သမ္မတထရန့်က အိမ်ဖြူတော်မှာ အခမ်းအနားဖြင့် တရားဝင် စတင်လိုက်ပါတယ်။

အာကာသစစ်ပွဲများကို ကြီးကြပ်ကွပ်ကဲရန်အတွက် ပင်တဂွန်ဌာနချုပ်အသစ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က သြဂုတ် ၂၉ ရက်နေ့မှာ အခမ်းအနားဖြင့် တရားဝင် စတင်လိုက်ပါတယ်။

(Photo: Reuters)

နောက်ဆုံးပေါ် စစ်မျက်နှာသစ်မှာ အမေရိကန် အသာစီးရမှုကို တရုတ်နဲ့ရုရှားတို့က အပြင်းအထန် ဖိအားပေးနေတယ်လို့ အမေရိကန် လက်နက်ကိုင်တပ်ဖွဲ့များ အကြီးအကဲတွေက ယူဆထားကြပါတယ်။ အသစ်ဖွင့်လှစ်လိုက်တဲ့ ကွပ်ကဲရေးဌာနချုပ် SpaceCom က ဆက်သွယ်ရေးနဲ့ စောင့်ကြည့်ထောက်လှမ်းရေးအတွက် အသုံးပြုနေတဲ့ ရာနဲ့ချီအရေအတွက်ရှိ ဂြိုဟ်တုများအပါအဝင် အာကာသအတွင်းရှိ အမေရိကန် အကျိုးစီးပွားကိုကာကွယ်ရန် အာရုံစိုက်သွားမယ်လို့ ဆိုပါတယ်။



(Photo: AP)

"ဒီနေ့က သမိုင်းဝင်နေ့ပါပဲ၊ အမေရိကန်ရဲ့ လုံခြုံရေးနဲ့ကာကွယ်ရေးကို ဆောင်ရွက်မယ့် အာကာသအတွက် စစ်ဌာနချုပ် ရှိလာခဲ့ပါပြီ၊ SpaceCom က အာကာသမှာ အမေရိကန်ရဲ့ အင်အားကြီးမှုကို ဘယ်တော့ ခြိမ်းခြောက်မခံရအောင် အာမခံသွားမှာပါ" လို့ သမ္မတထရန့် အိမ်ဖြူတော်မှာ ပြုလုပ်ခဲ့တဲ့ အခမ်းအနားမှာ ပြောခဲ့ပါတယ်။

အမေရိကန်ရဲ့ စစ်ဌာနချုပ်အသစ်က ခေတ်သစ်စစ်ပွဲအတွက် မရှိမဖြစ်လိုအပ်တဲ့ ဆက်သွယ်ရေးနဲ့စောင့်ကြည့်ထောက်လှမ်းရေး ဂြိုဟ်တုများနဲ့ အလွန်မြင့်တဲ့နေရာမှ ပျံသန်းနိုင်တဲ့ လေယာဉ်ကဲ့သို့ အာကာသဆိုင်ရာ စွမ်းဆောင်ရည်တွေကို မြှင့်တင်သွားမယ်လို့ ဆိုပါတယ်။

(Photo: AFP)

အမေရိကန်လေတပ်မှာ ယခင်ကတည်းက အာကာသစစ်ပွဲအတွက် တပ်ဖွဲ့တစ်ဖွဲ့ရှိထားခဲ့ပြီး ယခုဌာနချုပ်သစ်က အာကာသစစ်ပွဲအတွက် အထူးပြုစနစ်နဲ့ အာကာသအတွင်း တိုက်ပွဲတွေအတွက် လေ့ကျင့်မှုများကို တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

"ကျွန်တော်တို့နိုင်ငံအတွက် အန္တရာယ်တွေက အဆက်မပြတ် ပြောင်းလဲဖြစ်ပေါ်နေပါတယ်၊ ကျွန်တော်တို့ရဲ့ ပြိုင်ဘက်တွေက အမေရိကန် ဂြိုဟ်တုတွေကို ပစ်မှတ်ထားပြီး နည်းပညာသစ်တွေနဲ့ ကမ္ဘာပတ်လမ်းကြောင်းမှာ လက်နက်တပ်ဆင်နေကြပါတယ်၊ ကျွန်တော်တို့ရဲ့ ဒီဂြိုဟ်တုတွေ စစ်မြေပြင် စစ်ဆင်ရေးတွေနဲ့ နေအိမ်မှာ လူနေမှုဘဝ နှစ်ခုလုံးအတွက် အလွန်အရေးပါပါတယ်" လို့ ထရန့်ကဆိုပါတယ်။

(Photo: AP)

"အမေရိကန်ကို ပစ်လွှတ်လိုက်တဲ့ မည်သည့်ဒုံးကျည်ကိုမဆို ထောက်လှမ်းသိရှိပြီး ဖျက်ဆီးပစ်ရေး အာကာသထဲမှာ စစ်ဆင်ရေးလုပ်ဆောင်ဖို့ ကျွန်တော်တို့ရဲ့ လွတ်လပ်မှုကလည်း မရှိမဖြစ် လိုအပ်ပါတယ်" လို့ အမေရိကန်သမ္မတက ဖြည့်စွက်ပြောခဲ့ပါတယ်။ အမေရိကန်မှာ အသစ်စတင်လိုက်တဲ့ အာကာသစစ်ပွဲအတွက် ကွပ်ကဲရေးဌာနချုပ်ကို လေတပ်ဗိုလ်ချုပ်ကြီး ဂျွန်ရေမွန်က ဦးဆောင်သွားမယ်လို့ AFP သတင်းက ဖော်ပြပါတယ်။


Share

Loading Next Article...
က္က