အဖေများနေ့အတွက် သင်ဇာဝင့်ကျော်၊ စန္ဒီမြင့်လွင် နဲ့ ဘုန်းသီရိကျော်တို့ရဲ့ ရင်ထဲက စကားသံကို အခုလို ပြောပြလာပါတယ်။ ဇွန်လ ၁၂ ရက်နေ့ကတော့ အဖေများနေ့ဖြစ်ပါတယ်။
Photo: Facebook
၂၀၁၉ ခုနှစ် ဇွန်လ ၁၂ ရက်နေ့ကတော့ အဖေများနေ့ဖြစ်ပါတယ်။ ဖေဖေ့ကို ချစ်တဲ့အကြောင်း ကို အနုပညာရှင်တွေက သူတို့ရဲ့ ရင်တွင်းခံစားချက်တွေ အများကြီးဖွင့်ဟပြောပြလေ့ရှိကြပါတယ်။ ဒီအထဲမှာမှ သင်ဇာဝင့်ကျော်၊ စန္ဒီမြင့်လွင်နဲ့ ဘုန်းသီရိကျော်တို့က ဖေဖေ့အတွက် ရင်ထဲက စကားတွေ အခုလို ပြောပြထားပါတယ်။
သင်ဇာဝင့်ကျော် က သူမဘဝအတွက် ဖခင်ဆိုတဲ့ အရာကို အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါတယ်။
‘’ Happy Father’s Day ဖေဖေကြီး။ ဖေဖေက သမီးဘဝအတွက် တစ်ဦးတည်းသော Hero တစ်ယောက်ပါ။ အရမ်းချစ်တယ်။ ဖေဖေ့ သမီးဖြစ်ရတာ ဂုဏ်ယူတယ်’’ ဆိုပြီးတော့ ဇွန်လ ၁၆ ရက်နေ့ နေ့လယ် ၁ နာရီ မိနစ် ၅၀ ကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
Photo: Thinzar wint kyaw
အဲဒီနောက် စန္ဒီမြင့်လွင်ကလည်း ဖေဖေ နဲ့ ပတ်သက်ပြီး သူမရဲ့ခံစားချက်ကို အခုလို ပြောပြခဲ့ပါတယ်။
‘’ ကမ္ဘာပေါ်ရှိအဖေများအားလုံး Happy father’s day’’ ဆိုပြီးတော့ ဇွန်လ ၁၆ ရက်နေ့ နေ့လယ် ၁၂ နာရီ ၅၃ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် ဖခင်ဖြစ်သူနဲ့ အမှတ်တရ ဓာတ်ပုံကိုလည်း အတူတွဲပြီး တင်ထားတာ တွေ့ရပါတယ်။
Photo: Sandy Myint Lwin
နောက်ထပ်လည်း သရုပ်ဆောင် ဘုန်းသီရိကျော်က ဖေဖေ နဲ့ ပတ်သက်လာရင် အမှတ်တရကောင်းတွေ အများကြီးရှိတယ်လို့ ဆိုပါတယ်။
‘’ အဖေနဲ့ အမှတ်တရတွေကတော့ များပါတယ်။ မကောင်းတာတွေတော့ မရှိပါဘူး။ ချက်ချင်းကြီးကျပြန်တော့လည်း မမှတ်မိဘူးပေါ့နော်။ ဖေဖေ နဲ့က ကောင်းတဲ့အမှတ်တရတွေပဲ ရှိခဲ့တာပါ။ ဖေဖေ့ကို အများကြီး ချစ်ပါတယ်’’ ဆိုပြီးတော့လည်း ဇွန်လ ၁၃ ရက်နေ့က oppo Reno Series Launch ပွဲမှာ မီဒီယာတွေကို ပြောပြခဲ့တာဖြစ်ပါတယ်။
Photo: Phone Thiri Kyaw
သရုပ်ဆောင် သင်ဇာဝင့်ကျော်၊ အဆိုတော် စန္ဒီမြင့်လွင် တို့ဟာ ပရိသတ်အခိုင်အမာ ရရှိပြီးသား အနုပညာရှင်တွေ ဖြစ်ကြပါတယ်။ လက်ရှိမှာလည်း အနုပညာအလုပ်တွေ လုပ်ကိုင်နေကြတဲ့ အနုပညာရှင်တွေပါ။ ဘုန်းသီရိကျော်ကတော့ တီဗီကြော်ငြာတွေသာ ရိုက်ကူးနေရတာဖြစ်ပြီး ပညာရေးကိုလည်း ဦးစားပေးနေသူဖြစ်ပါတယ်။