ဒီနေ့မှာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ကို ကစားရတော့မှာပါ။

ဒီနေ့ကစားရမယ့် အက်သလက်တီကိုမက်ဒရစ်နဲ့ ချန်ပီယံလိဂ်ပွဲအတွက် အသင့်ပြင်ဆင်ထားတယ်လို့ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးရော်နယ်ဒိုက ပြောဆိုလိုက်ပါတယ်။ ဒီယေဂိုဆီမြွန်နီရဲ့ အသင်းနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့မှုတွေမှာ ထူးခြားကောင်းမွန်တဲ့ မှတ်တမ်းတွေပိုင်ဆိုင်ထားခဲ့တဲ့ ရော်နယ်ဒိုက မက်ဒရစ်မှာ သွားကစားရမယ့်ပွဲအတွက် စိတ်လှုပ်ရှားနေဖွယ်ရှိနေပါတယ်။

ရီးရဲလ်မက်ဒရစ်မှာ ၉ နှစ်ကြာကစားခဲ့တဲ့ ရော်နယ်ဒိုအတွက် မက်ဒရစ်ဟာ သူ့အိမ်လိုဖြစ်နေခဲ့သလို အက်သလက်တီကိုမက်ဒရစ်နဲ့ကစားခဲ့တဲ့ ပွဲတွေမှာလည်း ဂိုးတွေအများကြီးသွင်းယူနိုင်ခဲ့လို့ ဒီနေ့ညမှာလည်း သူက ဆီမြွန်နီကို ခြိမ်းခြောက်ဦးမယ်လို့ အားလုံးက ယူဆနေကြပါတယ်။ အသက် ၃၇ နှစ်အရွယ် ရော်နယ်ဒိုဟာ အေတီကိုကို ကစားသမားဘ၀မှာ ၂၅ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ 


"ကမ္ဘာပေါ်က အကောင်းဆုံးကလပ်အသင်းပြိုင်ပွဲကြီးကို ပြန်စတင်ဖို့အတွက် ပြင်ဆင်နေပါတယ်၊ သွားကြစို့" လို့ အဓိပ္ပာယ်ရတဲ့စာနဲ့အတူ လေ့ကျင့်ရေးကွင်းမှာ လေ့ကျင့်နေတဲ့ ဓာတ်ပုံတွေကို ရော်နယ်ဒိုက သူ့ရဲ့လူမှုကွန်ရက်မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ အက်သလက်တီကိုမက်ဒရစ်ကို ဟက်ထရစ် ၄ ကြိမ်သွင်းယူခဲ့ဖူးပြီး ပြိုင်ဘက်ဂိုးသမားအော့ဘလက်ခ်ကို အိပ်မက်ဆိုးတွေ မက်စေခဲ့သူလည်းဖြစ်ပါတယ်။

အော့ဘလက်ခ်ကတော့ ကစားသမားဘ၀မှာ ဟက်ထရစ် ၃ ကြိမ်သာ ခွင့်ပြုခဲ့ရသူဖြစ်ပြီး အဆိုပါသုံးကြိမ်စလုံးကို ရော်နယ်ဒိုက သွင်းယူခဲ့တာဖြစ်ပါတယ်။ ဆီဗီလာကို ၂၇ ဂိုးသွင်းပြီးရင် အေတီကိုက ရော်နယ်ဒို ဂိုးအများဆုံးသွင်းယူတာ ခံရတဲ့ အသင်းအဖြစ် ရှိနေခဲ့ပြီး ဒီနေ့ကစားရမယ့်ပွဲမှာလည်း ဒိမှတ်တမ်းတွေကို ရော်နယ်ဒို ဆက်ထိန်းနိုင်မလားဆိုတာ စောင့်ကြည့်ရတော့မှာပါ။ 

Share

Loading Next Article...
က္က