ဗီဇာလျှောက်နေပြီ ဖြစ်ပြီး အမေရိကန်ကနေ တရုတ်ပြိုင်ပွဲကို တိုက်ရိုက်သွားမယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံ ရှန်ဟိုင်းမှာ Legendary Quest အမည်နဲ့ ဇွန်လ ၁၅ ရက်နေ့မှာ ကျင်းပသွားမှာလို့ ကနဦး သိထား ရပြီး ဖိုးသော်အနေနဲ့ အင်ဒိုနီးရှား ဖိုက်တာတစ်ဦးနဲ့ ထပ်မံ ယှဉ်ပြိုင် ထိုးသတ်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

One Championship ပြိုင်ပွဲရဲ့ MMA ဖိုက်တာ ဖိုးသော်ကတော့ လာမယ့် ဇွန်လမှာ ထိုးသတ်ရမယ့် ပြိုင်ပွဲအတွက် အကြို လေ့ကျင့်ပြင်ဆင်မှုကိုတော့ အမေရိကန်နိုင်ငံမှာ သွားရောက်နေထိုင် လေ့ကျင့် မယ်လို့



DuwunSportsကို ပြောခဲ့ပါတယ်။

“ကျွန်တော် ဇွန်လမှာ ကျင်းပမယ့် ရှန်ဟိုင်းပွဲမှာ ထိုးဖို့ အမေရိကန်မှာ သွားလေ့ကျင့်ပါမယ်။အခု ကျွန်တော် ဗီဇာ လျှောက်နေပါတယ်၊ရက်ပိုင်းအတွင်းသွားနိုင်အောင် ကြိုးစားနေပါတယ်၊အဲ့ဒီကနေ တရုတ်ပြိုင်ပွဲကို တစ်ခါ တည်းသွားယှဉ်ပြိုင်မှာပါ။” လို့ ဖိုးသော်က Duwun Sportsကိုပြောခဲ့တာပါ။

ဖိုးသော်က နောက်ဆုံး ထိုးသတ်ခဲ့တဲ့ MMA ပြိုင်ပွဲမှာ ဖိုးသော်ဟာ အင်ဒိုနီးရှားဖိုက်တာကို ပထမအချီပြီးခါနီးမှာပဲ ဒိုင်ပွဲရပ်နဲ့ အနိုင်ရခဲ့သူပါ။

အဆိုပါ ပွဲအတိုင်ခင်က မလေးရှားဖိုက်တာကို မထင်မှတ်ပဲ ချုပ်ကွက်နဲ့ အရေးနိမ့်ထားခဲ့တာလည်း ဖြစ်ပြီး အခုတစ်ကြိမ် တရုတ်ပြိုင်ပွဲမှာလည်း အင်ဒိုနီးရှား ဖိုက်တာတစ်ဦးနဲ့ပင် ထပ်မံ ထိုးသတ်သွားရဖွယ်ရှိတယ်လို့ လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က