သရုပ်ဆောင် နဝရတ်က အမေများနေ့မှာ မိခင်အတွက် ပျော်စရာအချိန်လေး ဖြစ်အောင် ဖန်တီးပေးခဲ့ပါတယ်။ သူမက လက်ရှိမှာ မိခင်ကို အနီးကပ် ပြုစုစောင့်ရှောက်နေတာ ဖြစ်ပါတယ်။
Photo : နဝရတ် FB
သရုပ်ဆောင် နဝရတ်က ဇန်နဝါရီ(၂၀) ရက်နေ့က ကျရောက်တဲ့ အမေများနေ့မှာ သူမရဲ့ မိခင်အတွက် ပျော်ရွှင်ဖွယ်ရာ အချိန်လေး ဖြစ်အောင် ဖန်တီပေးခဲ့ပါတယ်။ ပြင်ဦးလွင်မှာ ရှိတဲ့ သူမရဲ့ နေအိမ်မှာတင် မိခင်အတွက် ပျော်စရာလေး ဖြစ်အောင် ဖန်တီးပေးခဲ့တာပါ။ မိခင်အတွက် နှင်းဆီပန်းစည်းကြီးနဲ့အတူ Surprise ကိတ်မုန့်လေးနဲ့ ပျော်ပျော်ရွှင်ရွှင်လေး ပြုလုပ်ပေးခဲ့တာပါ။ သူမအတွက်ကတော့ နေ့ရက်တိုင်းဟာ အမေများနေ့ပါပဲဆိုပြီး ပြောထားတာလည်း တွေ့ရပါတယ်။
Photo : နဝရတ် FB
နဝရတ်ဟာ ဖခင်ကြီး ဆုံးပါသွားပြီးနောက်ပိုင်း ကျန်းမာရေး သိပ်မကောင်းတဲ့မိခင်ကြီးကို ပိုပြီး အနီးကပ် ပြုစုစောင့်ရှောက်ပေးနေသူပါ။ ပရိသတ်တွေရဲ့ အားပေးမှုကို အခုထက်တိုင် ရရှိထားတဲ့ သူမဟာ မိခင်ကို အနီးကပ် ပြုစုစောင့်ရှောက်ရင်း သူမ ဝါသနာပါရာလေးတွေကို လုပ်နေတတ်သူလည်း ဖြစ်ပါတယ်။
Photo : နဝရတ် FB
သူမဟာ လက်ရှိမှာ အနုပညာအလုပ်တွေကို ပြန်လုပ်ဖို့ စိတ်ကူးမရှိတော့ဘူးလို့ အင်တာဗျူး တော်တော်များများမှာ ဖြေဆိုထားဖူးပါတယ်။ နဝရတ် ဟာ ဇာတ်ရုပ်တိုင်းကို သဘာဝကျကျနဲ့ ပီပြင်စွာ အပိုအလိုမရှိ သရုပ်ဆောင်ပိုင်နိုင်မှုကြောင့် ယခုထက်တိုင် ပရိသတ်အားပေးမှုကို ရရှိထားပါ။
Photo : နဝရတ် FB
ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတွေကိုဦးစီးပြီး အပျိုကြီးဘဝနဲ့ တစ်ယောက်လည်း ဖြတ်သန်းကာ မိသားစုနဲ့အတူ ပျော်ရွှင်တဲ့ဘဝလေးကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။ သူမဟာ အနုပညာအလုပ်တွေနဲ့ ဝေးကွာနေပေမယ့်လည်း သူမရဲ့ ဖေ့စ်ဘွတ်မှာတော့ သူမရဲ့ လှုပ်ရှားမှု တွေကို အမြဲတမ်းတင်လေ့ရှိပြီး ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်ရှိနေသူပါ။