ကာဂါဝါကတော့ ဘီဆစ်တပ်ကို ရာသီကုန်အထိ အငှားနဲ့သွားရောက်ခဲ့ပါပြီ။

အင်္ဂလန်ချန်ပီယံရှစ်ကလပ်တွေကတော့ အလွတ်ခေါ်ယူခွင့်ရှိနေတဲ့ ကစားသမားတွေကို ခေါ်ယူစာချုပ်ချုပ်ဆို ခွင့်ရှိသေးတယ်လို့သိရပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ဟာဆိုရင်တော့ ဥရောပဘောလုံးအပြောင်းအရွှေ့ ပိတ်သိမ်းခဲ့တဲ့ နေ့ဖြစ်ပါတယ်။ မနေ့ညက အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ အပြောင်းအရွှေ့ ဖြစ်ပေါ်ခဲ့တဲ့ စိတ်ဝင်စား ဖွယ်အပြောင်းအရွှေ့တွေကို ဖော်ပြပေးသွားပါမယ်။

-     အာဆင်နယ်အသင်းက ခေါ်ယူမယ်လို့သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ အင်တာမီလန် တိုက်စစ်မှူး ပါရီဆစ်အနေနဲ့ အင်တာမီလန်အသင်းမှာသာ ဆက်ရှိနေတော့မယ်လို့ သိရပါတယ်။ အင်တာမီလန် အသင်းရဲ့ သတင်းထုတ်ပြန်ချက်အရ ခရိုအေးရှား တိုက်စစ်မှူးအတွက် အာဆင်နယ်ရဲ့ အငှားနဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့တာ ဖြစ်ပြီး ယူရိုသန်း ၄၀ နဲ့ လာမယ့်နွေရာသီမှာ ဝယ်ယူနိုင်မယ်လို့သိရပါတယ်။

-     အပြောင်းအရွှေ့နောက်ဆုံးရက်မှာတော့ ဖူဟမ်အသင်းဟာ အရင် လီဗာပူးအသင်းတိုက်စစ်မှူး မာကိုဗစ်ကို ရာသီကုန်အထိ ခေါ်ယူလိုက်ပြီလို့သိရပါတယ်။ အလွတ်နဲ့ပြောင်းရွှေ့လာတာဖြစ်ပြီး ဖူဟမ် အသင်းကတော့ တိုက်စစ်မှူး မီထရိုဗစ်အတွက် ပါတနာတစ်ယောက်ရရှိပြီလို့ ကြေညာခဲ့ပါတယ်။

-     ဒေါ့မွန်အသင်းရဲ့ ကွင်းလယ်လူ ကာဂါဝါကတော့ တူရကီကလပ် ဘီဆစ်တပ်အသင်းထံ ရာသီကုန်အထိ အငှားနဲ့ ပြောင်းသွားခဲ့ပြီလို့ BBC SPORT သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။မိုနာကိုကို ပြောင်းဖို့ သတင်းထွက်ပေါ်ခဲ့ပေမယ့်လည်း ဘီဆစ်တပ်အသင်းထံသာ အငှားနဲ့ ပြောင်းဖြစ်ခဲ့တာပါ။

-     ဘာစီလိုနာအသင်းဟာ အက်သလက်တီကိုမင်နဲရိုးအသင်းရဲ့ ညာနောက်ခံလူ အီမာဆင်ကို ခေါ်ယူဖို့သဘောတူညီမှုရခဲ့ပြီလို့ BBC SPORT သတင်းဌာနက ဖော်ပြထားပါတယ်။ ပေါင် ၁၀.၅ သန်းနဲ့ လာမယ့် ဇူလိုင် ၁ ရက်နေ့မှာ အသင်းနဲ့ တရားဝင် ပူးပေါင်းမယ်လို့သိရပါတယ်။ ၅ နှစ်စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပြီး ဒန်နီရယ် အဲလ်ဗက်စ် လက်သစ်လို့တင်စားနေကြပါတယ်။

-     နယူးကာဆယ်အသင်းကတော့ မေဂျာလိဂ်ကလပ် အတ္တလန္တာ အသင်းက အယ်မီရိုကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၂၀ သန်းနဲ့ ခေါ်ယူလိုက်တယ်လို့ BBC SPORT သတင်းဌာနက ဖော်ပြထားပါတယ်။ ပါရာဂွေးလက်ရွေးစင်ကတော့ နယူးကာဆယ်အသင်း သမိုင်းတစ်လျှောက်မှာ ပြောင်းရွှေ့ကြေး အမြင့်ဆုံးနဲ့ ခေါ်ယူခဲ့တဲ့ ကစားသမား ဖြစ်လာခဲ့ပါတယ်။

Share

Loading Next Article...
က္က