လူငယ်ကစားသမားခေါ်ယူမှုမှာ စည်းမျဉ်းချိုးဖောက်ကြောင်း တေ့ွရှိခဲ့တာဖြစ်ပါတယ်။

ချယ်ဆီးအသင်းဟာ အသေးစားအပြောင်းအရွှေ့တွေမှာ ချမှတ်ထားတဲ့စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တဲ့အတွက် ဖီဖာရဲ့ ၂ ရာသီ အပြောင်းအရွှေ့ပြုလုပ်ခွင့် ပိတ်ပင်ခံခဲ့ရပါတယ်။

ချယ်ဆီးအသင်းဟာ လူငယ်ကစားသမား ၂၉ ဦးရဲ့အပြောင်းအရွှေ့မှာ ဖီဖာရဲ့စည်းမျဉ်းအပိုင်း ၁၉ ကို ချိုးဖောက်ခဲ့ကြောင်း တွေ့ရှိခဲ့ပြီး နောက်ထပ် ခေါ်ယူမှု ၂ ခုမှာလည်း အပိုင်း ၁၈ ကို ချိုးဖောက်ခဲ့တယ်လို့ သိရပါတယ်။



ဒါကြောင့် ချယ်ဆီးအသင်းဟာ လာမယ့် နွေရာသီနဲ့ ဆောင်းရာသီအပြောင်းအရွှေ့ဈေးကွက် ၂ ခုမှာ ကစားသမားသစ် ခေါ်ယူခွင့်ရရှိတော့မှာမဟုတ်ဘဲ ဒဏ်ကြေးငွေအနေနဲ့ ပေါင် ၄၆၀၃၁၄ တပ်ရိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဟာလည်း စည်းမျဉ်းချိုးဖောက်ခဲ့တဲ့ လူငယ်ကစားသမားခေါ်ယူမှုမှာ ပတ်သက်ဆက်နွယ်မှုရှိခဲ့ကြောင်း တွေ့ရှိခဲ့တာကြောင့် ဖီဖာက ဒဏ်ကြေးငွေ ပေါင် ၃၉၁၂၆၀ တပ်ရိုက်ခဲ့တယ်လို့ သိရပါတယ်။

ဆုံးဖြတ်ချက်ကို စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ယနေ့မှာ အသိပေးထုတ်ပြန်ခဲ့တာဖြစ်ပြီး ပြစ်ဒဏ်မချမှတ်မီမှာ ဖီဖာအယူခံကော်မတီကို ခုခံချေပနိုင်ကြောင်း ဖီဖာက ထုတ်ပြန်ကြေညာခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က