ပရီးမီးယားလိဂ်ပွဲစဉ် ၉ အဖြစ်ရင်ဆိုင်ကြမယ့် မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးအသင်းတို့ရဲ့ ထိပ်တိုက်တွေ့ မှုက အစဉ်အလာပွဲစဉ်တွေအတိုင်း ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးဖြစ်နေ ဦးမှာပါ။ လက်ရှိအချိန်အထိ ရှုံးပွဲမရှိ၊ သရေ ပွဲမရှိဘဲ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ လီဗာပူးအသင်းကလည်း အမှားအယွင်းမရှိသေးပါဘူး။ ယူနိုက်တက်က တော့ အဖွင့်ပွဲစဉ်မှာ ချဲလ်ဆီးအသင်းကို ဂိုးပြတ်အနိုင်ရရှိခဲ့လို့ မျှော်လင့်ခဲ့ကြပေမယ့် နောက်ပိုင်းပွဲစဉ်တွေမှာတော့ ရက်ချ်ဖို့ဒ်၊ မာရှယ်လ် ဒဏ်ရာရရှိခြင်းနဲ့အတူ နောက်ဆုံး ၅ပွဲမှာ ၂ဂိုးပဲရတဲ့အထိအခြေ အနေဆိုးရွားနေခဲ့တယ်။ ဒါပေမဲ့ လက်ရှိအနေအထားအရ ဖိအားကိုယ်စီရှိနေတဲ့ အသင်းနှစ်သင်းရဲ့ ဦးတည်ချ က်က နိုင်ပွဲဆိုတာထက် ရမှတ်ရရှိဖို့အတွက် အဓိကဦးတည်နေတယ်လို့ဆိုမှာပါ။ ဒီကနေ့ည မြန်မာစံတော်ချိန် ည ၁၀း၃၀ မှာ ယှဉ်ပြိုင်ကြမယ့် ပွဲစဉ်မှာ အင်္ဂလန်အနောက်မြောက်ပိုင်းဒါဘီပွဲစဉ်တွေရဲ့ အစဉ်အလာအတိုင်း ပရိ သတ်စိတ်ကြိုက်ပွဲစဉ်ဖြစ်လာမလားဆိုတာကတော့ စိတ်ဝင်တစားစောင့်ကြည့်ရမှာပါ . . .။
မန်ချက်စတာယူနိုက်တက် Vs လီဗာပူး
ထိပ်တိုက်တွေ့ဆုံမှု
မန်ချက်စတာယူနိုက်တက် ဝ-၀ လီဗာပူး
လီဗာပူး ၃-၁ မန်ချက်စတာယူနိုက်တက်
မန်ချက်စတာယူနိုက်တက် ၁-၄ လီဗာပူး
မန်ချက်စတာယူနိုက်တက် ၂-၁ လီဗာပူး
လီဗာပူး ဝ-၀ မန်ချက်စတာယူနိုက်တက်
မန်ချက်စတာယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ်နောက်ဆုံး ၃ပွဲရလဒ်
နယူးကာဆယ် ၁-၀ မန်ချက်စတာယူနိုက်တက်
မန်ချက်စတာယူနိုက်တက် ၁-၁ အာဆင်နယ်
ဝက်စ်ဟမ်း ၂-၀ မန်ချက်စတာယူနိုက်တက်
လီဗာပူးရဲ့ ပရီးမီးယားလိဂ်နောက်ဆုံး ၃ပွဲရလဒ်
လီဗာပူး ၂-၁ လက်စတာ
ရှက်ဖီးလ်ယူနိုက်တက် ဝ-၁ လီဗာပူး
ချဲလ်ဆီး ၁-၂ လီဗာပူး
နှစ်ဖက်အသင်းသတင်းများ
- ဒဏ်ရာရကစားသမားများပြားနေတဲ့အတွက် ယူနိုက်တက်ရဲ့ပွဲထွက်ကစားသမားစာရင်းမှာ လူ ငယ်အများစုပါဝင်လာဖွယ်ရှိနေ။
- ဆာလက်ဒ်ကြံ့ခိုင်မှုမပြည့်ဝပေမယ့် မာနေးလ်၊ ဖာမီနိုတို့ ပွဲထွက်ကစားဖို့အသင့်ရှိနေပြီး အယ် လီဆန်လည်း ပွဲဝင်နိုင်ဖို့ရှိနေခဲ့။
- ဝမ်ဘတ်စကာနဲ့ မာရှယ်လ်တို့ ပါဝင်နိုင်မယ်လို့ ယူနိုက်တက်နည်းပြဆိုးလ်ရှားက မျှော်လ င့် နေ ပြီး ပေါ့ဘာ၊ ဒီဂီယာတို့ကတော့ လွဲချော်နိုင်ချေများလျက်ရှိ။
- ၄-၃-၃ နဲ့လီဗာပူးတို့ပွဲထွက်လာနိုင်ပြီးဖာဘင်ဟို၊ ဟန်ဒါဆင်၊ ဝစ်ချ်နယ်ဒန်တို့ကို ကွင်းလယ်မှာ အထိုင်ချလာနိုင်။
ပွဲကြိုအချက်အလက်
- ယူနိုက်တက်အနေနဲ့ ပြိုင်ပွဲစုံနောက်ဆုံး ၆ပွဲတွင် ၂ပွဲနိုင် ၂ပွဲသရေ ၂ပွဲရှုံးထားပြီး တိုက်စစ်က ၃ ဂိုးပဲရထားကာ ၅ဂိုးပြန်ပေးထားရ။
- အစဉ်အလာအရနောက်ဆုံး ၁၇၆ပွဲမှာ ယူနိုက်တက်က ၆၉ပွဲနိုင် ၄၉ပွဲသရေကျထားပြီး လီဗာ ပူး က ၅၈ ကြိမ်ပြန်အနိုင်ရထား။
- လီဗာပူးအနေနဲ့ ပြိုင်ပွဲစုံနောက်ဆုံး ၆ပွဲတွင် ၅ပွဲနိုင် ၁ပွဲရှုံးရလဒ်ရရှိထားပြီး တိုက်စစ်က ၁၁ဂိုးရ ရှိထားပြီး ၇ဂိုးပြန်ပေးထားရ။
- ယူနိုက်တက်အနေနဲ့ လီဗာပူးကို အိမ်ကွင်းမှာရင်ဆိုင်ခဲ့တဲ့နောက်ဆုံး ၅ပွဲ မှာ ရှုံးပွဲလုံးဝမရှိခဲ့ဘဲ ၃ပွဲနိုင် ၂ပွဲသရေရလဒ်ရရှိထားခဲ့။
ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်း
ဒဏ်ရာ/ပွဲပယ်
မန်ချက်စတာယူနိုက်တက် - ဘယ်လီ၊ ဖူဆိုမန်နက်ချ်၊ ဖီးလ်ဂျုံးစ်၊ ဒါလော့တ်၊ ပေါ့ဘာ၊ ဒီဂီယာ၊ ဝမ်ဘ က်စကာ၊ ဒန်နီရယ်ဂျိမ်းစ်၊ မာရှယ်လ်၊ လုခ်ရှော၊ လင်ဂတ်(ကြံ့ခိုင်မှုမပြည့်ဝ)
လီဗာပူး - နသန်နီရယ်ကလိုင်း၊ ရှာကွီရီ၊ အီလီယွိုက်၊ အယ်လီဆန်၊ မာတစ်ပ်၊ ဆာလက်ဒ်(ကြံ့ခိုင်မှုမပြည့်ဝ)
မာ့ခ်လော်ရန်ဆန်ရဲ့ သုံးသပ်မှု
လီဗာပူးအနေနဲ့ အိုးထရက်ဖို့ဒ်မှာ အမှတ်ပြည့်ရဖို့ပြင်ဆင်လာမှာပါ။ ယူနိုက်တက်ကလည်း ဒီဂီယာ၊ ပေါ့ဘာတို့မပါဝင်နိုင်ခြင်းနဲ့အတူ ဒဏ်ရာရကစားသမားများနေတယ်။ ဒါပေမဲ့ အိမ်ကွင်း မှာတော့ လီဗာပူးအတွက် ယူနိုက်တက်က ပြိုင်ဘက်ကောင်းအဖြစ် ဆက်ရှိနေဦးမှာပါ။
ခန့်မှန်းရလဒ် - မန်ချက်စတာယူနိုက်တက် ဝ-၁ လီဗာပူး