စက်တင်ဘာ ၁၄ ရက်နေ့ မနက် ၂ နာရီလောက်က လှိုင်သာယာမြို့နယ်မှာနေထိုင်တဲ့ ဇော်လတ်ဆိုသူဟာ မိခင်ဖြစ်သူ၊ အစ်မဖြစ်သူနဲ့တူမ ဖြစ်သူတို့ကို ဓါးနဲ့ ခုတ်တာကြောင့် ရဲတပ်ဖွဲ့ကဖမ်းဆီးအရေးယူထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Photo - Yangon Police
လှိုင်သာယာ (၁၄)ရပ်ကွက်၊ မလိခ(၃)လမ်းနေ ဇော်လတ်(၃၇)နှစ် ဆိုသူမှ နေအိမ်တွင်
အတူနေထိုင်ကြသည့် ၎င်း၏မိခင်ဖြစ်သူ အသက် ၇၆ နှစ်အရွယ်အမျိုးသမီးကို ရင်ညွှန့်အားဓါးနဲ့ ထိုးပြီး အစ်မတော်သူကို လည်း ဗိုက်ကိုဓါးနဲ့ တစ်ချက်ထိုးခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီနောက် တူမတော်စပ်တဲ့ ၁၆ နှစ်အရွယ်မိန်းကလေးကိုလည်း ဓါးနဲ့ ခုတ်ခဲ့တယ်လို့ရဲတပ်ဖွဲ့ကဆိုပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးအဖွဲ့က အခင်းဖြစ်နေရာသို့ သွားရောက်ခဲ့ရာမှာ ဇော်လတ် ရဲလက်ထဲမှာ ငှက်ကြီးတောင် ဓား(၁)ချောင်း အား ကိုင်ဆောင်ရမ်းကားနေတာကြောင့် ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။ ဇော်လတ်ဓါးနဲ့ ထိုး၊ ခုတ်တာကြောင့် ဒဏ်ရာရရှိခဲ့တဲ့သူတွေကိုတော့
အင်းစိန်ဆေးရုံမှာ အတွင်းလူနာတွေအဖြစ်ဆေးကုသမှုခံယူနေပါတယ်။
ဇော်လတ်ဟာ လွန်ခဲ့တဲ့ (၁)လလောက်က အရက်အလွန်အကျွံသောက်စာပြီး စိတ်မူမမှန်လို့ စိတ်ကျန်မာရေးဆေးရုံကြီး(ရွာသာကြီး)တွင် တက်ရောက် ဆေးကုသမှုခံယူခဲ့ဘူးသူဖြစ်ပါတယ်။
ဒ့ါကြောင့် ပြစ်မှုကျူးလွန်သူ ဇော်လတ်ကိုလှိုင်သာယာမြို့မရဲစခန်း (ပ)၃၄၇၇/၂၀၁၈၊ ရာဇတ်ကြီး ပုဒ်မ ၃၂၆ ဖြင့်
အမှုဖွင့်ပြီး အရေးယူဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။