စမတ်ဖုန်း ကင်မရာစွမ်းရည်မှာ ထိပ်ဆုံးက ရှိနေပါတယ်

Google apps နဲ့Play Store ဝန်ဆောင်မှု သုံးစွဲခွင့် ပထမဆုံး ပိတ်ပင်ခံလိုက်ရတဲ့ Huawei ဖုန်းကတော့ ၂၀၁၉ အတွက် ကုမ္ပဏီရဲ့ အမြင့်ဆုံးဖုန်းမော်ဒယ်တွေထဲက တစ်ခုဖြစ်တဲ့ Huawei Mate 30 နဲ့Mate 30 Pro တို့ပဲ ဖြစ်ပါတယ်။

ဂျာမဏီနိုင်ငံ မြူးနစ်မှာ မိတ်ဆက်သွားတဲ့ Huawei Mate 30 နဲ့Mate 30 Pro တို့ဟာ အဆင့်မြင့် hardware specs တွေ ၊ အကောင်းစား ကင်မရာတွေ ပါပေမယ့် Android support အပြည့်အဝ မရတဲ့ ပရီမီယံဖုန်းတွေလို့ဆိုရမှာပါ။ Android Open Source စနစ်သုံး ဖုန်းတွေ ဖြစ်ပေမယ့် Google Maps ၊ YouTube ၊၊ Google Chrome စတဲ့ Google apps တွေနဲ့Google Play Store လို services တွေ ပါမလာတော့ပါဘူး။


Photo: fudzilla

web search လုပ်ဖို့အတွက် Huawei ဟာ ကိုယ်ပိုင် Huawei Browser နဲ့apps တွေ ဒေါင်းလုပ်ဆွဲဖို့အတွက် apps ပေါင်း ၄ သောင်းခွဲဝန်းကျင် ရှိထားတဲ့ Huawei AppGallery သစ်တွေကို Huawei Mate 30/Mate 30 Pro တို့မှာ မိတ်ဆက်လာတာက ထူးခြားပါတယ်။ ဖုန်းဒီဇိုင်းနဲ့specs ပိုင်းအရတော့ သတင်းပေါက်ကြားခဲ့တဲ့ အတိုင်း ထွက်လာတာပါ။

Huawei Mate 30 ဖုန်းသစ်တွေဟာ 4G နဲ့5G ဗားရှင်း နှစ်မျိုးနဲ့မိတ်ဆက်လိုက်တာ ဖြစ်ပြီး in-display လက်ဗွေဖတ်စနစ်တွေ ထည့်သွင်းထားပါတယ်။ အထူးခြားဆုံးအပိုင်းက ကင်မရာစနစ် ဖြစ်ပါတယ်။ Huawei Mate 30 ဟာ 16MP ultra-wide ကင်မရာ ၊ 40MP SuperSensing Wide ကင်မရာ နဲ့ 3xoptical နဲ့5x hybrid zoom ဆွဲရိုက်နိုင်မယ့် OIS ရုပ်ငြိမ်စနစ်ပါ Telephoto ကင်မရာ သုံးလုံး ပါရှိပါတယ်။

Huawei Mate 30 မှာ Pro မော်ဒယ်ထက် ပိုပြီး သေးတဲ့ notch ပါပြီး ဒီ notch ထဲမှာ 3D sensor နဲ့24MP selfie ကင်မရာ သုံးထားပါတယ်။ မျက်နှာပြင် ၆.၆၂ လက် OLED panel ဟာ Mate 30 Pro အတိုင်း HDR10 support ပေးထားပြီး processor ကိုလည်း နောက်ဆုံးမိတ်ဆက်ထားတဲ့ 7nm Kirin 990 chipset သုံးလာတာပါ။ ဒီဖုန်းဟာ 4200 mAh ဘက်ထရီ သုံးထားပြီး 40W wired charging စနစ ်၊ 27W wireless charging စနစ်များ ပံ့ပိုးထားပါတယ်။




M-pen stylus သုံးနိုင်ပြီ ဖြစ်တဲ့ Huawei Mate 30 Pro ဟာ ၆.၅၃ လက်မ OLED panel နဲ့လာပြီး ဘေးဘောင်တွေကို ၈၈ ဒီဂရီကွေးညွှတ်ထားပါတယ်။ Huawei ကတော့ ဒီ display ကို Horizon Display လို့နာမည်ပေးထားပြီး ဖုန်းဘေးကိုယ်ထည်တွေ curved လုပ်လွန်းတာကြောင့် ပါဝါခလုတ်တစ်ခုကလွဲရင် volume ခလုတ်တွေဟာ virtual buttons တွေ ဖြစ်လာပါတယ်။

အသံအတိုးအချဲ့လုပ်မယ်ဆိုရင် ဖုန်းဘယ်ဘက်ဘေးကိုယ်ထည်ကို လက်နဲ့ဖိပြီး ဆွဲတင် ဆွဲချလိုက်ရမှာပါ။ ကင်မရာစနစ်ဟာ စမတ်ဖုန်းတွေထဲမှာ ပြိုင်ဘက်ကင်းလို့ဆိုနိုင်ပါတယ်။ ကျောဘက်စက်ဝိုင်းပုံကင်မရာ Module ထဲမှာ 40MP Super Sensing ကင်မရာ ၊ Cine Camera လို့နာမည်ပေးထားတဲ့ OIS စနစ်ပါ 40MP ultrawide ကင်မရာ ၊ 3x optical နဲ့5x optical hybrid zoom ဆွဲနိုင်မယ့် OIS ရုပ်ငြိမ်စနစ်ပါ 8MP tele ကင်မရာနဲ့အတူ 3D Depth Sensing အတွဲ သုံးထားပါတယ်။

Huawei Mate 30 Pro ဟာ စမတ်ဖုန်းကင်မရာလောကမှာ ISO 6400 သုံးနေချိန်မှာ ISO 409600 ပါလာသလို Huawei ဖုန်းတွေထဲမှာ ပထမဆုံးအဖြစ် 4K video တွေကို 60fps နဲ့ရိုက်ကူးနိုင်မယ်လို့ဆိုပါတယ်။ အထူးသဖြင့် အလင်းအားနည်းချိန် ရိုက်ကူးမှုမှာ ဗွီဒီယိုကင်မရာဟာ ISO 52000 အထိ တင်ပြီး ရိုက်နိုင်မယ်လို့ကုမ္ပဏီက ကြေညာထားပါတယ်။

ရှေ့ဘက် 32MP selfie ကင်မရာဟာ 3D scanning hardware သစ်နဲ့တွဲပါလာပြီး လက်အမူအယာကို ဖတ်ရှုနိုင်တဲ့ sensor ပါရှိပါတယ်။ ဒီလို လုပ်ဖို့အတွက် Huawei ရဲ့ ကိုယ်ပိုင်နည်းပညာ Da Vinci NPU သစ်လည်း သုံးသွားပါတယ်။ ဒီ NPU ဟာ သုံးစွဲသူရဲ့ ခေါင်းလှုပ်ရှားမှုကိုပါ ဖတ်ပြီး UI ကို ဘယ်လို လှည့်ပြရမလဲ ဆုံးဖြတ်တဲ့ AI Auto-Rotate စနစ်အတွက်လည်း သုံးနိုင်တဲ့ နည်းပညာပါ။

Huawei Mate 30 Pro မှာလည်း Kirin 990 chispet သစ်နဲ့လာပြီး အဆင့်မြှင့်ထားတဲ့ GPU Turbo စနစ် နဲ့အတူ chipset ကို အပူထိန်းပေးမယ့် graphene film ပါဝင်လာပါတယ်။ RAM 8GB ၊ 128GB storage နဲ့256GB storage နှစ်မျိုး ပါရှိပြီး အနက် ၊ Space Silver ၊ Cosmic Purple နဲ့Emerald Green ကာလာ ၄ ရောင်နဲ့လာသလို Special Edition အဖြစ် လိမ္မော်နဲ့အစိမ်းရင့် Vegan Leather ကာလာ ၂ ရောင် ထွက်ထားပါတယ်။

Photo: xda-developers

4500 mAh ဘက်ထရီ သုံးထားတဲ့ Huawei Mate 30 Pro ဟာ 27W wireless charging နည်းပညာနဲ့လာပြီး 40W wired charging ပါရှိပါတယ်။ ဈေးနှုန်းအနေနဲ့Huawei Mate 30 Pro (RAM 8GB/256GB) ဗားရှင်းကို ယူရို ၁၁၀၀ ( မြန်မာငွေ ၁၈ သိန်းခွဲကျော်) ဈေးနဲ့ရောင်းချသွားမှာပါ။ ဒါကတော့ 4G ဗားရှင်းအတွက် ဖြစ်ပြီး 5G ဗားရှင်းဆိုရင်တော့ ယူရို ၁၂၀၀ ( မြန်မာငွေ သိန်း၂၀ ကျော်) ဈေးနဲ့ရောင်းချသွားမယ်လို့ဆိုပါတယ်။


Huawei Mate 30 ရိုးရိုးမော်ဒယ် RAM 8GB ဗားရှင်းကို ယူရို ၈၀၀ ( မြန်မာငွေ ၁၃ သိန်းခွဲ) ဈေးကနေရောင်းချသွားမယ်လို့ဆိုပါတယ်။ ဒီပွဲမှာ Huawei Mate 30 RS ကိုလည်း မိတ်ဆက်ခဲ့ပြီး ပုံမှန်အတိုင်း Luxury မော်ဒယ်ဖြစ်လို့ယူရို ၂၀၉၅ ( မြန်မာငွေ ၃၅ သိန်းခွဲကျော်) ဈေးနဲ့ရောင်းချသွားမှာပါ။

Share

Loading Next Article...
က္က