မီးမလာတော့ ပူလို့ ရေသောက်တာ များသွားပါတယ်တဲ့။

ဟာသသရုပ်ဆောင် ကစ်ကစ် တစ်ယောက် အပူလွန်ပြီးရေသောက်များခဲ့တာကြောင့် အဆုတ်ထဲရေဝင်ကာ အမောဖောက်ပြီး ဆေးရုံတင်လိုက်ရတယ်လို့ ခင်သဇင်က ပြောပါတယ်။ ကစ်ကစ်ရဲ့ ကျန်းမာရေးအခြေအနေဟာ မေလအတွင်းမှာ ပိုဂရုစိုက်ရတဲ့အနေအထားမှာရှိတယ်လို့ သိရပါတယ်။

Photo: ခင်သဇင်

တစ်နှစ်ကျော်အကြာ ကျောက်ကပ်ဝေဒနာခံစားနေရတဲ့ ဟာသသရုပ်ဆောင် ကစ်ကစ်ဟာ ဆေးရုံတက်ရလိုက်၊ ဆင်းရလိုက်ပါပဲ။ အခုလည်းမေလ ၁၉ ရက်နေ့က ဆေးရုံထပ်တက်ရတယ်လို့ ကစ်ကစ်ကို စောင့်ရှောက်နေသူ သရုပ်ဆောင် ခင်သဇင်က ပြောပါတယ်။

‘’မနေ့ကမကစ် ဆေးရုံထပ်တက်ရပြန်ပါပြီ။ ကျောင်းစာလုပ်ရင်း ည ၁၁ နာရီလောက် ထပြေးကြည့်ရပါတယ်။ ထုံးစံအတိုင်းရေသောက်များပြီး ကျောက်ကပ်မကောင်းတော့ စွန့်မထုတ်နိုင်ပဲ အဆုတ်ထဲရေဝင် အမောဖောက်၊ ငိုနေတယ် မောလို့တဲ့။ အကြောင်းရင်းကတော့ မီးမလာတော့ ပူပြီးရေသောက်တာ။ အဲဒီတော့ မီးမလာလည်း ဖွင့်လို့ ရတဲ့ ရေခဲလေး ထည့်ပြီး ဖွင့်လို့ရတဲ့ portable air con လေးများရှိပါသလားဟင်။ ဖြေပေးကြပါဦး။ သွားဝယ်ရမှာမို့ပါ။ မီးမလာလည်း အေးနေဖို့ သူ့အိမ်မှာ စီစဉ်ပေးမှ ရပါတော့မယ်’’ ဆိုပြီးတော့ မေလ ၁၉ ရက်နေ့ နေ့လယ် ၁၂ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: ခင်သဇင်

ဟာသသရုပ်ဆောင် ကစ်ကစ်ရဲ့ ကျန်းမာရေး အခြေအနေက အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေဖြစ်နေတယ်လို့ သိရပါတယ်။ အဆုပ်ထဲ ရေဝင်ပြီး အမောဖောက်နေတာကြောင့် ရန်ကုန်ဆေးရုံကြီးကို မေလ(၁) ရက်နေ့က အရေးပေါ်အဖြစ် ချက်ချင်းဆေးရုံတင်ခဲ့ရတယ်လို့ တေးရေးမင်းကိုကလည်း သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါသေးတယ်။

“အခြေနေကတော့ အဆုပ်ထဲရေတွေထပ်ဝင်နေုပြီး အမောဖောက်နေပါတယ်။ ပင်လုံဆေးရုံမှတဆင့် သင်္ဃန်းကျွန်းဆေးရုံ သင်္ဃန်းကျွန်းဆေးရုံမှတဆင့် ရန်ကုန်အရေးပေါ်ဆေးရုံကြီးမှာတင်ထားရပါတယ်။ ခါးကနေရေဖောက်ပေးပေမယ့် ရေနဲ့သွေးတွေကရောနေပြီး ဆရာဝန်ပြောပြချက်အရ အတွင်းကပျက်စီးနေပြီဖြစ်တာကြောင့် လူနာကိုပိုပြီးဂရုစိုက်ရမယ်ဆိုတဲ့အကြောင်း အချိန်မရွေး အသက်အန္တရာယ်စိုးရိမ်ရတယ်ဆိုတဲ့ အကြောင်းပြောထားပါတယ်”လို့ သူက ဆိုပါတယ်။

Photo: ခင်သဇင်

သရုပ်ဆောင် ကစ်ကစ်ဟာ ဆီးချိုရောဂါကိုခံစားနေသလို ကျောက်ကပ် ကပါ မကောင်းတဲ့အတွက် အချိန်တော်ကြာ ဆေးကုသမှု ခံယူခဲ့ရ တာကြောင့် အနုပညာအလုပ်တွေနဲ့ရောပရိသတ်တွေနဲ့ပါ အဆက်အသွယ်ပြတ်ခဲ့ရပါတယ်။ ကစ်ကစ်ဟာ ၂၀၁၈ခုနှစ် နှစ်စပိုင်းတုန်းက ကျန်းမာရေး အခြေအနေတော်တော့်ကို မကောင်းခဲ့တာပါ။

Share

Loading Next Article...
က္က