အိုးထရက်ဖို့ဒ်ရဲ့ အရှိန်အဝါတွေကို ပြန်လည်တည်ဆောက်ဖို့ ရန်းနစ်ဂ် ဆန္ဒရှိနေပါတယ်။

ယူနိုက်တက်နည်းပြ ရန်းနစ်ဂ်က အက်သလက်တီကိုနဲ့ အိမ်ကွင်းအိုးထရက်ဖို့ဒ်မှာ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်တက်ရေး အဆုံးအဖြတ်မှာ အိမ်ရှင် ယူနိုက်တက်ပရိသတ်တွေ အင်တိုက်အားတိုက် အားပေးဖို့ လိုအပ်တဲ့အကြောင်း ဖွင့်ဟပြောကြားလာပါတယ်။



အရင်နည်းပြဟောင်း ဖာဂူဆန်ကိုယ်တိုင်က အိုးထရက်ဖို့ဒ်က ဥရောပရဲ့ အကောင်းဆုံးညတွေကို ဖန်တီးပေးနိုင်ခဲ့တယ်လို့ ဖွင့်ဟခဲ့ဖူးပါတယ်။ အဲ့ဒါကြောင့် ရန်းနစ်ဂ်ကလည်း သူ့ရဲ့လက်ထက်မှာ ဒါကို ပြန်လည်အကောင်အထည်ဖော်နိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။

အက်သလက်တီကိုနဲ့ ရှုံးထွက်ဒုတိယအကျော့အတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ရန်းနစ်ဂ်က “စပါးကို အနိုင်ရရှိခဲ့တဲ့ပွဲတုန်းကလိုပါပဲ။ ကျနော်တို့ရဲ့ ကစားသမားတွေ၊ ပရိသတ်တွေက ထိပ်တန်းအဆင့်မှာ ရှိနေဖို့ လိုအပ်ပါတယ်။ စပါးနည်းပြ ကွန်တီက အိုးထရက်ဖို့ဒ်ရဲ့ အနေအထားကြောင့် သူတို့ ကစားရခက်ခဲ့တယ်လို့ ပြောခဲ့တာပါ”

“ပြိုင်ဘက်နည်းပြတယောက်ရဲ့ ပွဲပြီးပြောစကားတွေထဲမှာ ဒီလိုမျိုးအပြောခံရတာက ကြီးမားတဲ့ချီးကျူးမှုတွေထဲက တခုတောင်ဖြစ်နိုင်ပါတယ်။ စပါးနဲ့ပွဲကလိုပဲ နိုင်ပွဲတွေကို ဆာလောင်နေတဲ့ အသင်းတသင်း ကျနော်တို့ဆီမှာရှိပါတယ်။ အထူးသဖြင့် ပရိသတ်တွေက အဓိကနေရာမှာရှိနေချိန်မှာပေါ့”

“ဘာဖြစ်လို့လဲဆိုတော့ ပရိသတ်တွေရဲ့ ခွန်အားကြောင့် ကစားသမားတွေက ကျနော်တို့ ဘယ်လောက်နိုင်ချင်နေလဲဆိုတာကို သတိထားမိမှာပါ။ အက်သလက်တီကိုနဲ့ပွဲမှာလည်း အလားတူပါပဲ။ ကျနော်တို့ ပရိသတ်တွေက မရှိမဖြစ် အရေးပါတဲ့နေရာမှာရှိနေပြီး အိုးထရက်ဖို့ဒ်ကလည်း သိပ်ကောင်းတဲ့ ပတ်ဝန်းကျင်တခုပါ”

“အထူးသဖြင့် ဥရောပပွဲရှိတဲ့ညတွေမှာဆို ပိုမိုက်တာပေါ့။ နောက်ဆုံးကျရင် ဒါတွေအကုန်လုံးက ကျနော်တို့အပေါ်မှာ မူတည်ပါတယ်။ ဒီအခိုက်အတန့်တွေကို ကျနော်တို့ကပဲ ဖန်တီးရမှာဖြစ်ပြီး ကျန်တာတွေကတော့ သိပ်ကိုအားရဖို့ကောင်းတဲ့ ပရိသတ်တွေဆီက လာပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ 

Share

က္က