ကိုယ်ပိုင်ထုတ်လုပ်ရေးကနေ ထုတ်လုပ်တဲ့ ဒုတိယမြောက်ကားပါ။

ကိုပေါက်ရဲ့ သော်ဝန်းကြာဖြူ ရုပ်ရှင်ထုတ်လုပ်ရေးကနေ ထုတ်လုပ်ထားတဲ့ ဒုတိယမြောက်ရုပ်ရှင်ဇာတ်ကားကြီး '' အသည်း လေး တွေ ပေးပါ'' ရုပ်ရှင်ကို မကြာခင် ပရိသတ်အရှေ့ရောက်တော့မယ်လို့ ဆိုပါတယ်။ ဆယ်လီရုပ်ရှင် ဇာတ်ကားတုန်းကလိုပဲ ရသစုံစုံလင်လင်နဲ့ ပညာပေး သွားမယ့် ဇာတ်ကားပါတဲ့။

Photo: ကိုပေါက် ဖေ့စ်ဘွတ်

 

ဒါရိုက်တာ ကိုပေါက် ရဲ့ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေး တစ်ခုဖြစ်တဲ့ သော်ဝန်းကြာဖြူ ရုပ်ရှင်ထုတ်လုပ်ရေး ရဲ့ ဒုတိယမြောက်ရုပ်ရှင်ဇာတ်ကား ကြီးဖြစ်တဲ့ '' အသည်းလေးတွေ ပေးပါ'' ရုပ်ရှင်ဇာတ်ကားကြီးကို ရုံတင်ပြသနိုင်ဖို့ အခွင့်အရေး ရပြီလို့ ဆိုပါတယ်။ ဒီဇာတ်ကားထဲမှာ ပရိသတ် ကို ပေးနိုင်မယ့် သင်ခန်းစာ အကြောင်းအရာတွေကိုလည်း အခုလို ပြောပြလာပါသေးတယ်။

'' Facebook ကိုအလွန်အမင်း over သုံးမိကြတဲ့ လူကြီးတွေဘာတွေဖြစ်ကြမလဲ။ အသည်းလေးတွေပေးပါ လို့တောင်းဆိုရင်း ဘယ်လို တွေ ရီကြရမလဲ။ အိုပယ်စာရင်းဝင်သွားပြီလို့ ကိုယ့်ကိုယ်ကိုယ်သတ်မှတ် ရင်း facebook ကိုအဖော် တစ်ယောက်လိုသုံးရင်း သူတို့ ဘာဖြစ်မလဲ။ သဘာဝကျကျ အပြင်က တကယ့်အဖြစ်အပျက်တွေကို အခြေခံရင်း ရီစရာ မောစရာ လွမ်းစရာ ငိုစရာများနဲ့ရုပ်ရှင်။ ပရိသတ်တွေကို အနှစ် တွေပဲပေးချင်တဲ့သူပါ။ ဆယ်လီလို အကြိုက်တွေ့အုံးမယ်ဆိုတာ အာမခံပါတယ်'' ဆိုပြီးတော့ စက်တင်ဘာလ ၃၀ ရက်နေ့ည ၁၀ နာရီ က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

Photo: ကိုပေါက် ဖေ့စ်ဘွတ်

ယိုးဒယားအနုပညာရှင်တွေနဲ့အတူ ရုပ်ရှင်ကားကြီးဖန်တီးမယ့် ကိုပေါက် 

သော်ဝန်းကြာဖြူရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ ဆယ်လီရုပ်ရှင်ဇာတ်ကားကြီးကလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့ပါတယ်။ ဆယ်လီရုပ်ရှင်ဇာတ်ကားထဲမှာ ဖေ့စ်ဘွတ်ကို စွဲစွဲလမ်းလမ်း အသုံးပြုတတ်တဲ့ ဆယ်ကျော်သက် ကျောင်းသူလေးတွေ အတွက် ပညာပေးထားတဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်ကားထဲမှာလည်း အနုပညာရှင်တွေရဲ့ သားသမီးတွေက အဓိက ပါဝင် သရုပ်ဆောင်ထားကြတာဖြစ်ပါတယ်။

Photo: ကိုပေါက် ဖေ့စ်ဘွတ်

 

'' အသည်းလေးတွေ ပေးပါ'' ရုပ်ရှင်ဇာတ်ကားကြီးမှာ နာမည်ကျော်သရုပ်ဆောင်များစွာ တို့က ပါဝင်သရုပ်ဆောင်ထားတဲ့အကြောင်းကိုလည်း ဒါရိုက်တာ ကိုပေါက်က မိတ်ဆက်ပေးခဲပါတယ်။ ဝါရင့်သရုပ်ဆောင်တွေ ပါဝင်တာဖြစ်တဲ့အတွက်  ဇာတ်ကားကောင်း တစ်ကားဖြစ်လာမယ် ဆိုပါတယ်။

'' ရန်အောင်၊ ရဲအောင် ၊ လူမင်း ၊ နေမျိုးအောင်၊ နေနော်၊ ကိုပေါက်၊ ဇင်မျိုး၊ မို့မို့မြင်အောင်၊ စိုးမြတ်သူဇာ၊ မေသဉ္ဇာဦး၊ မိုးပြည့်ပြည့်မောင်၊ ယွန်းရွှေရည် ၊ ဘေဘီမောင်၊ လဲ့ယမင်း၊ မျိုးမျိုးခိုင် တို့နှင့်အတူ ဦးအောင်လွင်၊ ထွန်းထွန်းဝင်း၊ မိုးဒီ၊ မြင့်မြင့်ခင်၊ နွဲ့နွဲ့စန်း ၊ ချိုပြုံး တို့က အဓိကထားပြီးသရုပ်ဆောင်ထားပါတယ်''ဆိုပြီးတော့ မိတ်ဆက်ပြောပြခဲ့ပါတယ်။

Photo: ကိုပေါက် ဖေ့စ်ဘွတ်

 

ကိုပေါက်က အခုလက်ရှိမှာတော့ ဒါရိုက်တာ တစ်ယောက်အဖြစ် ရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ကူးနေရတယ်လို့ ဆိုပါတယ်။ မကြာသေးခင် ကလည်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ထိုင်းနိုင်ငံက အနုပညာရှင်တွေနဲ့ မြန်မာနိုင်ငံက နာမည်ကျော်အနုပညာရှင်တွေ ပူးပေါင်းပြီး Lady Boy ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ရက် ၂၀ ကျော်အကြာရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က