ဝါကျွတ်တာလည်း ကိုယ်နဲ့ မဆိုင်ဘူးလေ။

ဝေဠုကျော်ကတော့ သူငယ်ချင်းတွေ၊ ညီအစ်ကိုတွေက ဝါကျွတ်မှာ အစွံထုတ်ခဲ့ပြီးတာတောင် သူကတော့ မစွံသေးဘူးလို့ပြောပါတယ်။ အမေကလည်း ဘုန်းကြီး ဝတ်စေချင်ပြီတဲ့။

Photo: Wai Lu Kyaw



ဝေဠုကျော်ကတော့ သူ့ရဲ့ တစ်ကိုယ်တည်း လူပျိုကြီးဘဝမှာ အေးအေးချမ်းချမ်းနေရတာ သဘောကျတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူ့ရဲ့ သူငယ်ချင်းတွေ ညီအစ်ကိုတွေကတော့ အစွံထုတ်သွားခဲ့တာ ကြာပြီလို့ မီဒီယာ အင်တာဗျူးတွေ ကနေတဆင့် ဖြေဆိုခဲ့ပါတယ်။

‘’ သူငယ်ချင်းတွေတင် အစွံထုတ်ကုန်ကြတာမဟုတ်ဘူး။ ညီတွေတောင် အစွံထုတ်ကုန်ကြပြီ။ ကျွန်တော်သာ မကျွတ်သေးတာ တွန်းတာတော့ ဝိုင်းတွန်းကြပါတယ်။ ချောက်ထဲ ဖြစ်နေလို့ပါ။ တစ်ယောက်တည်းဆိုတော့လည်း လုပ်ချင်တာ လုပ်လို့ရသလို ဖြစ်ချင်တာတွေလည်း ဖြစ်သွားမှာပေါ့နော်။ ဒါပါပဲ လောကကြီးက အဲဒီတော့ အထိန်းအကွပ်ဆိုတာ လိုပါတယ်။ ကျွန်တော့်ကိုလည်း ဘယ်သူမှ ထိန်းရဲတဲ့သူမရှိတော့ လာမထိန်းကြဘူးပေါ့နော်’’ လို့ သူကဆိုပါတယ်။

Photo: Wai Lu Kyaw

အခုချိန်မှာတော့ သူဟာ ဆံပင်အရှည်ထားတယ်၊ သူအရမ်းကြိုက်တဲ့ ဖက်ရှင်အတိုင်းပဲ ဝတ်ဆင်တယ်၊ သွားလာတယ်လို့ ပြောပါတယ်။ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်နေရတဲ့ အချိန်တုန်းက ဆံပင်အရှည်ထားခွင့်မရခဲ့ဘူးလို့လည်း ဝေဠုကျော်က ရင်ဖွင့်ပြောပြခဲ့ပါတယ်။

‘’ကျွန်တော့်အကြိုက်က နဂိုကတည်းက မြင်းစီးတယ်။ Country သမားတွေဆိုတော့ Rocker တွေက ဘာပဲဖြစ်ဖြစ် ဆံပင်အရှည်ကို ကြိုက်ကြတယ်။ ရုပ်ရှင်ရိုက်နေရတဲ့ တစ်လျှောက်လုံးကတော့ ထားခွင့်မရခဲ့ဘူး။ ကျွန်တော် အခု ၂ နှစ်လောက် နားလိုက်တော့ ထားခွင့်ရသွားတယ်ပေါ့။ ဆံပင်ညှပ်ပါလို့ ပြောလာတဲ့သူရှိရင်တော့ ညှပ်မှာပါ’’ လို့ သူကဆိုပါတယ်။

Photo: Wai Lu Kyaw

ဝေဠုကျော်က သူ့ရဲ့ အမေကလည်း ဆံပင်ညှပ်ပြီး သာသနာ့ဘောင်ထဲ ဝင်ဖို့ တိုက်တွန်းနေတယ်ဆိုတာကို ဟာသလေးနှောရင်း ရယ်ရယ်မောမော ပြောပြခဲ့ပြန်ပါသေးတယ်။

‘’ အမေကတော့ ပြောတယ်။ ဆံပင်လည်းတော်တော်ရှည်နေပြီ။ လှူလို့လည်းရနေပြီ။ ကတုံးတုံးပြီး ဘုန်းကြီးဝတ်လိုက်ပါလားတဲ့။ ကုသိုလ်လည်းရတယ်ပေါ့။ အခု ဝါကျွတ်တာကတော့ ကျွန်တော်နဲ့ မဆိုင်သေးဘူးထင်တယ်။ ဆိုင်သင့်တာကတော့ ကြာနေပြီ မဆိုင်သေးတာက ခက်နေတာ’’ဆိုပြီးတော့ သဘောကျရယ်မောရင်းနဲ့ အောက်တိုဘာလ ၁၃ ရက်နေ့က မြန်မာ့ရုပ်ရှင်သက်ကြီးပူဇော်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Wai Lu Kyaw

ဝေဠုကျော်ဟာ ပရိသတ်တွေ လေးစားအားကျရတဲ့ သရုပ်ဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။ ဝေဠုကျော်ဟာ ၂၀၀၉ခုနှစ်ကစပြီး လူမှု အကျိုးပြုအလုပ်တွေကို လုပ်ကိုင်ဖို့ ဝေဠုကျော် ဖောင်ဒေးရှင်းကို စပြီး တည်ထောင်ဖြစ်ခဲ့တာပါ။ ဝေဠုကျော်က အနုပညာအလုပ်တွေ သာမက ပရဟိတအလုပ်တွေကိုပါ အားတတ်သရော ပါဝင်လှုပ်ရှားနေသူ တစ်ဦး ဖြစ်ပါတယ်။ အဲဒီနောက် လာကမ်းလှမ်းတဲ့ ရုပ်ရှင်ဇာတ်ကားတွေလည်း ရိုက်ကူးနေတယ်လို့ သိရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က