နိုင်းနိုင်းရဲ့ လက်ရှိအတွေးလေးကတော့ ဟိုအရင်ခေတ်လေးကို ပြန်ရောက်သွားချင်ပါတယ်တဲ့။ သူက လက်ရှိ မြန်မာနိုင်ငံမှာ အနုပညာအလုပ်တွေ လုပ်နေတာဖြစ်ပါတယ်။
Photo: Actor 99
နိုင်းနိုင်းတစ်ယောက် ပရိသတ်တွေကို စဉ်းစားစရာကောင်းတဲ့ ပဟေဠိလေးတစ်ခု ပြောပြလာပါတယ်။ သူကိုယ်တိုင်ကလည်း ဟိုအရင်ခေတ်ကို ရောက်သွားချင်တယ်လို့ ဆိုပါတယ်။
‘’တစ်ခါတလေ တော့လည်း...ဟိုးအရင်ခေတ်ကိုပြန်သွားချင်မိတယ်။ ကမ္ဘာကြီးက ရွာဖြစ်သွားတော့ ဘာတွေဖြစ်ကုန်ကြလဲ ချစ်သောပရိတ်သတ်များ?? စိတ်ပူပန်မှု များကင်းဝေးကြပါစေ။ Actor99’’ ဆိုပြီးတော့ ဇွန်လ ၂၆ ရက်နေ့ ည ၈ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် Black & White ပုံစံမျိုးနဲ့ ဓာတ်ပုံလေးကိုလည်း အတူတွဲတင်ခဲ့တာ တွေ့ရပါတယ်။
Photo: Actor 99
သူဟာ မိသားစုတွေနဲ့အတူ အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့မှာ နေထိုင်လေ့ရှိပြီး ရုပ်ရှင်ဇာတ်ကားရိုက်ကူးရေးနဲ့ အခြား အနုပညာနဲ့ ဆက်နွယ်တဲ့ အလုပ်ကိစ္စတွေရှိမှသာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်း အနှစ် ၂၀ကျော်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ သူ့ကိုတော့ Music Video တွေ၊ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ် စတင်သိရှိခဲ့တာပါ။ အနုပညာသက်တမ်းကြာလာတာနဲ့အမျှ ပရိသတ်များစွာတို့ရဲ့ အားပေးမှုကြောင့် အောင်မြင်မှုတစ်ခု ရရှိလာခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ သူဟာ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။
Photo: Actor 99
အဲဒီနောက်မှာတော့ ဇနီးဖြစ်သူ စန္ဒီချိုနဲ့ ၂၀၀၈ ခုနှစ်မှာ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ အခုဆိုရင်တော့ သူတို့ မိသားစုလေးဟာ သားသမီးလေးဦး ထွန်းကားလို့ နေပြီ ဖြစ်ပါတယ်။ နားလည်မှုတွေနဲ့ တည်ဆောက်ထားတဲ့ နိုင်းနိုင်းတို့ရဲ့ အိမ်ထောင်ရေးကတော့ မြင်ရသူ ပရိသတ်တွေအဖို့ကြည်နူးဖို့ကောင်း ပါတယ်။ နိုင်းနိုင်း နဲ့ စန္ဒီချိုတို့မှာ သမီး ၃ ယောက်၊ သားတစ်ယောက်ရှိပါတယ်။