Liam လေးက မေမေ ယွန်းဝတီလွင်မိုးနဲ့ အတူ တီဗီကြော်ငြာ ရိုက်ကူးနေတာကို တွေ့ရပါတယ်။ Liam လေးဟာ ၆ လ အရွယ်သာရှိပါသေးတယ်။
Photo: May Thu
ယွန်းဝတီလွင်မိုးနဲ့ သားလေး Liam တို့ဟာ ကလေး အသုံးအဆောင်ပစ္စည်း ကြော်ငြာ အတူတူရိုက်ကူးနေတာကို တွေ့ရပါတယ်။ မေမေနဲ့ သားသားတို့ကို အတူတွဲ တွေ့ရမယ့် ပထမဆုံး ကြော်ငြာလေးလည်း ဖြစ်ပါတယ်။
‘’သားသားနဲ့မေမေ shooting’’ ဆိုပြီးတော့ လွင်မိုးရဲ့ဇနီးဖြစ်သူ ယွန်းဝတီလွင်မိုးရဲ့ မိခင် မမေသူရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ည ၇ နာရီ ၄၉ မိနစ်က ရေးသားခဲ့ပါတယ်။ အဲဒီနောက် မြေးလေး Liam နဲ့ ယွန်းဝတီလွင်မိုးတို့ရဲ့ ရိုက်ကွင်းပေါ်က ပုံရိပ်လေးတွေကိုလည်း တင်ခဲ့တာကို တွေ့ရပါတယ်။
Photo: May Thu
ယွန်းဝတီလွင်မိုးဟာ သားလေး Liam ကို မြန်မာနာမည် အနေနဲ့ လွင်ထက် လို့ နာမည်ပေးထားပါတယ်။ Liam က အခုဆိုရင် ၆ လသားအရွယ်ရှိပြီဖြစ်ပြီး ထိုင်တတ်နေပြီလို့လည်း သိရပါတယ်။ မေမေယွန်းဝတီလွင်မိုးကို ချစ်တဲ့ ပရိသတ်တွေက သားလေး Liam ကိုလည်း အချစ်တွေ အများကြီး ပေးထားတာ တွေ့ရပါတယ်။
Photo: May Thu
၂၀၁၈ ခုနှစ် အောက်တိုဘာလထဲမှာ အသက် ၂၀ ပြည့်ခဲ့တဲ့ သရုပ်ဆောင်ယွန်းဝတီလွင်မိုးဟာ ချစ်သူဖြစ်သူ မောင်ထက်ဦးလှိုင်နဲ့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ (လွတ်လပ်ရေး) မနက်ပိုင်းက MELIA Hotel Yangon မှာ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲ ပြုလုပ်ခဲ့ပြီး ညနေပိုင်းမှာလိုင်း MELIA Hotel Yangon မှာပဲ မင်္ဂလာညစာစားပွဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
Photo: May Thu
ယွန်းဝတီလွင်မိုးရဲ့ သားလေးကို ၂၀၁၈ ခုနှစ် သြဂုတ်လ (၇) ရက်နေ့ ညနေ ၅ နာရီ အချိန်က သြစတေးလျနိုင်ငံ မဲဘုန်းမြို့က Saint Vincent ဆေးရုံမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ သူမက သားလေးအပြင် နောက်ထပ် သမီးလေးတစ်ယောက် ထပ်လိုချင်သေးတယ်လို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။