အမေရိက မှာ ပညာသင်ယူခဲ့တဲ့ စင်ရော်မောင်မောင်နဲ့ မေသန်းနုတို့ရဲ့ သားလေး မင်းသန့်မောင်မောင်က မြန်မာနိုင်ငံကို ပြန်လာပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အနုပညာအလုပ်တွေ လုပ်ကိုင်တော့မယ်တဲ့။
Photo : စင်ရော်မောင်မောင်
မင်းသန့်မောင်မောင်က အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်ရှိ New York Film Academy School မှာ (၃)နှစ်ေကျာ် ပညာသင်ယူပြီးနောက် မြန်မာနိုင်ငံကို ပြန်လာပြီလို့ သိရပါတယ်။ သားလေး ပြန်ရောက်လာပြီ ဖြစ်တာကြောင့် မိဘနှစ်ပါး ဖြစ်တဲ့ စင်ရော်မောင်မောင်နဲ့ မေသန်းနုတို့က ဝမ်းသာပီတိဖြစ်လို့ နေကြပါတယ်။ မင်းသန့်မောင်မောင်က ဒီနေ့(ဖေဖော်ဝါရီ ၂၃ရက်)မှာ မြန်မာနိုင်ငံကို ရောက်ရှိလာတာဖြစ်ပြီး မိဘနှစ်ပါးက လေဆိပ်မှာ သွားကြိုခဲ့ကြပါတယ်။
Photo : စင်ရော်မောင်မောင်
သားလေးကို တွေ့ရလို့ ပျော်ရွှင်ကြည်နူးနေတဲ့ မိသားစုပုံရိပ်လေးကိုလည်း စင်ရော်မောင်မောင်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ဖေဖော်ဝါရီ(၂၃) ရက်နေ့က တင်ခဲ့ပါတယ်။ မင်းသန့်မောင်မောင်ဟာ သူသင်ယူခဲ့တဲ့ ပညာတွေနဲ့ မြန်မာနိုင်ငံကို ပြန်လာပြီး အနုပညာအလုပ်တွေ လုပ်ကိုင်သွားတော့မယ်လို့လည်း စင်ရော်မောင်မောင်က ဆိုပါတယ်။
“New York Film Academy တွင် ရုပ်ရှင်ပညာကို ၃ နှစ်ကျော်ကြာ ပညာသင်ကြားပြီးနောက် ၂၀၁၈ ခုနှစ်၌ Bachelor of Fine Arts ဘွဲ့ ရရှိကာ ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ရုပ်ရှင်အနုပညာလုပ်ငန်း စတင်လုပ်ဆောင်ရန်ရှိသဖြင့် နှုတ်ဆက်ညစာစားပွဲပြုလုပ်ကျင်းပပါသည်” ဆိုပြီး ဖေဖော်ဝါရီ(၁၈) ရက်နေ့က သူ့ရဲ့ ဖေ့ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။
Photo : စင်ရော်မောင်မောင်
မင်းသန့်မောင်မောင်ဟာ အမေရိကန်ရှိ Los Angeles, California, New York Film Academy School မှာ (၃)နှစ်ကျော် ပညာသင်ယူခဲ့တာဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာ ထိုကျောင်းက ချီးမြှင့်တဲ့ Bachelor of Fine Arts ဘွဲ့ ရရှိခဲ့ပါတယ်။ နိုင်ငံခြားမှာ အနုပညာဆိုင်ရာ ဘာသာရပ်များကို လေ့လာနေတဲ့ မင်းသန့်မောင်မောင်ဟာ ပြီးခဲ့တဲ့ လပိုင်းလောက်က မြန်မာနိုင်ငံသို့ခေတ္တခဏ ပြန်လာခဲ့ပါသေးတယ်။
Photo : စင်ရော်မောင်မောင်
သူပြန်လာချိန်မှာလည်း New York Film Academy မှ Final Thesis အတွက် Short Film လာရောက် ရိုက်ကူးတာဖြစ်ပြီး ယင်း Short Film ကို "Look At Me" လို့နာမည်ပေးခဲ့ပါတယ်။ အဲ့ဒီ Film ဟာ ကွဲကွာနေတဲ့ မိဘတွေကြားထဲမှာ သူကျင်လည်ရတဲ့ ခံစားချက်ကို ပုံဖော်ရိုက်ကူး ထားတာ ဖြစ်ပါတယ်။
မင်းသန့်မောင်မောင်ဟာ စင်ရော်မောင်မောင်နဲ့ မေသန်းနုတို့ရဲ့ တစ်ဦးတည်းသော သားဖြစ်သလို ငယ်စဉ်ကတည်းက ပရိသတ်တွေနဲ့ ရင်းနှီးခဲ့တဲ့ ကလေးလေးတစ်ယောက်လည်းဖြစ်ပါတယ်။ သူတို့ မိသားစု သုံးယောက်ပေါင်းပြီး ကြိုးစားရိုက်ကူးထားတဲ့ ''ထာဝရအမေ'' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ကလည်း အောင်မြင်မှုတွေ အများကြီးရရှိခဲ့ပါတယ်။