လေယာဉ်ကွင်းကနေ ပျံတက်လာခဲ့ပြီး မိနစ်ပိုင်းမျှအကြာမှာ နေအိမ်ပေါ်ကိုပျက်ကျခဲ့ပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်မှာ လေယာဉ်ငယ်တစ်စီး နေအိမ်တစ်လုံးပေါ် ပျက်ကျမှုခဲ့မှုကြောင့် လူငါးဦး သေဆုံးခဲ့ကြောင်း အမေရိကန်အာဏာပိုင်တွေက ပြောပါတယ်။ တနင်္ဂနွေနေ့ (ဖေဖေါ်ဝါရီ ၃ ရက်) က ဖြစ်ပွားခဲ့တဲ့ နေအိမ်ပေါ်ကို လေယာဉ်ပျက်ကျမှုအတွင်း လေယာဉ်မှူးနဲ့ အခြားလေးဦး သေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရခဲ့ပါတယ်။

(Photo: CNN)

အင်ဂျင်နှစ်လုံးတပ် လေယာဉ်ဟာ ပျံသန်းနေစဉ် မီးလောင်မှုဖြစ်ပြီးနောက် လော့စ်အိန်ဂျလိစ် ဆင်ခြေဖုံးဒေသ Yorba Linda မြို့ရှိ နေအိမ်တစ်လုံးပေါ်ကို ပျက်ကျခဲ့ကြောင်း မျက်မြင်တွေ့ခဲ့ရသူတွေက မီဒီယာကို ပြောခဲ့ပါတယ်။ အဆိုပါလေယာဉ်ဟာ Yorba Linda မြို့ အရှေ့တောင်ဘက် မိုင် ၂၀ ခန့်အကွာရှိ လေယာဉ်ကွင်းကနေ ပျံတက်လာခဲ့ပြီး မိနစ်ပိုင်းမျှအကြာမှာ နေအိမ်ပေါ်ကိုပျက်ကျခဲ့တာ ဖြစ်ပါတယ်။



တနင်္ဂနွေနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်မှာ လေယာဉ်ပျက်ကျကာ ပေါက်ကွဲမှုဖြစ်ပြီးနောက် နှစ်ထပ်နေအိမ် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပျက်ကျခဲ့တဲ့ လေယာဉ်ဟာ Cessna 414A အမျိုးအစားဖြစ်ပြီး လေယာဉ်မှူးက Fullerton Municipal လေဆိပ်ကနေ မကြာခဏ ပျံသန်းမောင်းနှင်လေ့ရှိကြောင်း LA Times သတင်းက ဖော်ပြပါတယ်။ လေယာဉ်ပျက်ကျမှုအတွင်း နေအိမ်မှာရှိနေခဲ့တဲ့ သေဆုံးသူတွေဟာ အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးနှစ်ဦး ဖြစ်တယ်လို့ Orange County အာဏာပိုင်တွေက သတင်းစာရှင်းလင်းပွဲမှာ အတည်ပြုခဲ့ပါတယ်။

လေယာဉ်ပျက်ကျခဲ့တဲ့ နေအိမ်အနီးမှာ လေယာဉ်အပျက်အစီးတွေ ပြန့်ကျဲနေတာတွေ့ရကြောင်း National Transportation Safety Board မှ Eliott Simpson က ပြောပါတယ်။

(Photo: Joshua Nelson/Twitter)

အခင်းဖြစ်နေရာကို မီးသတ်သမား ၇၂ ဦးနဲ့ ဒေသခံရဲတပ်ဖွဲ့ဝင်တွေ လာရောက်ခဲ့ကြပြီး လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။ "ဝုန်းခနဲမြည်သံကြီး ကြားလိုက်ရတယ်၊ ပေါက်ကွဲမှုတစ်ခုခုဖြစ်တဲ့အသံမျိုးပေါ့၊ အိမ်တွေတုန်ခါသွားတယ်" လို့ ဒေသခံတစ်ဦးက LA Times သတင်းဌာနကို ပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က