စွပ်စွဲခံရတာဖြစ်လို့ အဖေက မကြောက်ဖို့ အားပေးပါတယ်။

မိုးအောင်ရင်ကတော့ ဖခင်ဖြစ်သူ ဦးအောင်ရင်ရဲ့ စကားကို နားမထောင်လို့ အခုလို ဖြစ်ရပ်မျိုးတွေ ကြုံလာရတယ်လို့ ရင်ဖွင့်ပြောပြလာပါတယ်။ အမှုမှာလည်း မှန်မှန်ကန်ကန်ဖြေဆိုသွားမှာပါတဲ့။ 

မိုးအောင်ရင်ကတော့ လက်ရှိ ရင်ဆိုင်နေရတဲ့ အမှုနဲ့ ပတ်သက်ပြီး ဖခင်ဖြစ်သူက သူ့ကို စိတ်ဓာတ်မကျဖို့ အားပေးစကားပြောတယ်လို့ ဆိုပါတယ်။ ဒီအမှုမှာလည်း မှန်မှန်ကန်ကန် ဖြေဆိုသွားမယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ 



“ အဖေကတော့ မင်းဘာမှ ကြောက်စရာမလိုဘူး၊ ဒါကတော့ မင်းစွပ်စွဲခံရတာ ဘာမှ ကြောက်စရာမလိုဘူးဆိုတဲ့ စကားပဲပြောတာပါ။ ကျွန်တော်ကလည်း အရင်က ထောင်ဒဏ် တစ်သက်တစ်ကျွန်းလို၊ သေဒဏ်လောက်အထိ ပေးလို့ရတဲ့ အရာကြီးတစ်ခုကို ကျွန်တော် ကြုံခဲ့ရပြီးပြီ။ ဒီတစ်ခုက အဲဒီလောက်အထိလည်း မများဘူး။ ထောင်ထဲ ပြန်ဝင်ခဲ့ရရင်လည်း အတိတ်ကံမကောင်းခဲ့လို့ ပြန်ဝင်ရတဲ့အရာတစ်ခုကို ဘာမှ မတတ်နိုင်ခဲ့ဘူး။ အတတ်နိုင်ဆုံးတော့ တရားရုံးမှာ မှန်မှန်ကန်ကန်ဖြေဆိုဖို့ အဆင်သင့်ပါပဲ” လို့ သူကဆိုပါတယ်။

မိုးအောင်ရင်အတွက်ကတော့ ဖခင်ဖြစ်သူက အားကိုးရဆုံးသူလို့ ဆိုပါတယ်။ အဖေ့စကားကို နားမထောင်မိလို့ အခုလို ဖြစ်ရတာလို့လည်း သူက ဆိုပါတယ်။ 

“ အဖေကတော့ ကျွန်တော် အားကိုးရတဲ့သူပေ့ါနော်။ ထောင်ထဲမှာတုန်းကတည်းကလည်း ကျွန်တော် အားကိုးခဲ့ရတယ်။ အခုလည်း အားကိုးနေရတယ်။ တစ်ခုခုဆို သူ့စကားကို ကျွန်တော် နားမထောင်ခဲ့လို့ အခုလို ဖြစ်ခဲ့တယ်လို့ ကျွန်တော်မြင်တယ်။ အခုချိန်ကစပြီးတော့ အဖေ့စကားကို နားထောင်တော့မယ်လို့ ကျွန်တော် ဆုံးဖြတ်လိုက်တယ်” ဆိုပြီးတော့ ဇန်နဝါရီလ ၁၈ ရက်နေ့က Under Armour အားကစားဝတ်စုံအရောင်းခန်းမ ဖွင့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

လက်ရှိမှာတော့ မိုးအောင်ရင်ကို မိသားစုဝင်တွေက အနုပညာအလုပ် မလုပ်စေချင်တော့ဘူးလို့ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ 

“ အဖေက ကျွန်တော့်ကို နိုင်ငံခြားကို လိုက်စေချင်တယ်။ ကျွန်တော်ကမသွားချင်ဘူး။ ကိုယ့်မှာ Target ရှိတယ် သရုပ်ဆောင် အလုပ်ကို ဆက်လုပ်ချင်သေးတယ်။ ဒီကိစ္စအတွက် အရင်တုန်းကလည်း အတိုက်အခံရှိခဲ့တယ်။ အခုထိလည်း ရှိနေသေးတယ်။ အဲဒါကလွဲရင် ကျွန်တော့်ရဲ့ ဆန္ဒအတိုင်း သူတို့ လိုက်လျောပါတယ်” ဆိုပြီးတော့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

မိုးအောင်ရင်ဟာ ချစ်သူကောင်မလေးနဲ့ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း အွန်လိုင်းမီဒီယာတစ်ခုမှာ အင်တာဗျူးပြီးနောက်ပိုင်း ယခုလို တရားစွဲဆိုခြင်း ခံရတာလည်း ဖြစ်ပါတယ်။ သရုပ်ဆောင် မိုးအောင်ရင်ကို တရားစွဲဆိုထားတဲ့ ပုဒ်မ ၄၁၇ဟာ လိမ်လည်မှုပုဒ်မဖြစ်ပြီး ထောင်ဒဏ်သုံးနှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရနိုင်သည်ဟု ရာဇသတ်ကြီး ဥပဒေမှာ ပြဌာန်းထားကြောင်း သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က