ဖခင်ကွယ်လွန်သွားတာ (၃)လရှိပါပြီ။

သရုပ်ဆောင် ပိုးကြာဖြူခင် တစ်ယောက် ဖခင်ဖြစ်သူကို လွမ်းဆွတ်သတိရလို့နေပါတယ်.ဖခင်ကွယ်လွန်တာ (၃)လလောက်ရှိနေပေမယ့်လည်း ပြန်လာမယ့် အချိန်လေးကို စောင့်နေမိတယ်လို့ ဆိုပါတယ်

Photo : ပိုးကြာဖြူခင် FB

သရုပ်ဆောင် ပိုးကြာဖြူခင်တစ်ယောက် ဖခင်ဖြစ်သူကို လွမ်းဆွတ်သတိရလို့နေပါတယ်။ ဖခင်ကွယ်လွန်သွားတာ(၃)လလောက် ရှိနေပေမယ့်လည်း သူမရဲ့ စိတ်ထဲမှာ ခရီးခဏထွက်သွားသလိုပဲ ခံစားနေရပြီး ပြန်လာမယ့် အချိန်လေးကို စောင့်နေမိတုန်းပါပဲတဲ့။

“? အခုချိန်ထိ စိတ်ထဲမှာ ခရီးခဏ ထွက်သွားသလိုပဲ ပြန်လာမဲ့ အချိန်ကို စောင့်နေမိတုန်းပဲ “ ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ဒီဇင်ဘာ(၁၇) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

Photo : ပိုးကြာဖြူခင် FB

သူမအနေနဲ့ ဖခင်ဖြစ်သူ ကွယ်လွန်သွားခဲ့တာကြောင့် အရမ်းကို စိတ်မကောင်းဖြစ်လို့နေပါတယ်။ သူမအနုပညာအလုပ်တွေ စလုပ်ဖြစ်တာသူမရဲ့ ဖခင်အားပေးတာကြောင့်ဖြစ်ပြီး “မိုးကောင်းကင်အိမ်မက်” ဇာတ်လမ်းတွဲရိုက်တုန်းကလည်း ဖခင်ဆီက အားပေးမှုတွေ အများကြီး ရရှိခဲ့တယ်လို့ မီဒီယာတွေကနေ တဆင့်ပြောပြခဲ့ဖူးပါတယ်။

“အနုပညာအလုပ်ကို စလုပ်ဖြစ်တယ်ဆိုတာကလည်း ညီမအဖေ အားပေးလို့ပေ့ါနော်။ အမေကျတော့ ပညာရေးကိုပဲ ဦးစားပေးပြီး လုပ်စေချင်တယ်။ အဖေကတော့ ညီမကို အရမ်းအလိုလိုက်တယ်။ သူကိုယ်တိုင်ကလည်း ငယ်ငယ်တုန်းက မင်းသားဖြစ်ချင်ခဲ့တာလေ။ အဲ့ဒီအတွက်ကြောင့်လည်း ညီမကို အားပေးခဲ့တာပါ” လို့ သူမက ဆိုပါတယ်။

Photo : ပိုးကြာဖြူခင် FB

ပိုးကြာဖြူခင်ဟာ အခုဆိုရင် ရုပ်သံဇာတ်လမ်းတွဲကနေ တဆင့် ပရိသတ်အားပေးမှု အခိုင်အမာရရှိလာတဲ့သူဖြစ်ပါတယ်။ သူဟာဖခင်ဖြစ်သူရဲ့ ဆုံးမစကားတွေကြောင့် ဒီထက်ပိုတော်တဲ့ သူဖြစ်အောင် ကြိုးစားမယ်လို့ Duwun media ရဲ့ အင်တာဗျူးမှာ ဖြေခဲ့ဖူးပါတယ်။

ပိုးကြာဖြူခင်ကိုတော့ ဝင်္ကဘာစံအိမ်၊ မမသိမ်နဲ့အမွေဆိုင်အိမ်၊ဥယျာဉ်မှုးဖြစ်ဖူးချင်သည် စတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်တွေ စတင်သိရှိတာဖြစ်ပါတယ်။ အဲ့ဒီနောက် မိုးကောင်းကင်အိမ်မက် ရုပ်သံဇာတ်လမ်းတွဲကနေ ပရိသတ်အားပေးမှု ပိုပိုရရှိခဲ့တာပါ။

Share

Loading Next Article...
က္က