ပရိသတ်တွေရော ဘာတွေပြင်ဆင်ထားလဲတဲ့။

မိန်းကလေး ပရိသတ်တွေရဲ့ အချစ်တော် သီဟအောင်က အမေများနေ့အတွက် မေမေ့ကို Surprise လုပ်မယ်လို့ ဆိုပါတယ်။ သူကတော့ လူကြမ်းသရုပ်ဆောင် ကိုကိုဦးရဲ့တစ်ဦးတည်းသော သားလေးဖြစ်ပါတယ်။


Photo: Thiha Aung

ူကြမ်းသရုပ်ဆောင် ကိုကိုဦးရဲ့သား သီဟအောင်ကတော့ မေလ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ အမေများနေ့အတွက် မိခင်ဖြစ်သူကို ထူးထူးခြားခြား ဘာလက်ဆောင်ပေးမလဲဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။ သူကတော့ လက်ဆောင် ပြင်ဆင်ပြီးပြီတဲ့။

’12ရက်နေ့ကအမေများနေ့နော်။ ကျွန်တော်ကတော့မေမေ့ကို Surprise လုပ်ဖို့ လက်ဆောင်ပြင်ဆင်ထားပြီးပြီ။ 12ရက်နေ့အတွက် Surprise က ဘာလေးဖြစ်မယ်ထင်လဲ။ အသည်းတို့ရော အသည်းတို့ မေမေတွေအတွက်ဘာတွေပြင်ဆင်ထားကြပြီးပြီလဲ’’ ဆိုပြီးတော့ မေလ ၈ ရက်နေ့ ည ၉ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: Thiha Aung

ကိုကိုဦးရဲ့သားလေး သီဟအောင်ကို ၂၀၁၈ခုနှစ် အကယ်ဒမီပေးပွဲ ရွှေကြိုကနေ ပရိသတ်တွေ သတိထားမိလာကြတာပါ။ ချစ်စရာကောင်းပြီး ရည်မွန်တဲ့ သူ့ရဲ့ပုံစံလေးကြောင့် မိန်းကလေး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိလာသူလည်း ဖြစ်ပါတယ်။ သူ့ရဲ့ ပထမဆုံးရတဲ့ အနုပညာငွေကြေးနဲ့ မိခင်ကို အရင်ဆုံး ကန်တော့ခဲ့တယ်လို့ဆိုပါတယ်။

“ပထမဦးဆုံးရတဲ့ အနုပညာကြေးနဲ့မေမေ့ကို အရင်ဆုံးကန်တော့တယ်။ အတိုင်းမသိရင်ထဲမှာ သားနားလည်သလောက် ဘာနှင့်မှမလဲနိုင်အောင်ပျော်ရွှ င်ရပါတယ်။ ဒီထက်မကလည်း ဖေဖေနှင့် မေမေကိုအလုပ်အကျွေးပြုရပါစေ” ဆိုပြီး ဧပြီ(၄) ရက်နေ့က သီဟအောင်ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

Photo: Thiha Aung

သူရဲ့ရင်ထဲက စာသားလေးနဲ့အတူ မိခင်နဲ့အတူ ရိုက်ထားတဲ့ ဓာတ်ပုံလေးကိုလည်း တင်ထားပါသေးတယ်။ မိခင်အပေါ် သိတတ်လွန်းတဲ့ သီဟအောင်ကို ပရိသတ်တွေ အချစ်ပိုနေကြပါပြီ။ သားဖြစ်သူရဲ့ အောင်မြင်မှုကိုကြည့်ပြီး ဖခင်ဖြစ်သူ ကိုကိုဦးကလည်း ကြည်နူးပီတိတွေ ဖြစ်နေပါသေးတယ်။ ကိုကိုဦးဟာ သားဖြစ်သူကို အရင်က ပရိသတ်တွေနဲ့ မိတ်ဆက်ပေးလေ့ မရှိပါဘူး။

Photo: Thiha Aung

သားလေး သီဟအောင်ကလည်း ပညာရေးဘက်မှာ ဦးစားပေးနေရတာကြောင့် ဖခင်ဖြစ်သူရဲ့ ရုပ်ရှင်ရိုက်ကွင်းတွေလည်း မလိုက်ဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်။

‘’ဇာတ်ကားတွေ ရိုက်တုန်းကတော့ ကျွန်တော့ဇနီးနဲပဲ သွားဖြစ်တာများတယ်။ တချို့တွေကတော့ ကိုကိုဦးမှာ သားလေးရှိတယ်ဆိုတာသိတယ်။ ဘယ်အရွယ်ရောက်နေပြီလဲဆိုတာတော့ မသိဘူး။ ကျွန်တော်ကလည်း ဒီလောကနဲ့ ၅ နှစ်လောက်ဝေးသွားတော့ ကိုကိုဦး မင်း သားလားဆိုတာမျိုးတွေ ဖြစ်တာပေါ့နော်။ တချို့က အခုမှ သိကြတာ’’ လို့ ဆိုပါတယ်။

သီဟအောင်က လက်ရှိမှာ ကြော်ငြာရိုက်ကူးမှုတွေ စလုပ်နေပြီဖြစ်သလို ရုပ်ရှင်ဇာတ်ကားကြီး တစ်ကား ရိုက်ကူးဖို့ကိုလည်း ကမ်းလှမ်းခံထားရတယ်လို့ သိရပါတယ်။

Share

က္က