နယူးကာဆယ်ကို အရေးနိမ့်အပြီး အဆင့် ၁၂ကို ရောက်သွားခဲ့ပါတယ်။

ဒီရာသီမှာ အမှတ်ပေးပွဲ ၃ပွဲမြောက်အရှုံးကို ယူနိုက်တက်က ရင်ဆိုင်ခဲ့ရပြီး အဆင့် ၁၂နေရာမှာ ရပ်တည်နေရကာ တန်းဆင်းဇုန်ကအသင်းနဲ့ ၂မှတ်သာကွာဟတော့တာဖြစ်ပါတယ်။


နယူးကာဆယ်ကို အဝေးကွင်းမှာ အရေးနိမ့်ခဲ့ပြီးနောက် ယူနိုက်တက်နည်းပြဆိုးလ်ရှားက အသင်းရဲ့ ခြေစွမ်းနဲ့ ရလဒ်တွေ ကျဆင်းနေခဲ့မှုဟာ သူ့ရဲ့တာဝန်သာဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ ဒီရာသီမှာ အမှတ်ပေးပွဲ ၃ပွဲမြောက်အရှုံးကို ယူနိုက်တက်က ရင်ဆိုင်ခဲ့ရပြီး အဆင့် ၁၂နေရာမှာ ရပ်တည်နေရကာ တန်းဆင်းဇုန်ကအသင်းနဲ့ ၂မှတ်သာကွာဟတော့တာဖြစ်ပါတယ်။

ယူနိုက်တက်အနေနဲ့ ပွဲစဉ် ၈ ပွဲကစားအပြီးမှာ သွင်းဂိုးကလည်း ၉ ဂိုးသာရှိနေခဲ့ပြီး အမြဲတမ်းနည်းပြအဖြစ် ဆိုးလ်ရှားတာဝန်ယူခဲ့တဲ့နောက်ပိုင်းမှာ စုစုပေါင်း ၁၆ပွဲကစားခဲ့ရပြီး ၁၇ မှတ်သာ ရရှိခဲ့ပါတယ်။ နယူးကာဆယ်နဲ့ပွဲကိုလည်း အရေးနိမ့်ခဲ့လို့ ယူနိုက်တက်အနေနဲ့ အဝေးကွင်းနောက်ဆုံး ၁၃ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေခဲ့ပါတယ်။




"ကျွန်တော်တို့ စိတ်ပျက်ခဲ့ရပါတယ်၊ အရေးပါတဲ့ကစားသမားတချို့ မပါဝင်နိုင်ခဲ့ပါဘူး၊ ဒါပေမယ့် အဲဒါက ဆင်ခြေပေးနေရမှာမဟုတ်ပါဘူး၊ ကစားသမားတွေအနေနဲ့ အစွမ်းကုန်အားထုတ်ခဲ့ပေမယ့် ကျွန်တော်တို့ နိုင်ပွဲရဖို့ လုံလောက်တဲ့ အခွင့်အရေးတွေကို မဖန်တီးနိုင်ခဲ့ပါဘူး၊ အသင်းတစ်သင်းအနေနဲ့ အတူတူရှိခဲ့ပေမယ့် ကျွန်တော်တို့ မဖန်တီးနိုင်ခဲ့တာပါ"

"ဒီအတွက် ကျွန်တော့်မှာ တာဝန်ရှိပါတယ်၊ လူငယ်ကစားသမားတွေက ယုံကြည်မှုနည်းပါးနေသေးပြီး သူတို့ကို ဝါရင့်ကစားသမားတွေနဲ့ ဝန်ထမ်းတွေက ကူညီပေးနိုင်ဖို့လည်း လိုအပ်ပါတယ်" လို့ ဆိုးလ်ရှားက Sky Sports နဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ်။ ယူနိုက်တက်ကတော့ နိုင်ငံတကာပွဲတွေကစားအပြီးမှာ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ လီဗာပူးလ်နဲ့ ကစားသွားရမှာ ဖြစ်ပါတယ်။

လီဗာပူးလ်ကတော့ ပရီးမီးယားလိဂ်မှာ ၁၇ ပွဲဆက်တိုက် နိုင်ပွဲကို ရယူထားတဲ့အသင်းဖြစ်ပြီး ဒီရာသီမှာ ရမှတ်အပြည့်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့အသင်းလည်းဖြစ်ပါတယ်။ ယူနိုက်တက်အတွက် ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲဖြစ်လာမှာဖြစ်ပြီး ဖိအားတွေများပြားနေတဲ့ ဆိုးလ်ရှားအတွက် အနာဂတ်ကို အဆုံးအဖြတ်ပေးလာနိုင်တဲ့ ပွဲလည်းဖြစ်လာဖွယ်ရှိနေပါတယ်။

Share

Loading Next Article...
က္က