မြို့တော် စည်ပင် သာယာရေးကော်မတီအဖြစ်ဝင်ပြိုင်မှာပါ။

အလှမယ် ထက်ထက်ထွန်းဟာ ရန်ကုန်စည်ပင် ရွေးကောက်ပွဲမှာ ကော်မတီဝင်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

Photo : ထက်ထက်ထွန်း FB

နိုင်ငံကိုယ်စားပြု အလှမယ်တစ်ယောက်ဖြစ်တဲ့ ထက်ထက်ထွန်းဟာ နောက်ထပ် နိုင်ငံ့အကျိုးပြုနိုင်မယ့် ကိစ္စတစ်ခုကို အကောင်အထည်ဖော်နေပြီဖြစ်ပါတယ်။ အဲ့ဒါကတော့ ရန်ကုန်စည်ပင် ရွေးကောက်ပွဲမှာ မြို့တော်စည်ပင်သာယာရေးကော်မတီဝင်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားမှာပါ။ သူမအနေနဲ့ ဒီကိစ္စကို အပြောနဲ့မဟုတ်ဘဲ အလုပ်နဲ့ သက်သေပြချင်ပါတယ်ဆိုပြီး ဖေဖော်ဝါရီ(၄) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

Photo : ထက်ထက်ထွန်း FB

“ညီမအနေနဲ့ နိုင်ငံတော် ကိုယ်စားပြုအလှမယ် တစ်ယောက်အဖြစ် တာဝန်ကျေပြီးပြီ။ ညီမရဲ့ ဆန္ဒက နိုင်ငံ့အကျိုးပြုချင်တယ့် ဆန္ဒလည်း ပါတယ်ဆိုတော့ ညီမရဲ့ အဖေက စည်ပင်ရွေးကောက်ပွဲရှိတယ်။ နိုင်ငံအကျိုးပြုချင်တယ်ဆိုရင် ဝင်ပြိုင်ပါလားပေ့ါနော်။ အဖေရဲ့ ဆန္ဒလည်း ပါတယ်။ အဲ့ဒါဆိုရင်တော့ နိုင်ငံအတွက် တစ်ဖက်တစ်လမ်းကနေ အကျိုးပြုနိုင်တယ်ဆိုတဲ့ စိတ်နဲ့ ညီမဝင်ပြိုင်ဖြစ်တာပါ”လို့ ဖေဖော်ဝါရီ(၃) ရက်နေ့က Duwun Media သို့ ဖြေဆိုပေးခဲ့ပါသေးတယ်။

Photo : ထက်ထက်ထွန်း FB

အနုပညာအလုပ်တွေ လုပ်နေရင်းကနေ ယခုလိုမျိုး နိုင်ငံရေးဘက် ပြောင်းလဲပြီး လုပ်ဆောင်မယ့် သူမရဲ့ လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ ဝေဖန်မယ့်သူတွေ ရှိနေမယ်ဆိုတာ သူမအနေနဲ့ ကြိုတင်တွေးထားပြီးသားဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒါပေမဲ့ သူမအနေနဲ့ ဝေဖန်မှုတွေကို ရင်ဆိုင်ပြီး ပြည်သူတွေအတွက် လုပ်ရမယ့်အလုပ်တွေကို အကောင်းဆုံးဖြစ်အောင် ကြိုးစားလုပ်ဆောင်သွားမယ်လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ သူမအနေနဲ့ ပြိုင်ပွဲဝင်လျှောက်လွှာ တင်ထားတုန်းဖြစ်ပေမယ့် ရွေးချယ်ခံရရင်တော့ မဲဆွယ်စည်းရုံးဖို့ (၁)လတိတိ အချိန်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအချိန်မှာ သူမအနေနဲ့ဘယ်လိုမျိုး မဲဆွယ်စည်းရုံးဖြစ်မလဲတော့ မသိသေးဘူးလို့ ထက်ထက်ထွန်းက ပြောပါတယ်။

Photo : ထက်ထက်ထွန်း FB

အလှမယ်ထက်ထက်ထွန်းဟာ Miss Universe Myanmar 2016 ကိုယ်စားပြု အလှမယ် တစ်ဦးဖြစ်ပြီး Miss Universe ပြိုင်ပွဲကြီးတွင် National Costume ဆုကို မြန်မာနိုင်ငံအတွက်ယူဆောင်ပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က