ဒီလိုအဆင့်တွေအများကြီးတက်လာမယ်လို့ သူ့ကိုယ်သူ မထင်ခဲ့ပါဘူးတဲ့။

ချမ်းမြေ့မောင်ချိုဟာ Myanmar Idol Season 3  မှာTop 2  အထိ ရောက်လာခဲ့ချိန်မှာ အပြောခံရတာတွေအရမ်းများတဲ့အတွက် ဆက်မပြိုင်တော့ဘူး မိခင်ကို ပြောခဲ့တယ်လို့ ဆိုပါတယ်။  ဆေးရုံမတက်ခင်ကတည်းက အဲဒီစိတ်ကူးဖြစ်ခဲ့တာလို့ သူက ဆိုပါတယ်။

Photo: Myanmar Idol Page

 

သြဂုတ်လ ၁၁ ရက်နေ့ညမှာ ကျင်းပနေတဲ့ Myanmar Idol Season 3 Grand Final ပြိုင်ပွဲကြီးမှာ #StopCyberbullying Camping အတွက် Video တစ်ခု ပြသခဲ့ပါတယ်။ အဲဒီ Video ထဲမှာ အွန်လိုင်းကနေ တိုက်ခိုက်ပြောဆိုခံရတဲ့ Myanmar Idol ပြိုင်ပွဲဝင်တချို့က က သူတို့ခံစားရတာတွေကို ရင်ဖွင့်ခဲ့ပါတယ်။ အဲဒီထဲမှာ Myanmar idol Season 3 ရဲ့ Top 2 ထဲမှာပါဝင်တဲ့  ချမ်းမြေ့မောင်ချိုလည်း ပါဝင်ခဲ့ပါတယ်။

'' ဒီလိုအဆင့်တွေ အများကြီးတက်လာမယ်လို့ ကိုယ့်ကိုယ်ကို လည်းမထင်ဘူး။ မထင်တော့ ငါ ခံနိုင်ပါတယ်ဆိုပြီးတေ့ာပဲ တွက်ခဲ့တာ။ ဒါပေမဲ့ မထင်မှတ်ဘဲနဲ့ ဒီလိုမျိုး Top 2 ရောက်ရှိလာတဲ့ အချိန်မှာ အများကြီး အပြောခံနေရတာတော့...ဆေးရုံမတက်ခင်တုန်းက အပြောခံခဲ့ရတာတွေကြောင့် မေမေ့ကိုလည်းပြောတယ်။ မပြိုင်ချင်တော့ဘူးလို့ '' လို့ ဆေးရုံခုတင်ပေါ်မှာ လဲလျောင်းနေတဲ့ ချမ်းမြေ့မောင်ချိုက ပြောခဲ့ပါတယ်။

Photo: Myanmar Idol Page

 

တတိယအကြိမ်မြောက် ကျင်းပပြုလုပ်တဲ့ Myanmar Idol Season 3 သီချင်းဆိုပြိုင်ပွဲကြီးကတော့ ပရိသတ်အားပေးမှု အပြင်းထန်ဆုံး ပြိုင်ပွဲ တစ်ခုဖြစ်ခဲ့ပါတယ်။ ဖြိုးမြတ်အောင်နဲ့ ချမ်းမြေ့မောင်ချိုတို့ ပြိုင်ပွဲဝင် နှစ်ယောက်စလုံးကိုလည်း အားပေးကြတဲ့ ပရိသတ်များစွာလည်းရှိသလို နှစ်ဦးစလုံးကို ဝေဖန်တိုက်ခိုက်ကြတဲ့ ပရိသတ်တွေလည်း များစွာရှိခဲ့ကြပါတယ်။

Photo: Myanmar Idol Page

 

ချမ်းမြေ့မောင်ချိုဟာ Grand Final ပွဲ မကျင်းပခင် သြဂုတ်လ ၉ ရက်နေ့ကစပြီး အာသီးရောင်ခြင်း၊ တုတ်ကွေးရောဂါဖြစ်ခြင်းနဲ့ လေးဖက်နာ (ASO) တက်ခြင်း စတဲ့ ဝေဒနာတွေကြောင့် သုခကမ္ဘာဆေးရုံမှာ တက်ရောက်ဆေးကုသမှု ခံယူနေရတာဖြစ်ပါတယ်။ သြဂုတ်လ ၁၁ ရက်နေ့ Final ပြိုင်ပွဲ မစခင် ညနေ ၃ နာရီကလည်း Rehearsal အပြီးမှာလည်း ပြိုင်ပွဲဝင်တွေက ကျန်းမာရေး မကောင်းသေးတဲ့ ချမ်းမြေ့မောင်ချိုကို သွားရောက်ပြီး အားပေးစကားပြောခဲ့ ကြပါတယ်။ ပရိသတ်တွေကလည်း ချမ်းမြေ့မောင်ချိုတစ်ယောက်  နောက်ဆုံးပြိုင်ပွဲကို လာရောက်သီဆို နိုင် ခြင်းရှိမရှိကို အားလုံးက စိတ်လှုပ်ရှားစွာနဲ့ စောင့်မျှော်ခဲ့ကြ ပေမယ့် ပရိသတ်တွေ စောင့်မျှော်သလို လာရောက်ယှဉ်ပြိုင်နိုင်ခဲ့ခြင်း မရှိပါဘူး။

ဆေးကုသမှု ခံယူနေရတဲ့ ချမ်းမြေ့မောင်ချို 

Photo: Myanmar Idol Page

 

ပြိုင်ပွဲဝင်နှစ်ယောက်စလုံးဟာ Grand Final ပွဲမတိုင်ခင် ပရိသတ်တွေနဲ့ တွေ့ဆုံဖို့ကိုယ့်နေရပ်ကို ပြန်သွားခဲ့ကြတာဖြစ်ပြီး ပြန်ရောက်လာ ချိန် မှာတော့ ဖြိုးမြတ်အောင် ရော၊ ချမ်းမြေ့မောင်ချိုရော နေမကောင်းဖြစ်ခဲ့ကြတယ်လို့ Myanmar Idol ရဲ့ Executive Manager စိုင်းဇွမ်ဖာ့က သြဂုတ်လ ၁၀ ရက်နေ့ညနေက သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေကို ပြောပြခဲ့ပါသေးတယ်။

Share

Loading Next Article...
က္က