ကျွန်တော်ကတော့ အဲ့လိုမျိုး ထင်တယ်။

သာယာတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတဲ့ ရွှေထူးက ဇနီးချောလေး ရွှေမှုံရဲ့ ဂရုစိုက်မှုလေးတွေကို ပြောပြလာတာပါ။

Photo : ရွှေထူး FB



အဆိုတော် ရွှေထူးနဲ့ သရုပ်ဆောင် ရွှေမှုံရတီတို့ ဇနီးမောင်နှံဟာ အိမ်ထောင်ကျပြီးနောက် တစ်ယောက်နဲ့တစ်ယောက် ဂရုစိုက်မှုလေးတွက ပိုမိုတိုးလို့လာပါတယ်။ ရွှေထူးအတွက် ရွှေမှုံဟာ အမေနဲ့တူတဲ့ အမျိုးသမီးဖြစ်တယ်လို့ မီဒီယာကနေ တဆင့် ယခုလို ပြောပြလာပါတယ်။

“ကျွန်တော်တစ်ခါတလေ သူ့ကို ပြောဖြစ်တယ်။ နင်ကင့ါအမေလိုပဲလို့။ဘာလို့လည်းဆိုတော့ ကျွန်တော်က ကျွန်တော့်အမေနဲ့တူတဲ့ မိန်းမကို ကျွန်တော်ရတယ်လို့ ထင်တယ်။ သူလုပ်ပေးတာလေးတွေနဲ့ ပတ်သက်ပြီး ကျွန်တော့်အမေနဲ့ နှိုင်းယှဉ်ပြောတယ်။ ကျွန်တော်ညဘက် ဗိုက်တွေအောင့်လို့ ဆိုရင် အမေသားကို ဆေးလိမ်းပေးပါဦးဆိုလိမ်းပေးတယ်။အဲ့လိုပဲ သူလည်း ကျွန်တော့်အတွက်ဆိုအိပ်နေတဲ့အချိန်ပြောတာတောင် ထလုပ်ပေးမယ်။ ဗိုက်ဆာတယ်ဆိုရင် အဆင်ပြေအောင် တစ်ခုခုထလုပ်ပေးတာမျိုးပေ့ါ။ ကျွန်တော့်အမေနဲ့တူတယ်သူက” ဆိုပြီး ဇန်နဝါရီ(၃၁) ရက်နေ့က ပြုလုပ်ခဲ့တဲ့ Shake the World ပွဲမှာ ဖြေဆိုပေးခဲ့တာပါ။

Photo : ရွှေထူး FB

ရွှေမှုံဟာ ရွှေထူးရဲ့ အနုပညာလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး အကြံပေးတာတွေလည်း ရှိသလို ပွဲတစ်ခုသွားပြီဆိုရင်လည်း ဝတ်စားဆင်ယင်မှုလေးတွေကို အသေးစိတ် ဂရုစိုက်ပေးတတ်တယ်လို့ ဆိုပါတယ်။ ချစ်ဇနီးလေးကို အရိပ်တကြည့်ကြည့်နဲ့ လိုအပ်တာမှန်သမျှ ဖြည့်ဆည်းပေးနေတဲ့ ရွှေထူးကိုလည်း ပရိသတ်တွေက အားကျလို့နေပါတယ်။

Photo : ရွှေထူး FB

နားလည်မှုတွေနဲ့ တည်ဆောက်ထားတဲ့ သူတို့နှစ်ဦးရဲ့ အိမ်ထောင်ရေးက ပရိသတ်တွေ အားကျရလောက်တဲ့အထိကို ကြည်နူးဖို့ ကောင်းလှပါတယ်။ သူတို့နှစ်ယောက်စလုံးဟာ လက်ရှိမှာ အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်နေကြပါပြီ။ ရွှေမှုံရတီလည်း ဇာတ်ကားတွေ ပြန်လည်ရိုက်ကူးနေပြီ ဖြစ်ပါတယ်။သူတို့နှစ်ယောက်ဟာ ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင် ရိုက်ထားတဲ့ "ဧည့်သည်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာလည်း အတူတွဲပြီး ရိုက်ကူး ရင်းနဲ့ ချစ်သူတွေ ဖြစ်သွားခဲ့ကြတာ ဖြစ်ပါတယ်။

Photo : ရွှေထူး FB

ရွှေထူးဟာ ဂီတအပိုင်းမှာတော့ ပရိသတ်အခိုင်အမာ ရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ ရွှေမှုံရတီကလည်း သရုပ်ဆောင်ဘက်မှာ ပရိသတ်အခိုင်အမာရရှိထားသူဖြစ်ပါတယ်။သူတို့နှစ်ယောက်စလုံးဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ကနေစပြီး အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဟာ အောက်တိုဘာ(၃၀) ရက်နေ့နေပြည်တော် Park Royal hotel မှာ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပြီး နိုဝင်ဘာ(၉) ရက်နေ့မှာ မှော်ဘီမြို့နယ်မှာ ရှိတဲ့ အောင်ဇဗ္ဗူတောရကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေး အလှူပြုလုပ်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က