ကြေငြာချက် ၂ ခု ထုတ်ပြန်ခဲ့ပါတယ်။

ပဉ္စမျိုးဆက် ကွန်ရက်နည်းပညာသစ် 5G ဖွံ့ဖြိုးရေးအတွက် အရေးပါတဲ့ လှိုင်းနှုန်းစဉ်လေလံပွဲတစ်ခုကို ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ကျင်းပသွားတော့မှာပါ။

Photo: GSMArena



         အမေရိကန် သမိုင်းမှာ စီးပွားဖြစ်သုံးနိုင်တဲ့ အကြီးဆုံး လှိုင်းနှုန်းစဉ် လေလံပွဲကြီး ဖြစ်ဖို့ရှိတဲ့ ဒီလေလံပွဲမှာ မတူညီတဲ့ Spectrum bands ၃ ခုထဲမှာ 3400 MHz လှိုင်းနှုန်းစဉ်ပါမယ်လို့FCC (ဖက်ဒရယ်ဆက်သွယ်ရေးကော်မရှင်) ရဲ့ ကြေညာချက်ကို ကိုးကားပြီး CircleID မှ ဖော်ပြထားပါတယ်။ အမေရိကန်သမ္မတ ထရမ့်နဲ့FCC ရဲ့ ဥက္ကဌ အဂျစ်ပိုင်တို့ဧပြီ ၁၂ ရက် White House မှာ ကျင်းပခဲ့တဲ့ 5G ဖော်ဆောင်ရေး အဖြစ် အထူးပွဲတစ်ခု ရှင်းလင်းသွားခဲ့တာပါ။

         အဓိကအားဖြင့် ဒီပွဲမှာ ကြေငြာချက်ကြီး ၂ ခု လုပ်ဆောင်ခဲ့ပါတယ်။ တစ်ခုက လာမယ့် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ စတင်သွားမယ့် တတိယအကြိမ် 5G Spectrum လေလံပွဲအကြောင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလထဲမှာ FCC ဟာ commercial wireless provider တွေ သုံးဖို့အတွက် 1550MHz လှိုင်းနှုန်းစဉ်ကို လေလံဆွဲခဲ့တာပါ။

Photo: CNET

         ဒုတိယကြေငြာချက်ကတော့ FCC ဥက္ကဌ ပိုင်အနေနဲ့ကျေးလက်ဒစ်ဂျစ်တယ် အခွင့်အလမ်းးရန်ပုံငွေတစ်ခု တည်ထောင်ဖို့အစီအစဉ်များ ဖြစ်ပြီး ဒီထဲမှာ နောက် ၁၀ နှစ်ကျော်အထိ အမေရိကန်ကျေးလက်တွေမှာ မြန်နှုန်းမြင့် broadband ကွန်ရက် ဖြန့်ကြက်ဖို့ဒေါ်လာ ၂၀.၄ ဘီလျံသုံးစွဲသွားမယ်လို့ဖော်ပြထားပါတယ်။

          အမေရိကန်အစိုးရအဖွဲ့ဟာ ကိုယ်ပိုင် 5G ကွန်ရက်တစ်ခု တည်ထောင်သွားမယ်ဆိုတဲ့ သတင်းတွေကိုလည်း ပယ်ချသွားခဲ့ပြီး အစိုးရရဲ့ လမ်းစဉ်ဟာ ပုဂ္ဂလိကကဏ္ဍဦးဆောင်မောင်းနှင်မှုပဲ ဖြစ်သလို အစိုးရအနေနဲ့ငွေအများကြီး မသုံးနိုင်ဘူးလို့ပြောသွားခဲ့ပါတယ်။

         တောင်ကိုရီးယားဟာ ကမ္ဘာပေါ်မှာ ပထမဆုံး 5G ကွန်ရက်ကို နိုင်ငံအဝှမ်း ပထမဆုံး စီးပွားဖြစ် အသုံးချနိုင်ခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ အမေရိကန်တယ်လီကွန်းကုမ္ပဏီ Verizon ကတော့ပြီးခဲ့တဲ့ လထဲက ချီကာဂိုမှာ အမေရိကန်ရဲ့ ပထမဆုံး 5G ကွန်ရက်ဖြန့်ချိခဲ့ပေမယ့် ဒီကွန်ရက်ဟာ 5G Moto Mod သုံးနိုင်တဲ့ Moto Z3 ဖုန်းတွေမှာပဲ အသုံးပြုနိုင်ခဲ့တာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က