စက်တင်ဘာလ(၁၄)ရက်နေ့မှာစိုက်ပျိုးသွားမှာပါ။

နိုင်ငံတကာမှာ ဝေဟင်ကနေရဟတ်ယာဉ်နဲ့ သစ်မျိုးစေ့ချစိုက်ပျိုးမှုဟာ အပင်ပေါက်ရောက်ရှင်သန်နှုန်းက(၆၅)%ကနေ (၇၅)% နှုန်းထိအောင်မြင်မှုတွေရှိခဲ့ပေမယ့် မြန်မာနိုင်ငံမှာတော့ ပထမဆုံးအကြိမ်အဖြစ် ဆောင်ရွက်မှာ ဖြစ်တာကြောင့် အောင်မြင်မှုအတိုင်းအတာကိုကြည့်ပြီး တခြားတိုင်းနဲ့ ပြည်နယ်တွေမှာ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်းသိရပါတယ်။

photo- from Kangyi mg Aerial Photography Video

ရှမ်းပြည်နယ်( တောင်ပိုင်း) အင်းလေကန်ဒေသမှာ ဒေသနဲ့ကိုက်ညီတဲ့ သစ်မျိုးစိတ်ပေါင်း(၂၀) ကျော်ကို ဝေဟင်ကနေ ရဟတ်ယာဉ်ဖြင့် စိုက်ပျိုးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ရဟတ်ယာဉ်နဲ့ ဝေဟင်ကနေ သစ်မျိုးစေ့ချစိုက်ပျိုးခြင်းကိုတော့ မြန်မာနိုင်ငံမှာပထမဆုံးဆောင်ရွက်တာလည်းဖြစ်ပါတယ်။

“ ကျွန်တော်တို့ အင်းလေးအရှေ့ကြိုးဝိုင်းထဲမှာ (၂) နေရာနဲ့ အင်းလေးအနောက် ကြိုးပြင်ကာကွယ်တောထဲမှာ (၁) နေရာ၊ (၃) နေရာကို ရဟတ်ယာဉ်နဲ့မျိုးစေ့ချစိုက်ပျိုးမှာပေါ့။ စိုက်ပျိုးမယ့် နေရာအားလုံးက (၇) နေရာရှိတယ်။ အခု ရဟတ်ယာဉ်နဲ့ စိုက်ပျိုးတဲ့ (၃) နေရာက လူအင်အားတဲ့ စိုက်ပျိုးဖို့ ခက်ခဲတဲ့နေရာတွေ။ ရဟတ်ယာဉ်နဲ့စိုက်ပျိုးခြင်းကို မနက်ဖြန်မှာ ဆောင်ရွက်သွားမယ်။ မြေဧကကတော့ (၂၅၁၀)ဧကရှိတယ်။ မျိုးစေ့တွေကဒေသနဲ့ကိုက်ညီတဲ့ မျိုးစိတ်ပေါင်း(၂၀) ကျော်ပါဝင်မှာဖြစ်ပြီး အဓိကကတော့ သစ်အယ်၊ ချယ်ရီ၊ စိန်းပန်းပြာ၊ စိန်ပန်းနီ၊ စွယ်တော်အပင်တွေလည်းပါတယ်” လို့ ရန်ကုန်တိုင်းဒေသကြီးသစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသိန်းတိုးက မီဒီယာတွေကိုပြောပါတယ်။

photo- from Kangyi mg Aerial Photography Video

နိုင်ငံတကာမှာ ဝေဟင်ကနေရဟတ်ယာဉ်နဲ့ သစ်မျိုးစေ့ချစိုက်ပျိုးဟာ အပင်ပေါက်ရောက်ရှင်သန်နှုန်းက(၆၅)%ကနေ (၇၅)% နှုန်းထိအောင်မြင်မှုတွေရှိခဲ့တယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ပထမဆုံးဆောင်ရွက်တာဖြစ်တဲ့ အတွက် အောင်မြင်မှုအတိုင်းအတာကိုအတိအကျပြောလို့မရဘူး၊ခန့်မှန်းလို့မရဘူးလို့ ဦးသိန်းတိုးကပြောပါတယ်။ ရဟတ်ယာဉ်ဖြင့် ဝေဟင်မှ သစ်မျိုးစေ့ချစိုက်ပျိုးခြင်းကို အင်းလေးမှာ ပထမဆုံးဆောင်ရွက်တာဖြစ်ပြီး အောင်မြင်မှုအတိုင်းအတာကိုကြည့်ပြီးတော့ တခြားတိုင်းနဲ့ ပြည်နယ်တွေမှာ ဆောင်ရွက်သွားမှာ ဖြဟ်တယ်လို့လည်းသိရပါတယ်။ အခုအင်းလေးမှာ စိုက်ပျိုးတဲ့ သစ်မျိုးစေ့ချ စိုက်ပျိုးခြင်းကိုတော့ သစ်တောဦးစီးဌာနနဲ့ ထူးကုမ္ပဏီတို့က ပူးပေါင်းပြီးဆောင်ရွက်ခဲ့တာပါ။

Share

Loading Next Article...
က္က