မင်းရာဇာက သမီးလေး နေမကောင်းလို့ အနားမှာ ပြုစုစောင့်ရှောက်ပေးနေတာ တွေ့ရပါတယ်။ အခုချိန်မှာ ကလေးတွေကို ဂရုစိုက်ဖို့ကိုလည်း မှာထားပါသေးတယ်။
Photo : မင်းရာဇာ
မင်းရာဇာရဲ့ သမီးကြီးလေးက ရာသီဥတုအပြောင်းအလဲကြောင့် နေမကောင်း ဖြစ်နေတယ်လို့ သိရပါတယ်။နေမကောင်းတဲ့ သမီးလေးကိုကြည့်ပြီး မင်းရာဇာတစ်ယောက် စိတ်မကောင်းဖြစ်လို့နေပါတယ်။ ဒါ့အပြင် ကလေးရှိတဲ့ သူ့ရဲ့ မိတ်ဆွေ အပေါင်းအသင်းတွေကိုလည်း ကလေးတွေကို ဂရုစိုက်ဖို့ မှာထားပါသေးတယ်။
“သမီးလေးမြန်မြန်နေကောင်းပါစေ။ ခလေးတွေကိုဂရုစိုက်ကြပါ ရာသီအပြောင်းလဲမှာအဖြစ်များတာတဲ့ မသိရင်သွေးလွန်တုတ်ကွေးနဲ့ဆင်တယ် ဖြစ်ရင်ဆေးရုံကိုသာအမြန်သွားပါ” ဆိုပြီး ဇွန်လ(၈) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးထားပါတယ်။
Photo : မင်းရာဇာ
မင်းရာဇာကတော့ နေမကောင်းတဲ့သမီးလေးဘေးနား နေပြီး အဖော်လုပ်ပေးနေရှာပါတယ်။ သူ့ရဲ့ ပရိသတ်တွေသူငယ်ချင်းတွေကလည်း သမီးလေး မြန်မြန်နေကောင်းဖို့ ဆုတောင်းပေးထားကြတာတွေ့ရပါတယ်။မင်းရာဇာဟာ သမီးတစ်ယောက်နဲ့ သားတစ်ယောက် ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ သမီးကြီးလေးနာမည်က သစ်သစ်မင်းရာဇာလို့ ပေးထားတာတွေ့ရပါတယ်။ သားလေးကိုတော့ ၂၀၁၉ခုနှစ်၊ မတ်လ(၁၉) ရက်နေ့က မွေးခဲ့တာ ဖြစ်ပြီး သားလေးကိုတော့ နာမည်မပေးရသေးဘူးလို့ ဆိုပါတယ်။
Photo : မင်းရာဇာ
အက်ရှင်ဇာတ်ကားတွေနဲ့ ပရိသတ်အားပေးမှု အများကြီးရရှိခဲ့တဲ့ မင်းရာဇာဟာ အနုပညာသက်တမ်း နှစ်များစွာ ကြာနေပြီဖြစ်ပါတယ်။ သူ့ အနေနဲ့ အခုချိန်ထိလည်း ပရိသတ်အခိုင်အမာရရှိပြီးသား အနုပညာရှင်တစ်ယောက်ပါ။ မင်းရာဇာကိုတော့ ရန်ကုန်ပရိသတ် တွေထက် နယ်ပရိသတ်က ပိုပြီး ချစ်ခင်အားပေးတာကိုလည်း တွေ့ရပါတယ်။