အေတီကိုပရိသတ်တွေနဲ့ ရော်နယ်ဒိုဆိုတာက ကမ္ဘာ့ရန်ပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ အက်သလက်တီကိုမက်ဒရစ်ကို ရော်နယ်ဒို ပြောင်းရွှေ့မယ်ဆိုတဲ့ သတင်းတ​ွေထွက်လာခဲ့ပါတယ်။ အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးကို ခေါ်ယူဖို့အတွက် အေတီကိုနည်းပြဆီမြွန်နီက စိတ်ဝင်စားနေပြီး ရော်နယ်ဒိုဘက်ကလည်း သူ့ကို အာဂျင်တိုင်းလူမျိုးနည်းပြက ခေါ်ယူလိမ့်မယ်လို့ ထင်မြင်နေကြောင်း စပိန်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ 

ဒါပေမယ့်လည်း စပိန်မြို့တော်ဆီကို ပြန်သွားဖို့အတွက် ရော်နယ်ဒိုအတွက် နောက်ထပ်အတားအဆီးတခုက ရှိနေပါသေးတယ်။ အဲဒါကတော့ အေတီကိုပရိသတ်တွေပဲဖြစ်ပါတယ်။ အေတီကိုပရိသတ်တဦးဖြစ်တဲ့ ဂျိုနသန်ဖာနန်ဒက်ဇ်က Sun Sport ကို ရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး အခုလိုမျိုးပဲ ပြတ်ပြတ်သားသားပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ 

"အက်သလက်တီကိုမက်ဒရစ်ဂျာစီကို ရော်နယ်ဒို ဘယ်တော့မှမဝတ်စေရဘူး၊ ဒါက ရိုးရှင်းပါတယ်၊ သူက ပရိသတ်အားလုံးကို မထီမဲ့မြင်ပြုပြီး ရယ်မောခဲ့တဲ့ ကစားသမားတဦးပါ၊ နှစ်ပေါင်းများစွာကြာအောင် သူက ကျနော်တို့ရဲ့ ထာ၀ရရန်ဘက်အသင်းမှာ ကြယ်ပွင့်တိုက်စစ်မှူးဖြစ်ပြီး ကျနော်တို့အသင်းရဲ့ အချစ်ရဆုံးကစားသမားတွေန​ဲ့ ထိပ်တိုက်တွေ့မှုတွေမှာလည်း ပါဝင်ခဲ့တယ်"

"အက်သလက်တီကိုမက်ဒရစ်ရဲ့ ဒဿနတွေအားလုံးနဲ့ ရော်နယ်ဒိုက ဆန့်ကျင်ဘက်ဖြစ်နေတဲ့သူပါ၊ သူက အသင်းအတွက် အောင်မြင်မှုတွေ ယူဆောင်လာပေးမယ်ဆိုရင်တောင်မှပဲ ဒီခေါ်ယူမှုက တန်ဖိုးမရှိပါဘူး၊ သူ့ကိုခေါ်ယူမယ်ဆိုရင် ဂိုးတွေအများကြီးသွင်းပေးမယ်ဆိုတာ သေချာပါတယ်၊ ဒါပေမယ့် ကျနော့်အမြင်မှာတော့ အနိုင်ရမှုဆိုတာက အရာရာတိုင်းအတွက်တော့မဟုတ်ပါဘူး" လို့ ပြောဆိုသွားခဲ့ပါတယ်။ 

ရော်နယ်ဒို ရီးရဲလ်မက်ဒရစ်မှာ ကစားခဲ့စဉ်က အက်သလက်တီကိုမက်ဒရစ်အသင်းက သူ ဂိုးအများဆုံးသွင်းယူနိုင်ခဲ့တဲ့ အသင်းတသင်းအဖြစ်ရှိနေခဲ့တာပါ။ ဒါ့အပြင် အေတီကိုပရိသတ်တွေနဲ့လည်း အပြန်အလှန်အချင်းများမှုတွေ၊ အငြင်းအခုန်တွေဖြစ်ပွားခဲ့သူဖြစ်ပြီး အခုအခါမှာ သူနဲ့ သတင်းထွက်လာချိန် အေတီကိုပရိသတ်တွေက ခါးခါးသီးသီးကို ဖြစ်နေကြတာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က