လေးတွေသိပ်လိုချင်ခဲ့တာ. ငယ်ငယ်ကတည်းက ဖခင်မေတ္တာငတ်မွတ်ခဲ့တော့ အားကိုးအားထားပြုရမယ့် အကိုတွေ,မောင်တွေရှိရင်ကောင်းမယ်ဆိုတဲ့ အတွေးတွေအများကြီး စိတ်ကူးယဉ်ခဲ့ဖူးတယ်’’လို့ ဆိုပါတယ်။

Photo: ခိုင်နှင်းဝေ

သူမဟာ သားလေးတွေ ပိုင်ဆိုင်ခွင့်ရလို့လည်းအများကြီး ပျော်ရွှင်နေတာ တွေ့ရပါတယ်။ မေမေ အားကိုးရမယ့် သားတွေဖြစ်အောင်လို့လည်း အပြည့်အဝ ထောက်ပံ့ပေးမယ်လို့ ဇူလိုင်လ ၂ ရက်နေ့ ည ၉ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

‘’အခု ကျွန်မဆီမှာ #သားဆိုတဲ့ #အား တွေ အများကြီးရှိနေပြီလေ။မေမေ အားကိုးရမယ့် ,,, တိုင်းပြည်နဲ့လူမျိုးအကျိုး,,, ဘာသာ သာသနာအကျိုးတွေ သယ်ပိုးဆောင်ရွက်နိုင်မယ့် သားကောင်းရတနာတွေဖြစ်မယ်လို့ယုံကြည်တယ်, ဖြစ်လာအောင်လည်း အစွမ်းကုန်ပြုစုပျိုးထောင်ပေးမယ်’’ လို့ သူကဆိုပါတယ်။

Photo: ခိုင်နှင်းဝေ

သရုပ်ဆောင် ခိုင်နှင်းဝေကို ချစ်တဲ့ ပရိသတ်တွေကလည်း သူမရဲ့ သားလေး၊ သမီးလေးတွေကို ချစ်ကြတယ်လို့ ဆိုပါတယ်။

‘’ကျွန်မရဲ့ သားတွေကို ချစ်ပေးကြတဲ့ မိတ်ဆွေ,သူငယ်ချင်းတွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်။ သားတွေပေးတဲ့ အားအင် နဲ့ အခက်အခဲတွေအားလုံးကို ဒီမေမေ က အလှပဆုံးနဲ့အကောင်းမွန်ဆုံး ကျော်ဖြတ်ပါ့မယ်လို့’’ ဆိုပြီးတော့လည်း ရေးသားထားပါတယ်။

Photo: ခိုင်နှင်းဝေ

ပရဟိတအလုပ်တွေ၊ ကုသိုလ်ရေးတွေမှာ လက်မနှေးတဲ့ မင်းသမီးချောလေး ခိုင်နှင်းဝေကတော့ ဆင်းရဲသားပြည်သူတွေကိုလည်း တစ်ဖက် တစ်လမ်းက ကူညီစောင့်ရှောက် တတ်သလို ဘုရား၊ တရားကိုလည်း မမေ့မလျှော့ ဆောင်ရွက်တတ်သူတစ်ဦးပါ။ ဘာသာရေး၊ သာသနာရေး တွေလည်း အဆက်မပြတ်ဆောင်ရွက်လေ့ရှိပါတယ်။ အဲဒီနောက် ထိုင်းနိုင်ငံ ခိုလမြို့မှာရှိတဲ့ ခိုင်နှင်းဝေ ပရ ဟိတအသင်းသားတွေနဲ့ အတူတူ ပရဟိတအလုပ်တွေနဲ့ အတူတူမကြာခဏ အလှူအတန်းတွေ သွားရောက်လုပ်ကိုင် ဆောင်ရွက်ပေးဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က