နေရဲဟာ ဖခင်ဖြစ်သူရဲ့ ဆုံးမစကားတွေအောက်မှာနေထိုင်ရင်း ဝါသနာပါတဲ့ အနုပညာအလုပ်တွေ ကြိုးစားနေပါတယ်တဲ့။ အဖေတူသား တစ်ယောက်ဖြစ်စေရမယ်လို့ ဆိုပါတယ်။
Photo: Nay Ye
နေရဲကတော့ ဇာတ်ပို့သရုပ်ဆောင် ခင်လှိုင်ရဲ့ သားအလတ် ဖြစ်ပါတယ်။ သူဟာ အခုဆိုရင် သရုပ်ဆောင်တစ်ယောက်ဖြစ်လို့နေပါပြီ။ အခုချိန်ထိလည်း ဖခင်ဖြစ်သူရဲ့ ဆုံးမ စကားတွေကို ရင်ထဲမှာ မှတ်ထားနေတုန်းပါပဲလို့ သူကဆိုပါတယ်။
‘’အလုပ်တွေမအားတာရယ်၊ အဖေကလဲ မအားတာရယ်နဲ့ မိသားစုတွေ မဆုံတာတော်တော်လေးကြာပြီ။ မနေ့က အဖေ ခရီးကပြန်ရောက်ရောက်ချင်း စကားတွေပြောလိုက်တာ မနက်မိုးလင်းခါနီးသွားတယ်။ အဖေပြောပြတဲ့ ဆုံးမတဲ့စကားတွေ သားထပ်ပြီးမှတ်ထားပါ့မယ်’’ ဆိုပြီးတော့ ဇူလိုင်လ ၂၈ ရက်နေ့ည ၁၁ နာရီ ၅၉ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
Photo: Nay Ye
နေရဲဟာ အခုဆိုရင် အသက် ၂၀ ကျော်အရွယ်သာဖြစ်ပါသေးတယ်။ သူဟာ ဖခင်လိုပဲ အနုပညာအလုပ်အပေါ် ရူးသွပ်တဲ့လူ ဖြစ်တာကြောင့် အဖေတူသားတစ်ယောက်ဖြစ်စေရမယ်လို့ ဆိုပါတယ်။
‘’ငယ်ငယ်လေးကတည်းက အဖေအိမ်မှာတစ်ယောက်ထဲအိပ်မပျော်လို့ဘီယာသောက်နေရင် ဘေးမှာအမြည်းစားရင်း အဖေ့ကိုအဖော်ပြုပြီး အဖေ့ရဲ့အတွေးခေါ်တွေ နားထောင်ရင်းနေလာခဲ့တာ ကျွန်တော်အခုဆို၂၅ပြည့်တော့မယ်။ အဖေ့စကားတွေ သားအမြဲနာခံ လိုက်နာပါတယ်။ အဖေတူသားဖြစ်စေရပါမယ်။ အဖေ့ဆုံးမစကား တွေကသားအတွက်တော့ အဖေပြောပြထားတဲ့ "မြတ်နိုးခြင်း တန်ဖိုးပါ" လို့လည်း ဆက်လက် ပြောပြထားပါသေးတယ်။
Photo: Nay Ye
နေရဲကိုတော့ အခုဆိုရင် ခင်လှိုင်ရဲ့သားအဖြစ် ပရိသတ်တွေ စတင်သိရှိလာပြီဖြစ်ပါတယ်။ လက်ရှိမှာလည်း သူတစ်ယောက်တည်းဖြစ်စေ၊ ဖခင်ဖြစ်သူနဲ့ ဖြစ်စေ ရုပ်ရှင်ဇာတ်ကားတွေ၊ ဇာတ်လမ်းတွဲတွေ ရိုက်ကူးနေရတာကိုလည်း တွေ့ရပါတယ်။ နေရဲကိုတော့ အက်ရှင်ဇာတ်ကား၊ အချစ်ဒရာမာ ဇာတ်ကားတော်တော်များများမှာ တွေ့ရတတ်ပါတယ်။ သူဟာ ပရိသတ်အချစ်တော်မလေး သဇင်ထူးမြင့်ရဲ့ အစ်ကိုအရင်းတစ်ယောက်လည်းဖြစ်ပါတယ်။