အဲ့လိုအခွင့်အရေး မရခဲ့ဘူးတဲ့။

အေသင်ချိုဆွေက သူခံစားရတဲ့ ခံစားချက်တွေကို အမေ့ရင်ခွင့်ထဲ ရင်ဖွင့်ပြီး ငိုချင်မိတဲ့ အချိန်တွေ ရှိခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမယ့်လည်း မျက်ရည်ကျတာ မကြိုက်တဲ့ သူမရဲ့ မိခင်ကြောင့် ဒီလိုအခွင့်အရေးမျိုး မရခဲ့ဘူးတဲ့။

Photo : အေသင်ချိုဆွေ

အဆိုတော် အေသင်ချိုဆွေက သူငယ်ငယ်လေးကတည်းက တောင့်တခဲ့ရတဲ့ အချိန်တွေထဲက တစ်ခုက သူမခံစားရတဲ့ ခံစားချက်တွေကို မိခင်ရင်ခွင်ထဲမှာ ရင်ဖွင့်ပြီး ပြောပြချင်တာပါတဲ့။ ဒါပေမဲ့ အခုအသက်အရွယ်အထိ အဲ့လို အခွင့်အရေးမျိုး မရခဲ့ဘူးဆိုတဲ့အကြောင်းတွေကို Duwun နဲ့ သီးသန့်အင်တာဗျူးမှာ ပြောပြခဲ့ပါတယ်။

“အမေ့ရင်ခွင့်ထဲမှာ ရင်ဖွင့်ပြီး ငိုတာတွေဘာတွေ မရှိခဲ့ဘူး။ အဲ့လိုမျိုးတော့ တစ်ခါတလေ အရမ်းတောင့်တတယ်။ အသက်၂၀လောက်တုန်းကလည်း အသည်းကွဲတာပေ့ါ အသည်းကွဲတုန်းကလည်း ခံစားရတဲ့ ခံစားချက်တွေကို ပြောပြပြီး ငိုချင်တာ။ ဒါပေမဲ့ အမေက ငိုတာမကြိုက်ဘူး။ နှစ်သိမ့်ပေးတာလည်းမရှိဘူး။ တစ်ခုခုဆိုရင် ကိုယ့်ဘာသာကိုယ်ပဲ ခံစားပြီး ကိုယ့်အစ်မတွေ ညီမတွေကို ရင်ဖွင့်ခဲ့ရတာ။ အမေ့ဆီမှာတော့ တစ်ခါမှ မပြောခဲ့ဖူးဘူး” လို့ သူမက ပြောပြခဲ့တာပါ။

Photo : အေသင်ချိုဆွေ

သူမရဲ့ ဘဝမှာ မိခင်ကို အရမ်းလွမ်းပြီး အရမ်းသတိရခဲ့ရတဲ့ အချိန်တစ်ချိန် ရှိခဲ့ဖူးပါတယ်။ အဲဒီအချိန်က မိသားစုကို စွန့်လွှတ်ပြီး အပြင်မှာတစ်ယောက်တည်း နေခဲ့ရတဲ့ အချိန်ဖြစ်တယ်လို့ သူမက ပြောပြခဲ့ပါတယ်။

“အေသင်အပြင်မှာ ထွက်နေတုန်းက တစ်ယောက်တည်း နေတဲ့ အချိန်တုန်းက တော်တော်လေးကို အိမ်ရဲ့တန်ဖိုး ပိုပြီးသိသွားတာ။ ပိုဆိုးတာ ကျတော့ ကိုယ်ကယုံကြည်ပြီးတော့ ကိုယ်ရွေးချယ်လိုက်တဲ့သူပေ့ါ သူနဲ့အတူတူနေတယ်။ မိသားစုကို စွန့်ပစ်ပြီးတော့ နေတာပေ့ါ။ ဒါပေမဲ့ အဲဒီအချိန်မှာ ကြုံခဲ့ရတဲ့ အခက်အခဲတွေ ကိုယ့်ကို သူနှိပ်စက်တာတွေ ကြုံလာရတဲ့အခါမှာ အမေ့ဆီ ပြန်ပြေးချင်တာ။ အဲ့လိုအချိန်တွေရှိခဲ့တယ်။ အော်….အမေပြောတာတွေကမှ ကိုယ့်အနေနဲ့ ခံသာသေးတယ်ပေ့ါ။ သူစိမ်းတစ်ယောက်ရဲ့ ပြောတာဆိုတာတွေ ခံနေရတဲ့အချိန်မှာ အမေ့ကို အရမ်းသတိရမိတယ်။ အရမ်းလည်းဝမ်းနည်းတယ်။ အဲ့ဒီအချိန်ကတော့ ဆိုးဆိုးဝါးဝါးပါပဲ” ဆိုပြီးတစ်ချိန်က ခံစားခဲ့ရတဲ့ ခံစားချက်လေးတွေကို Duwun Media ကို ရင်ဖွင့်ပြောပြခဲ့တာပါ။

Photo : အေသင်ချိုဆွေ

သူမနားမှာ အမြဲတမ်း ရှိနေပေးခဲ့တဲ့ အမေနဲ့ အမြဲတကျက်ကျက်ဖြစ်နေနေပေမဲ့ အေသင်က အမေ့ကို အရမ်းချစ်ကြောင်း ရင်ဖွင့်ပါတယ်။ ဒါပေမဲ့ အေသင်တို့မိသားစုက တစ်ယောက်နဲ့ တစ်ယောက် ဘယ်လောက်ချစ်ခင်ကြောင်း ပြောပြနေတတ်တဲ့ ရိုမန့်တစ်ဆန်တဲ့မိသားစုမဟုတ်ဘူးလို့ဆိုရင်း ပူပင်လွန်းတတ်တဲ့ အမေ့ကြောင့် သားအမိနှစ်ယောက်ကြား ကတောက်ကဆက်လေးတွေ ဖြစ်ရတဲ့အကြောင်း စကားပြောပွင့်လင်းလွန်းတဲ့ အေသင်က ပြောပြပါတယ်။

“အမေနဲ့က ညှိလို့မရတဲ့အပိုင်းက နည်းနည်းများတယ်။ သူ့ပူပင်မှုက ကိုယ့်ကို နည်းနည်း အဟန့်အတားလေးတွေဖြစ်စေတယ်။ အရမ်းကြီး Close မဖြစ်ဘူးပေ့ါ။ ဒါပေမဲ့ အေသင်က Close ဖြစ်ချင်တာ။ ညှိနှိုင်းလို့ သိပ်အဆင်မပြေတာပေ့ါ “ လို့ သူမက ဆိုပါတယ်။

ချစ်ရတဲ့ သမီးလေး Ivy ကို ရလာတဲ့အချိန်မှာ အေသင်အနေနဲ့ မိခင်ရဲ့ မေတ္တာတွေကို ပိုမိုနားလည်လာခဲ့ပါတယ်။

“Ivyလေးကို အရမ်းချစ်တယ်။ သူရဲ့ အနာဂတ်အတွက် ကိုယ့်မှာ ပူရတယ်ဆိုတော့ အမေကို ပိုပြီး ကိုယ်ချင်းစာလာတယ်။ သူလည်း အရမ်းပူတယ်။ သမီးတွေကို ပူတယ်။ သူပူပင်တာလေး သားသမီးကို ချစ်တဲ့စိတ်လေး အဲ့ဒါလေးကို ကိုအမေယ်ချင်းစာတတ်လာတယ်။ တစ်ခါတလေကျရင် အမေက အရမ်းပူတာများတော့ သူလည်း ပူလောင်တယ်။ အဲ့ဒါလေးကို နည်းနည်းလျှော့စေချင်တယ်” လို့ သူမက ဆိုပါတယ်။

အတူတူနေနေတဲ့ မိခင်နဲ့ ညှိနှိုင်းမရတာတွေ ရှိနေဆဲဖြစ်ပေမဲ့ အေသင်ကတော့ မိခင်မကြိုက်တဲ့အရာတွေကို အတတ်နိုင်ဆုံး ရှောင်ဖြစ်အောင် ကြိုးစားနေပါတယ်။ တစ်ဘဝလုံး ပင်ပန်းခဲ့တဲ့ မိခင်ကိုမပင်ပန်းချင်တော့ဘူးလို့ အေသင်က ရင်ဖွင့်ခဲ့ပါတယ်။

Share

Loading Next Article...
က္က