သဒ္ဓိစစ်တစ်ယောက် ဘယ်လိုတွေ ချေမှာလဲ။

Photo: မယ်လိုဒီဖေ့စ်ဘွတ်


 

သရုပ်ဆောင်မယ်လိုဒီရဲ့ တစ်ဦးတည်းသော သားလေး သဒ္ဓိစစ်တစ်ယောက် အရမ်းကို စကားတတ်နေပြီတဲ့။ မိခင်ဖြစ်သူက ရေပတ်တိုက် အဝတ်အစားလဲ ပေးပြီး ဖိနပ်အဖြူရောင်လေးစီးခိုင်းတာကို သူ့ဘာသာသူရွေးပြီးစီးသွားတဲ့အကြောင်းကို ချစ်စနိုးနဲ့ အခုလိုရေးသားခဲ့ပါတယ်။

'' ၃နှစ်ကျော်လာတာနဲ့ NO. မစားဘူး မအိပ်ဘူး မလုပ်ဘူး ပြောတတ်လာပြီ။ ကျောင်းသွားဖို့ အမေလုပ်သူက ရေပတ်တိုက် အဝတ်အစားလဲ ပေးပြီး ဖိနပ်အဖြူလေး စီးခိုင်းတာကို သူကြိုက်တာရွေးပြီးစီးတယ်လေ။ သူရွေးတာပိုမှန်ပါတယ်။ ဖိနပ်က ရှေ့ကအဖြူ နောက်က အပြာလေး ပါတော့ ဝတ်ထားတဲ့ဘောင်းဘီအကျႌနဲ့ကွက်တိပေါ့'' လို့ဆိုပြီးတော့ မယ်လိုဒီက ဇွန်လ ၂၉ ရက်နေ့ နေ့လည် ၁၂ နာရီ ၀၃ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: မယ်လိုဒီဖေ့စ်ဘွတ်

သားလေးကိုယ်စား ဖေဖေ့အတွက် ဆုတောင်းပေးလိုက်တဲ့ မယ်လိုဒီ 

သိဒ္ဓိစစ်လေးကို ပဲစိန်၊ အချေစိန် ဆိုပြီးတော့လည်း အခုလို စနောက်ခဲ့ပါသေးတယ်။

''ဘရန်းလဲဘရန်းလေ အမေတောင်ဝယ်မစီးဘူး။ ပဲစိန် ချေစိန် Siddhi Sitt သားကကျောင်းသွား အမေက အမျိုးသမီးရေးရာ show လျှောက်ဖို့ သွား ၁၀ခွဲကတည်းက အမျိုးသားကဇာတ်ရုံက ကားလေးထိုးပြီး ထမင်းစား မုန့်စား ပုတီးစိပ် အေးအေးလူလူပါပဲ။ ၇ ရက် သားသမီး အားလုံး သက်ရှည် ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒ ပြည့်စုံ ကြပါစေရှင်'' ဆိုပြီးတော့ ထပ်မံရေးသားခဲ့ပါသေးတယ်။

Photo: မယ်လိုဒီဖေ့စ်ဘွတ်

 

သရုပ်ဆောင်အကယ်ဒမီ မယ်လိုဒီရဲ့ သားလေးကတော့ အခုဆိုရင် ၃ နှစ်ကျော်အရွယ်ရောက်နေပါပြီ။ သားလေး သိဒ္ဓိစစ်ကတော့ ဇွန်လ ၄ ရက်နေ့ကတည်းက ကျောင်းစတတ်နေရပြီလို့ သိရပါတယ်။ သားသားရဲ့ ကျောင်းသွားကျောင်းပြန် ချစ်စရာပုံရိပ်လေးတွေကိုလည်း မယ်လိုဒီက ဖေ့စ်ဘွတ်မှာ မကြာခဏတင်ဖြစ်ပါတယ်။ မွေးကင်းစကလေးအရွယ်ကနေ ဒီနေ့ အချိန်ထိ အားပေးလာကြတဲ့ သိဒ္ဓိစစ်လေးရဲ့ ပရိသတ်တွေကလည်း တစ်နေ့ထက် တစ်နေ့ အချစ်ပိုလို့နေပါတယ်။

သရုပ်ဆောင်မယ်လိုဒီနဲ့ သူ့ရဲ့ သားလေး သိဒ္ဓိစစ်တို့ရဲ့ ပျော်ရွှင်စရာကောင်းတဲ့ဓာတ်ပုံလေးတွေကို လူမှုကွန်ယက်စာ မျက်နှာပေါ်မှာ မကြာခဏဆိုသလို တင်လေ့ရှိပြီး မယ်လိုဒီကိုချစ်တဲ့ ပရိသတ်တွေကလည်း သားလေးသိဒ္ဒိစစ်အပေါ် အချစ်တွေပိုခဲ့ ရပါသေးတယ်။ မယ်လိုဒီကတော့ အခုလက်ရှိမှာ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း လက်ခံရိုက်ကူး နေပြီဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က