လာမယ့် ၂၀၂၃ မှာ ဒေါ်လာ ၃၅၀ ဘီလျံအထိ အသုံးပြုသွားဖို့မှန်းထားပါတယ်။

Apple ဟာ အမေရိကန်ပြည်နယ် ၅၀ လုံးမှာ ရှိတဲ့ Supply ကုမ္ပဏီ ၉ ထောင်နဲ့စာချုပ်ချုပ်ဆိုလိုက်ပါတယ်။



နောက်ဆုံးရရှိထားတဲ့ ကုမ္ပဏီရဲ့ ဝန်ထမ်းခန့်အပ်မှု ကိန်းဂဏန်းများအရ Apple ဟာ အမေရိကန်မှာ ဝန်ထမ်း ၉ သောင်း တိုက်ရိုက်ခန့်ထားတယ်လို့ဆိုပါတယ်။ လာမယ့် ၂၀၂၃ မှာ နောက်ထပ် ဝန်ထမ်း ၂ သောင်း ထပ်ခန့်ဦးမယ်လို့Apple Insider သတင်းက ဆိုပါတယ်။


Photo: thestar

လက်ရှိမှာ ကုမ္ပဏီနဲ့စာချုပ်ချုပ်ဆိုထားတဲ့ Supply ကုမ္ပဏီ ၉ ထောင်ကနေ အလုပ်အကိုင်နေရာ ၄ သိန်းခွဲ ပေးထားတာပါ။ ကျန်တဲ့ အလုပ်အကိုင်နေရာတွေထဲမှာ app developers တွေလည်း ပါဝင်နေပြီး အမေရိကန်တစ်ခွင်မှာ စုစုပေါင်း ၁.၉ သန်းနီးပါး ရှိမယ်လို့ကုမ္ပဏီဘက်မှ ခန့်မှန်းထားပါတယ်။

ဒီပမာဏဟာ ပြီးခဲတဲ့ လပေါင်း ၃၀ ကထက် ၃ သိန်း ၂ သောင်းခွဲ ထပ်တိုးလာတာပါ။ ဒီထဲမှာ မြောက်ကယ်ရိုလိုင်းနားမှ developer ၁ သောင်းခွဲ ၊ ဖလော်ရီဒါမှာ ၃ သောင်းနဲ့ပင်န်ဆီဗေးနီးယားမှာ app creator ၂ သောင်း ၆ ထောင်ဆိုပြီး ထပ်တိုးလာတာ ဖြစ်ပါတယ်။ စုစုပေါင်းအားဖြင့် Apple ဟာ အမေရိကန်မှာ အလုပ်အကိုင်နေရာပေါင်း ၂.၄ သန်းကျော်ကို တာဝန်ယူထားတာ ဖြစ်ပါတယ်။

Photo: appleinsider


ဒီကိန်းဂဏန်းဟာ ပြီးခဲ့တဲ့ ၈ နှစ် ၂၀၁၁ ခုနှစ်ကထက် ၄ ဆ ပိုများလာတာ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်ထဲမှာ Apple ဟာ supplier တွေအတွက် စုစုပေါင်း ဒေါ်လာ ဘီလျံ ၆၀ အသုံးပြုခဲ့ပြီး ၂၀၂၃ မှာတော့ အမေရိကန်စီးပွားရေးအသိုင်းအဝိုင်းထဲကို ဒေါ်လာ ၃၅၀ ဘီလျံအထိ ထည့်ဝင်နိုင်ဖို့ရည်မှန်းထားတယ်လို့ဆိုပါတယ်။

Apple ဟာ တရုတ်နိုင်ငံအတွက် ၂၀၁၇ ခုနှစ်အထိ အလုပ်အကိုင်နေရာပေါင်း ၄.၈ သန်းကျော် ဖန်တီးပေးထားခဲ့ပါတယ်။

Share

Loading Next Article...
က္က