ခန္ဓာကိုယ် ၈၀ ရာခိုင်နှုန်း မီးလောင်ခဲ့တယ်လို့ဆိုပါတယ်။

အမေရိကန်သမ္မတအိမ်ဖြူတော်အနီး မြက်ခင်းပြင်နေရာမှာ အမျိုးသားတစ်ဦးက ကိုယ့်ကိုယ်ကိုယ် မီးရှို့မှုဖြစ်ပွားခဲ့ပြီး လက်ရှိမှာ အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေဖြင့် ဆေးရုံတင်ထားရကြောင်း Mirror သတင်းမှာ ဖော်ပြပါတယ်။


(Photo: Greg Miller/EPA-EFE/REX)

အိမ်ဖြူတော်အနီးမှာ ကိုယ့်ကိုယ်ကိုယ် မီရှို့ခဲ့ပြီးနောက် ရဲတပ်ဖွဲ့အရာရှိတွေက ထိုအမျိုးသားရဲ့ ခန္ဓာကိုယ်မှာ မီးစွဲလောင်နေမှုကို ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြပါတယ်။ မီးရှို့ခဲ့တဲ့ အမျိုးသားရဲ့ ခန္ဓာကိုယ် ၈၀ ရာခိုင်နှုန်း မီးလောင်ခဲ့တယ်လို့ဆိုပါတယ်။ လက်ရှိအချိန်အထိ မည်သူဖြစ်ကြောင်း အတည်မပြုရသေးတဲ့ အမျိုးသားက ဒေသစံတော်ချိန် မေ ၂၉ ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၂၀ ခန့်က သမ္မတအိမ်ဖြူတော်အနီး မြင်ခင်းပြင်မှာ ကိုယ့်ကိုယ်ကိုယ် မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း Secret Service က ပြောပါတယ်။

(Photo: Greg Miller/EPA-EFE/REX)

ကိုယ့်ကိုယ်ကိုယ် မီးရှို့ခဲ့တဲ့ အမျိုးသားဟာ မီးကာဝတ်စုံ ဝတ်ဆင်ထားခဲ့ဖွယ်ရှိကြောင်း TMZ သတင်းဝက်ဘ်ဆိုက်က ခန့်မှန်းရေးသားဖော်ပြခဲ့ပါတယ်။ ထိုအမျိုးသားဟာ မီးစွဲလောင်နေလျက်နဲ့ပင် တည်တည်ငြိမ်ငြိမ်ဖြင့် လမ်းလျှောက်နိုင်တာကြောင့် မီးကာဝတ်စုံ ဝတ်ဆင်ထားခဲ့လိမ့်မယ်လို့ TMZ က ခန့်မှန်းခဲ့တာလည်း ဖြစ်ပါတယ်။

(Photo: Tasos Katopodis/Getty Images/AFP)

အိမ်ဖြူတော်အနီး ကိုယ့်ကိုယ်ကိုယ် မီးရှို့ခဲ့တဲ့ အမျိုးသားကို ဖမ်းဆီးခဲ့ကြောင်းလည်း TMZ က ဆိုပါတယ်။ ဝါရှင်တန်မီးသတ်ဌာန ပြောခွင့်ရပုဂ္ဂိုလ်က "ကျွန်တော် အတည်ပြုနိုင်တာက အိမ်ဖြူတော်အနီးကနေ မီးလောင်ဒဏ်ရာတွေနဲ့ လူနာတစ်ယောက်ကို ဆေးရုံပို့ခဲ့ပါတယ်၊ အခု အခင်းဖြစ်နေရာမှာ လုံခြုံရေးတာဝန်ရှိသူတွေကို ကျွန်တော်တို့ ကူညီပေးနေပါတယ်" လို့ CNBC သတင်းဌာနကို ပြောခဲ့ပါတယ်။ လက်ရှိမှာတော့ ကိုယ့်ကိုယ်ကိုယ် မီးရှို့ခဲ့သူရဲ့ ရည်ရွယ်ချက်နဲ့ ၎င်းရဲ့အချက်အလက်တွေကို မသိရသေးပါဘူး။


Share

Loading Next Article...
က္က