ရန်ကုန်တိုင်းလွှတ်တော်မှာ ရန်ကုန်မြို့တော်ဝန်က အောက်တိုဘာ၂ ရက်နေ့က ပြောပါတယ်။

ရန်ကုန်တိုင်းမှာအလုပ်လုပ်နေတဲ့ အခြေခံဝန်ထမ်းတွေအနေနဲ့ အလုပ်လုပ်ရင်း ထိခိုက်ဒဏ်ရာကြောင့် အသက်ဆုံးရှုံးရတဲ့အခါ  ပျမ်းမျှလစာရဲ့ အဆ  ၂၀ ကို ခံစားခွင့်ရှိတယ်လို့ ရန်ကုန်တိုင်းလွှတ်တော်မှာ ရန်ကုန်မြို့တော်ဝန်က အောက်တိုဘာ၂ ရက်နေ့က ပြောပါတယ်။

42962316_2199496773709456_8998689176475926528_n.jpg 

အခြေခံဝန်ထမ်းတွေအလုပ်လုပ်ရင်း အသက်ဆုံးရတဲ့အခါ ကရုဏာကြေးရပြီး နစ်နာကြေးပေးဖို့အစီအစဉ်ရှိမရှိ မေးမြန်းတဲ့အခါမှာ မြို့တော်ဝန်က ဖြေကြားခဲ့တာဖြစ်ပါတယ်။

ရန်ကုန်ကလူမှုဖူလုံရေးရန်ပုံငွေအရ အကျိုးခံစားခွင့်မရှိတဲ့စည်ပင်ကော်မတီမှာ အလုပ်လုပ်နေတဲ့ အခြေခံဝန်ထမ်းတွေလုပ်ငန်းပြအလုပ်သမားတွေအနေနဲ့ တာဝန်ချိန်အတွင်းမှာ လုပ်ငန်းကို အကြောင်းပြပြီး ထိခိုက်ဒဏ်ရာရတာ၊သေဆုံးတာ၊နာတာရှည်ရောဂါဖြစ်တာတွေအတွက် လျော်ကြေး ပေးဖို့အတွက် မူဝါဒရေးဆွဲထားတယ်လို့ သိရပါတယ်။

မူဝါဒအရ လျော်ကြေးတင်ပြတောင်းခံတဲ့ အလုပ်သမားက ထိခိုက်ဒဏ်ရာမရမီ အနည်းဆုံး ၃ လတာဝန်ထမ်းဆောင်ပြီးသူဖြစ်ခြင်း၊ လျော်ကြေးတောင်းခံတဲ့ အလုပ်သမားက ထိခိုက်မှုမဖြစ်မီ ၃ လအတွင်းပျမ်းမျှလုပ်ခရဲ့ ၅၀ ရာခိုင်နှုန်းကို အလုပ်စမလုပ်တဲ့ နေ့က ၆ လအထိခံစားခွင့်ရှိခြင်း၊ ထိခိုက်မှုမဖြစ်မီ ၃ လအတွင်း ပျမးမျှလုပ်ခ ၁ လစာရဲ့ ၅၀ ရာခိုင်နှုန်းကို ၁ လအတွက်ခံစားခွင့်သတ်မှတ်ပြီး စုစုပေါင်း ၁၂ လအတွက် ရခွင့်ရှိတဲ့ငွေကြေးအတွက် ဆေးသက်သေခံလက်မှတ်ကို အထောက်အထားပြပြီးခံစားခွင့်ရတာ၊ နာတာရှည်ရောဂါအတွက် လျော်ကြေးတောင်းခံတဲ့လုပ်ငန်းပြအလုပ်သမားကို အမြဲမသန်စွမ်းတဲ့ အကျိုးခံစားခွင့်ပေးတဲ့အတိုင်း စီစဉ်ဆောင်ရွက်ခြင်း၊ အလုပ်မှာထိခိုက်မှုကြောင့် သေဆုံးတဲ့အခါ ၃ လအတွင်းရရှိတဲ့လစာရဲ့ ၂၀ ရာခိုင်နှုန်းကို လျော်ကြေးအဖြစ်ထောက်ပံ့နိုင်တာတို့ကို ပေးအပ်ဖို့ လုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။

၂၀၁၅-၁၆ ဘဏ္ဍာနှစ်မှာ သေဆုံးသူ ၃ ဦး ၊ဒဏ်ရာရ ၂ ဦး၊ ၂၀၁၆-၁၇ မှာ သေဆုံးသူ ၁ ဦး ၊ ဒဏ်ရာရ ၃ ဦး၊ ၁၇-၁၈ မှာ သေဆုံးသူ ၂ ဦး၊ ဒဏ်ရာရ ၂ ဦး ၊ စုစုပေါင်း ၁၃ ဦးကို ထောက်ပံ့ပေးထားတယ်လို့ဖြေကြားခဲ့ပါတယ်။

 

Share

Loading Next Article...
က္က