သားလေးအတွက် ဝမ်းသာပီတိဖြစ်လို့နေပါတယ်။

မိုးအောင်ရင်က အမေအရင်းတစ်ယောက်လို ချစ်ရတဲ့ မို့မို့မြင့်အောင်ကို ကိုယ်တိုင်ကိုယ်ကျ သွားကန်တော့ခဲ့တာကို တွေ့ရပါတယ်။ သားဖြစ်သူရဲ့ လိမ္မာသိတတ်မှုတွေကိုလည်း မို့မို့မြင့်အောင်က ဝမ်းသာပီတိဖြစ်လို့နေပါတယ်။

Photo: Moht Moht Myint Aung



မို့မို့မြင့်အောင်ကတော့ သားအရင်းတစ်ယောက်လို ချစ်ရတဲ့ မိုးအောင်ရင်က သူမကို ကိုယ်တိုင်ကိုယ်ကျ အိမ်အထိလာကန်တော့ခဲ့တာကြောင့် ဝမ်းသာနေတာတွေ့ရပါတယ်။ မိုးအောင်ရင်ကိုယ်တိုင်ကလည်း အကျဉ်းထောင်က လွတ်ပြီးကတည်းက အမေမွှေးရဲ့ အိမ်ကို ပထမဆုံးအကြိမ် သွားရောက်ခဲ့တာလည်းဖြစ်ပါတယ်။

‘’ဒီနေ့တော့ နေ့လယ် က သားသားလာကန်တော့တယ်။ မို့အမျိုးသားနဲ့၁၉၈၇ခုနှစ်ကလက်ထပ်တာဆိုတော့ သားသားကိုမွေးမယ်ဆို၈၈ခုနှစ်ပေါ့။ သားသားက ၈၈ မှာမွေးတာလေ။ ဝမ်းနဲ့လွယ်မမွေးရပေမယ့် အနုပညာနဲ့လွယ်မွေးရတာပါ။ကိုယ်သားကိုအကောင်းဆုံးတွေကြီးဖြစ်စေချင်ခဲ့တာပါ။ အခုသားသားကလိမ္မာနေပြီဆိုတော့အဆိုးထဲကအကောင်းပေါ့။ သားသားကိုမြတ်စွာဘုရားစောင့်ရှောက်လို့ လူချွန်လူကောင်းဖြစ်ပါစေ’’ ဆိုပြီးတော့ အောက်တိုဘာလ ၂၀ ရက်နေ့ ည ၇ နာရီက သူမရဲ့ ဖေ့စ်ဘွတ် ပေ့ချ်မှာ ရေးသားခဲ့ပါတယ်။

Photo: Moht Moht Myint Aung

မိုးအောင်ရင်ကိုယ်တိုင်ကလည်း မို့မို့မြင့်အောင်ကို အမေအရင်းတစ်ယောက်လို ချစ်ခင်လေးစားတတ်တဲ့သူတစ်ယောက်ပါ။ အမေမွှေးဖြစ်စေချင်တဲ့သားဖြစ်အောင်ကြိုးစား မယ်လို့လည်းမီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။

‘’ အမေမွှေးက ကိုယ့်အပေါ် ဂရုတစိုက်ရှိတယ်ဆိုတော့ ကျွန်တော်လည်း ဂရုဏာသက်ပြီး စိတ်ထဲမှာ မကောင်းဘူး။ အခုတော့ အဲဒီလို ပူခဲ့ရတဲ့ အပူတွေကို အခု ဘာနဲ့ ပြန်ပြီး ကျေးဇူးဆပ်ချင်သလဲဆိုတော့ အဖေ တို့ကို ပြောခဲ့တဲ့အတိုင်းပဲ သူ့စိတ်ပူမှုတွေ မရှိတော့အောင် ကျွန်တော်ကို ကြည့်ပြီးတော့ သူ ဂုဏ်ယူနေရအောင် ကျွန်တော် ကြိုးစားချင်တယ်’’ လို့ ဆိုပါတယ်။

Photo: Moht Moht Myint Aung

မို့မို့မြင့်အောင်နဲ့ မိုးအောင်ရင် တို့ဟာ သားအမိအရင်းတွေလို ချစ်ကြတဲ့သူတွေဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွေ လည်း အတူတူ ရိုက်ခဲ့ဖူးကြပါတယ်။ သူမ ရဲ့ အနုပညာသက်တမ်းကတော့ ၃၉ နှစ်ရှိပါပြီ။ အဲဒီနောက် အနုပညာ မှတ်တိုင် ဖြစ်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကတော့ ၁၉၈၅ ခုနှစ်က ‘’နှလုံးသားမြို့တော်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ ဆု အဖြစ် ပထမဆုံးအကယ်ဒမီဆုကို ရရှိခဲ့ပါတယ်။ အဲဒီနောက် ၁၉၈၉ ခုနှစ်မှာ ‘’ခပ်စိမ်းစိမ်း နေပါမယ်’’ ရုပ်ရှင်ကား၊ ၁၉၉၁ ခုနှစ်မှာ ‘’ သမီးနှင့် အမေများ’’ ဆိုတဲ့ ရုပ်ရှင်ကား၊ ၁၉၉၆ ခုနှစ်မှာ ‘’မသုဓမ္မစာရီ’’ ဆိုတဲ့ ရုပ်ရှင်ကား၊ ၂၀၀၈ ခုနှစ်မှာတော့ ‘’မြင်းမိုရ်ထက်က သရဖူ’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိပိုင်ဆိုင်ခဲ့သူဖြစ်ပါတယ်။

Photo: Moht Moht Myint Aung

မိုးအောင်ရင်ကိုတော့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကား၊ တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာဖြစ်ပါတယ်။ သူဟာ အဆိုတော် အောင်ရင်ရဲ့ သားတစ်ယောက်ဖြစ်ပါတယ်။ အပြုံးချိုချို၊ သဘောကောင်းလွန်းသူ၊ ပေးလာတဲ့ ကာရိုက်တာအပေါ် အကောင်းဆုံး သရုပ်ဆောင်နိုင်သူဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အချစ်ကို ဒီနေ့ အထိ ရရှိပိုင်ဆိုင်ထားတဲ့ မင်းသားချောတစ်ယောက်ပါ။ မိုးအောင်ရင်ဟာ မေလ ၇ ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းထောင်ကနေ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။



Share

Loading Next Article...
က္က