ဂုပ်ပိုးလေးမှာ ထိုးထားတာ ချစ်စရာလေး။

သူမရဲ့ ဂုပ်ပိုးလေးမှာ တက်တူးထိုးလိုက်တာပါ။ ပုံလေးက ချစ်စရာလေးနော်။

Photo : ချောရတနာ

ချောရတနာကတော့ သူချစ်ရတဲ့ ချစ်ရတဲ့ သားလေးနာမည် Thar Thar နဲ့ သမီးလေးနာမည် Co Co တို့ကို သူမရဲ့ ဂုပ်ပိုးမှာ အမှတ်တရ ရေးထိုးလိုက်တာ ဖြစ်ပါတယ်။ အဲဒီပုံလေးကိုလည်း သူမရဲ့ ဖေ့စ်ဘွတ်မှာ အောက်တိုဘာ(၄) ရက်နေ့က တင်ထားတာ တွေ့ရပါတယ်။ သူမထိုးထားတဲ့ တက်တူးပုံလေးကို ကြည့်ချင်းအားဖြင့် သားနဲ့သမီးကို ထားရှိတဲ့ သူမရဲ့ မေတ္တာတရားလေးတွေကို လည်း မြင်တွေ့နိုင်မှာပါ။ ကလေးတွေ အရွယ်ရောက်လာတဲ့အချိန်မှာလည်း ဒီပုံလေးတွေကို ကြည့်ပြီး ကြည်နူးမိမှာ အမှန်ပါ။

Photo : ချောရတနာ

ချောရတနာဟာ လက်ရှိမှာ သားနဲ့သမီးလေးကို အနီးကပ် ပြုစုစောင့်ရှောက်နေတာဖြစ်ပါတယ်။ သူမဝါသနာပါတဲ့ အနုပညာအလုပ်တွေထက် မိသားစုကို အချိန်ပေးဖြစ်နေတာပါ။ အနုပညာအလုပ်တွေ ပြန်မလုပ်သေးပေမယ့်လည်း ပွဲတွေ တော်တော်များများ တက်ရောက်ဖြစ်နေတာကြောင့် သူမရဲ့ ခန္ဓာကိုယ်အတွက်လည်း ဂရုစိုက်နေတယ်လို့ သိရပါတယ်။

သူမရဲ့ ခန္ဓာကိုယ်ကိုအတွက်လည်း သိသိသာသာ ဝိတ်ချနိုင်ခဲ့ပြီဖြစ်သလို သူမရဲ့ အခုလိုဝိတ်ချဖြစ်တဲ့ ရည်ရွယ်ချက်ကိုလည်း ယခုလို ပြောပြခဲ့ပါသေးတယ်။

 ‘’ အလုပ်ပြန်လုပ်ချင်တာ၊ မလုပ်ချင်တာထက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလျှော့တယ်။ အဝတ်အစားဝတ်ရတာ လည်း အဆင်မပြေဘူး။ အဲဒီတော့ ဘယ်ပွဲမှလည်း မတက်ချင်ဘူးရှက်တယ်။ ဝလာတော့ နည်းနည်းလေး လှုပ်ရှားလိုက်တာနဲ့ လူက မောနေတယ်။ အဲဒါကို မကြိုက်တဲ့အတွက် အဓိက က ဝိတ်ချတာ ပေါ့နော်။ လှချင်တာကလည်း တစ်ကြောင်းပေါ့’’ လို့ သူကဆိုပါတယ်။

Photo : ချောရတနာ

အဲဒီနောက် ပေါင် ၁၈၀ ကနေ ပေါင် ၁၃၅ အထိ ဝိတ်ချနိုင်ခဲ့တဲ့ အကြောင်းကိုလည်း ချောရတနာက ပြန်လည် မျှဝေခဲ့ပြန်ပါသေးတယ်။

‘’ သမီးလေး ကိုယ်ဝန်တုန်းက ပေါင် ၁၈၀၊ မွေးပြီးသွားတဲ့အချိန်မှာ ပေါင်ကျသွား လောက်ပြီထင်တာ ပြန်ချိန်လိုက်တော့ ၁၇၈ ပေါင်တဲ့။ ၂ ပေါင်လောက်ပဲကျသွားတော့ အရမ်းလန့်သွားတယ်။ ဒါပေမယ့် ကလေးက ငယ်သေးတော့ ဝိတ်ချလို့ကလည်း မရသေးဘူး။ ဒါပေမယ့် ၆ လကျော်လောက်မှာ အစားအသောက်တွေ ဆင်ခြင်ရင်းနဲ့ တစ်နှစ်ကျော်လောက်မှ ဝိတ်ချဖြစ်တာပါ။ အခုက ပေါင်၁၃၅ ဖြစ်သွားပြီ’’ ဆိုပြီးတော့ စက်တင်ဘာလ ၈ ရက်နေ့ က ပြေတီဦးဖောင်ဒေးရှင်း ၁၀ နှစ်ပြည့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo : ချောရတနာ

ချောရတနာဟာ လက်ရှိမှာ သားနဲ့သမီးလေးကို အချိန်ပေးပြီး ပြုစုစောင့်ရှောက်နေတာ တွေ့ရပါတယ်။ ဒုတိယသမီးလေးကို ၂၀၁၈ ခုနှစ် မေလ(၁၂) ရက်နေ့က ဝိတိုရီယဆေးရုံမှာ မွေးခဲ့တာဖြစ်ပါတယ်။ သမီးလေးကိုယ်ဝန်စရှိကတည်းက အကျႌကြော်ငြာတွေ ရိုက်ကူးခဲ့ရသလို သမီးလေး မွေးပြီးတဲ့ အခါမှာလည်း ကြော်ငြာရိုက်ကူးမှုတွေ ပြုလုပ်ခဲ့ရပါသေးတယ်။ အသားဖြူဖြူ၊ အရပ်ရှည်ရှည် ဆံပင်ရှည်ရှည်နဲ့ ချစ်စရာကောင်းခဲ့တဲ့ ချောရတနာကို တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ အားပေးခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီနောက် ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးလာရတာ အိမ်ထောင်မကျခင်အထိပါပဲ။



Share

Loading Next Article...
က္က