ဒီနှစ်မွေးနေ့ကတော့ သူ့အတွက် အပျော်ရဆုံးပါတဲ့။

မိုးမိုးက သူ့ရဲ့ မွေးနေ့မှာ အပျော်ဆုံးအချိန်တွေနဲ့ ဖြတ်သန်းခဲ့ရတယ်လို့ စကားဆိုထားပါတယ်။ နောက်ထပ် သားလေးတစ်ယောက် တိုးလာပြီမို့ ပျော်မဆုံးဖြစ်လို့နေပါတယ်။

Photo: Moe Sithu Kyaw

အဆိုတော်မိုးမိုးက ၂၀၁၉ ခုနှစ်၊ မေလအတွင်းမှာ ကျရောက်ခဲ့တဲ့ သူ့ရဲ့မွေးနေ့ကတော့ ပျော်စရာကောင်းတဲ့ အမှတ်တရတွေ ပြည့်နှက်နေခဲ့ပါတယ်။ ဒီအပျော်တွေကိုလည်း မိုးမိုးက ပရိသတ်ဆီပြန်လည် မျှဝေပေးခဲ့ပါတယ်။

‘’ အပျော်ရွှင်ဆုံး မွေးနေ့လေးပါပဲ။ ကိုယ့်ကြောင့်ပျော်ရွှင်သွားရသူတွေကြည့်ပြီး အပျော်တွေကူးစက်၊ ပီတိဖြစ်ရသလို သမီးလေးကလည်း ၁ နှစ်နဲ့ ၂ လပြည့်။ မကြာမီ သားလေးကလည်း ဒီလထဲမှာ လာတော့မယ်ဆိုတဲ့ အသိနဲ့ တကယ်စိတ်ချမ်းသာရတဲ့ အမှတ်တရနေ့လေးပါပဲ’’ လို့ဆိုပါတယ်။

Photo: Moe Sithu Kyaw

မိုးမိုးဟာ ၂၀၁၉ ခုနှစ် မေလ ၈ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ သူ့ရဲ့ မွေးနေ့မှာတော့ သစ်တံခါးကျောင်းတိုက်မှာ မိသားစုနဲ့အတူ အလှူလေးတစ်ခု လုပ်ခဲ့ပါတယ်တဲ့။

‘’ကြိုတင် မစီစဉ်တဲ့ ခရီးဖြစ်တာတောင် ဘုန်းဘုန်းကြီးကို လာရောက်ဖူးမျှော်သူ အင်မတန်များနေလို့ ကိုယ့်ရဲ့ မွေးနေ့ အလှူငွေလေးကိုတောင် ည ၁၀နာရီမှ ခပ်သွက်သွက်လေး လှူဒါန်းခဲ့ကြရ’’ ဆိုပြီးတော့ မေလ ၉ ရက်နေ့ ည က သူ့ရဲ့ Facebook Story မှာ တင်ခဲ့တာ တွေ့ရပါတယ်။

Photo: Moe Sithu Kyaw

အဆိုတော်မိုးမိုး နဲ့ မြတ်ပီတိမိုးတို့ရဲ့ တစ်ဦးတည်းသော သမီးလေး မိုးအိပ်မက်လွှာ ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ အတွင်းက မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ သမီးလေးကိုတော့ ပရိသတ်တော်တော်များများက ဖေဖေ မိုးမိုးနဲ့ တူတယ်လို့ပြောကြတာကို တွေ့ရပါတယ်။ သမီးလေးရဲ့ အိမ်ခေါ်နာမည်လေးကတော့ ဂျူးငယ် ဖြစ်ပါတယ်။ မိုးမိုးမှာ ချစ်ရတဲ့ ဇနီးလေးနဲ့အတူ ချစ်ရတဲ့ သမီးလေးကိုလည်း ပိုင်ဆိုင်ထားပါတယ်။ မကြာခင်မှာ သူတို့ရဲ့ မိသားစုဝင်သစ်တစ်ယောက် တိုးလာတော့မှာလည်း ဖြစ်ပါတယ်။

Photo: Moe Sithu Kyaw

တနင်္ဂနွေမိုးရေစက်များ ဆိုတဲ့ တေးစီးရီးကနေ ပရိ သတ် အားပေးမှုအများကြီးရရှိခဲ့တဲ့ အဆိုတော် မိုးမိုး ကတော့ ဖျော်ဖြေရေးတွေမှာလည်း ပါဝင်သီဆိုနေရသလို၊ Group Song အခွေ တွေမှာ လည်း ပါဝင်သီဆိုနေရတာဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ EP ဆိုတဲ့ တစ်ကိုယ်တော်အခွေ MTV ရိုက်ဖို့ ဝိတ်ချနေတယ်လို့ ပြောပါတယ်။

Share

Loading Next Article...
က္က