မကြာခဏလူမျိုးရေးခွဲခြားခံရမှုတွေကြောင့် စီးရီးအေကို စိတ်ပျက်ေ်နသူဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်နွေရာသီမှာ အသင်းရဲ့အားနည်းနေတဲ့ ခံစစ်ကို အင်အားဖြည့်တင်းဖို့အတွက် နာပိုလီကြယ်ပွင့်နောက်ခံကစားသမား ကူလီဘလီကို ခေါ်ယူဖို့ စောင့်ကြည့်နေတာဖြစ်ပါတယ်။

Evening Standard ရဲ့သတင်းအရ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ပစ်မှတ် ကူလီဘလီဟာ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းနဲ့အတူ ပူးပေါင်းလိုနေကြောင်း သိရပါတယ်။

ယာယီနည်းပြ ဆိုးလ်ရှားရောက်ရှိလာမှုဟာ လင်ဒီလော့ဖ်အတွက် ကံကောင်းစေခဲ့ပြီး မန်ယူအသင်းက လင်ဒီလော့ဖ်နဲ့ ဗဟိုခံစစ်မှာ တွဲဖက်ကစားနိုင်မယ့် ထိပ်တန်းဗဟိုခံစစ်ကစားသမားကို ခေါ်ယူဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

ကူလီဘလီဟာ ဥရောပမှာ အသင်းတိုင်းနီးပါး အလိုချင်ဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ၎င်းရဲ့ခံစစ်စွမ်းရည်ပြည့်ဝမှုနဲ့ ဖိအားတွေကို ကိုင်တွယ်ထိန်းသိမ်းနိုင်တဲ့ အရည်အချင်းကြောင့် ဥရောပရဲ့အလားအလာအရှိဆုံး ကစားသမားဖြစ်လာခဲ့တာဖြစ်ပါတယ်။

အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကူလီဘလီဟာ ပြီးခဲ့တဲ့နွေရာသီကတည်းက မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပစ်မှတ်ဖြစ်ခဲ့ပေမယ့် နာပိုလီအသင်းက မန်ယူအသင်းရဲ့ကမ်းလှမ်းမှုကို ၂ ကြိမ်စလုံး ပယ်ချခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဒုဥက္ကဌ အက်ဒ်ဝုဒ်ဝဒ်ကလည်း လာမယ့်နွေရာသီမှာ ထိပ်တန်းပစ်မှတ်ဖြစ်တဲ့ ကူလီဘလီကို ခေါ်ယူဖို့အတွက် ငွေကြေးလုံလုံလောက်လောက် ထုတ်ပေးဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။

Share

က္က