သားလေးကို ရှင်ပြုပေးချင်နေပြီလို့ ဆိုလိုက်တဲ့ နန်းမြတ်ဖြိုးသင်း

သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းက ရှင်ပြုနားသအလှူတော် တစ်ခုကို သွားရင်းနဲ့ သးလေးကို ရှင်ပြုပေးချင်နေပြီလို့ ဆိုပါတယ်။ ကိုယ်ဝန်လွယ်ထားရတဲ့ တဖြည်းဖြည်း ရင့်လာတာနဲ့အမျှ သူ့ရဲ့ စိတ်ခံစားချက်လေးတွေလည်း ပြောင်းလဲလို့လာခဲ့ပါတယ်။

Photo : နန်းမြတ်ဖြိုးသင်း FB



ကိုယ်ဝန်သုံးလကျော်သာ ရှိသေးတဲ့ နန်းမြတ်ဖြိုးသင်ကတော့ သားလေးကို အရမ်းတွေ့ချင်နေပြီဖြစ်သလို သားလေးအတွက် စဉ်းစားထားတာတွေက မိခင်တစ်ယောက်ရဲ့ မေတ္တာကို ပျော်လွင်စေပါတယ်။

ရှင်ပြုနားသအလှူတော်

ကိုယ်တွေလဲတချိန်ကျရင်အလှူ့ရှင်/မနေရာကဖြစ်မှာဆိုတာကြိုတွေးပီးပီတိတွေဖြစ်နေပီ

သားလေးကိုရှင်ပြုပေးချင်နေပီကွယ်...စိတ်စောနေမိတာ” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ဒီဇင်ဘာ(၂၅) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

Photo : နန်းမြတ်ဖြိုးသင်း FB

ကိုယ်ဝန်လွယ်ထားရတာ တဖြည်းဖြည်း ရင့်လာတာနဲ့အမျှ သူ့ရဲ့ စိတ်ခံစားချက်လေးတွေလည်း ပြောင်းလဲလို့လာခဲ့ပါတယ်။ဗိုက်ထဲမှာ ရှိတဲ့ သားလေးကြောင့် ဈေးဝယ်ထွက်တိုင်း ကိုယ်ကြိုက်တဲ့ အကျႌဆိုင်တွေထက် ကလေးပစ္စည်းဆိုင်တွေဆီကိုပဲ ရောက်ရောက်နေတတ်တယ်ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ယခုလို ရေးသားထားပါတယ်.

"ပြောင်းလဲလာတဲ့ မေမေဗိုက်ထဲမှာပဲရှိသေးတဲ့သားသားလေးကြောင့်discountတွေsalesတွေကိုတောင်မျက်စိမှိတ်နိုင်ခဲ့ပီ?၁၀သိန်းတန်ပစ္စည်း၅ သိန်းနဲ့ရရင်တောင် ငါဝယ်မယ့်၅သိန်းကိုသားလေးအတွက်ဘာလေးဝယ်ပေးလိုက်မယ်ဆိုတဲ့အတွေး???shoppingထွက်ရင်ကိုယ်ကြိုက်နေကျအကျႌဆိုင်တွေထက်ကလေးပစ္စည်းဆိုင်တွေပဲရောက်တော့တဲ့ကိုယ်???

ဒါတွေက အစပဲရှိပါသေးတယ်.အများကြီးပြောင်းလဲလာဦးမှာ မိသားစုမှာအမေတွေကအမြဲနောက်ဆုံးကနေပဲနေတတ်တယ်တမိသားစုလုံးကိုဦးစားပေးပီးမှအမေတွေအလှည့်ပေါ့. အဲဒါတွေကိုပဲကျေကျေနပ်နပ်ကြီးနဲ့ပျော်နေတတ်တာဘယ်သူတွေလဲ မေမေတွေပဲလေ” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ဒီဇင်ဘာ(၂၂) ရက်နေ့ ညက ရေးသားထားတာတွေ့ရပါတယ်။

Photo : နန်းမြတ်ဖြိုးသင်း FB

နန်းမြတ်ဖြိုးသင်းရဲ့ ရင်သွေးလေးက သားလေးဖြစ်တာကြောင့် လည်း ဇနီးမောင်နှံ နှစ်ယောက်စလုံး ပျော်ရွှင်ခဲ့ကြပါတယ်။ လက်ရှိမှာတော့ နန်းမြတ်က အနုပညာအလုပ်တွေ ရပ်နားထားပြီး ဖိတ်ကြားထားတဲ့ ပွဲတွေလောက်သာ တက်ဖြစ်နေတယ်လို့ သိရပါတယ်။ သူ့ကိုချစ်တဲ့ ပရိသတ်တွေ၊ သူငယ်ချင်းတွေကလည်း နန်းမြတ်ရဲ့ သားလေးကို အရမ်းတွေ့ချင်နေပါပြီတဲ့။

Photo : နန်းမြတ်ဖြိုးသင်း FB

ကိုတာတာမျိုးနဲ့ သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းတို့ဟာ၂၀၁၇ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့ မှာပဲ မင်္ဂလာသက်တမ်း ၁ နှစ်ပြည့်ခဲ့ပြီလို့ သိရပါတယ်။ အိမ်ထောင်သက်တမ်း ၁ နှစ်တာမှာလည်း ခင်ပွန်းဖြစ်သူ အပါအဝင် စိတ်ချမ်းသာအောင်ထားခဲ့ကြတဲ့ မိသားစုဝင်တွေ၊ ညီအစ်ကိုမောင်နှမတွေကိုလည်း သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ကျေးဇူးတင်စကား ပြောထားပါသေးတယ်။

ကိုတာတာမျိုးနဲ့ သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းတို့ရဲ့ မင်္ဂလာပွဲကိုတော့ နိုဝင်ဘာ၂၆ရက်က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲ့ဒီနောက် မင်္ဂလာညစာစားပွဲကို ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်မှာ နိုဝင်ဘာ(၂၇)ရက်နေ့ညက ကျင်းပပြုလုပ်ခဲ့တာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က